ေသြးလြန္တုပ္ေကြးအႏၲရာယ္
မိုးတြင္းစၿပီဆိုေတာ့ ေသြးလြန္တုပ္ေကြးဆိုတာက မိဘေတြအေၾကာက္ဆုံးရန္သူဆိုရင္ မမွားပါဘူးေနာ္။ ေဆး႐ုံ ေဆးခန္းမွာလည္း ဒီေရာဂါက စိန္ေခၚမႈတစ္ခု ပါပဲ။ ကေလးက အဖ်ားက်သြားေပမယ့္ ေသြးေပါင္က်ၿပီး မူးတယ္၊ မွိန္းတယ္ အန္တယ္။ အဖ်ားက်ၿပီးလည္း ကေလးကို ေစာင့္ၾကည့္ အကဲခတ္ဖို႔လိုပါေသးတယ္ေနာ္ ။ အဖ်ားက်ရင္ မိဘလည္း ေပါ့သြားတတ္တယ္၊ ဆရာဝန္၊ ဆရာမကလည္း ေပါ့သြားတတ္တယ္။
ကေလးေတြရဲ႕သဘာဝအရ ပုံမွန္ဆိုရင္ အဖ်ားက်သြားရင္ ေဆာ့ကစားရမယ္၊ စားရမယ္၊ အဲ့ဒီလို မဟုတ္ဘဲ မေဆာ့ဘူး၊ မစားဘူး၊ မွိန္းတယ္ဆိုရင္ ပိုအေရးႀကီးတဲ့ အဆင့္ကို ေရာက္သြားၿပီဆိုတာ သိရပါမယ္။ အဖ်ားတအားႀကီးတယ္၊ မွိန္းတယ္၊ အန္တယ္၊ ေခါင္းကိုက္တယ္။ တစ္ခါတေလ ဗိုက္နာတတ္တယ္။ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္လို႔ ေခ်ာင္းဆိုးတာ၊ ႏွာေစးတာေတြလည္း တစ္ခါတေလရွိႏိုင္ပါတယ္။ဘယ္လိုအခ်ိန္အခါမွာပဲျဖစ္ျဖစ္ ကေလးက အဖ်ားႀကီးတယ္၊ မွိန္းတယ္၊ မလန္းဆန္းဘူးဆိုရင္ ေသြးလြန္တုပ္ေကြးျဖစ္ႏိုင္ေၾကာင္း သတိထားဖို႔လိုပါတယ္။ တစ္ျခားေသာ ေရာဂါေတြနဲ႔ ဆင္တူတာေၾကာင့္ ပိုၿပီးသတိထားရပါတယ္။
ကေလး မွိန္းတယ္၊ အစားအေသာက္၊ ေရကအစ ဘာမွမဝင္ဘူး။ ဆက္တိုက္ အန္ေနတယ္ဆိုရင္လည္း အႏၲရာယ္လကၡဏာပါပဲ။ အဓိကက ဒီအႏၲရာယ္လကၡဏာေတြရွိရင္ လူနာက ေဆး႐ုံမွာပဲ ရွိသင့္ပါတယ္။တစ္ႏွစ္ေအာက္ ကေလးမွာ သံသယရွိခဲ့ရင္၊ ဒါမွမဟုတ္ ေသြးလြန္တုပ္ေကြးျဖစ္ေနရင္ ေဆး႐ုံတင္ပါ။ ေနာက္အဝလြန္တဲ့ ကေလးေတြအေနနဲ႔လည္း အႏၲရာယ္လကၡဏာ မရွိခင္မွာ ေဆး႐ုံတင္သင့္ပါတယ္။
ေဆး႐ုံနဲ႔ေဝးတယ္ သြားလာေရး ခက္ခဲတဲ့ေနရာေတြမွာ ေနထိုင္တဲ့ ကေလးေတြက ညအခ်ိန္မေတာ္မွာ ေသြးလန႔္ရင္ ေဆး႐ုံကိုအခ်ိန္မီေရာက္ဖို႔ ခက္ခဲတာေၾကာင့္ ဒီလိုကေလးေတြကိုလည္း ေဆး႐ုံတင္ထားသင့္ပါတယ္။ေသြးလြန္တုပ္ေကြး ကုသရတာက တကယ္လက္ဝင္ပါတယ္။ ေသြးလန႔္ၿပီဆိုရင္ တစ္နာရီတစ္ခါ အခ်ိန္ညႇိၿပီး လုပ္ရမွာမို႔ လူနာကို ၂၄ နာရီ ေစာင့္ၾကည့္ႏိုင္တဲ့ ေဆး႐ုံျဖစ္ရမယ္။ ေသြးနဲ႔ ေသြးရည္ၾကည္ေပးႏိုင္တဲ့ ေနရာျဖစ္ရမယ္။ ေသြးစစ္ေဆးႏိုင္တဲ့ ေဆး႐ုံေဆးခန္းမွာ တင္ထားရမယ္။
က်န္းမာၾကပါေစ
Dr Lynn
(Unicode)
သွေးလွန်တုပ်ကွေးအန္တရာယ်
မိုးတွင်းစပြီဆိုတော့ သွေးလွန်တုပ်ကွေးဆိုတာက မိဘတွေအကြောက်ဆုံးရန်သူဆိုရင် မမှားပါဘူးနော်။ ဆေးရုံ ဆေးခန်းမှာလည်း ဒီရောဂါက စိန်ခေါ်မှုတစ်ခု ပါပဲ။ ကလေးက အဖျားကျသွားပေမယ့် သွေးပေါင်ကျပြီး မူးတယ်၊ မှိန်းတယ် အန်တယ်။ အဖျားကျပြီးလည်း ကလေးကို စောင့်ကြည့် အကဲခတ်ဖို့လိုပါသေးတယ်နော် ။ အဖျားကျရင် မိဘလည်း ပေါ့သွားတတ်တယ်၊ ဆရာဝန်၊ ဆရာမကလည်း ပေါ့သွားတတ်တယ်။
ကလေးတွေရဲ့သဘာဝအရ ပုံမှန်ဆိုရင် အဖျားကျသွားရင် ဆော့ကစားရမယ်၊ စားရမယ်၊ အဲ့ဒီလို မဟုတ်ဘဲ မဆော့ဘူး၊ မစားဘူး၊ မှိန်းတယ်ဆိုရင် ပိုအရေးကြီးတဲ့ အဆင့်ကို ရောက်သွားပြီဆိုတာ သိရပါမယ်။ အဖျားတအားကြီးတယ်၊ မှိန်းတယ်၊ အန်တယ်၊ ခေါင်းကိုက်တယ်။ တစ်ခါတလေ ဗိုက်နာတတ်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လို့ ချောင်းဆိုးတာ၊ နှာစေးတာတွေလည်း တစ်ခါတလေရှိနိုင်ပါတယ်။ဘယ်လိုအချိန်အခါမှာပဲဖြစ်ဖြစ် ကလေးက အဖျားကြီးတယ်၊ မှိန်းတယ်၊ မလန်းဆန်းဘူးဆိုရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်ကြောင်း သတိထားဖို့လိုပါတယ်။ တစ်ခြားသော ရောဂါတွေနဲ့ ဆင်တူတာကြောင့် ပိုပြီးသတိထားရပါတယ်။
ကလေး မှိန်းတယ်၊ အစားအသောက်၊ ရေကအစ ဘာမှမဝင်ဘူး။ ဆက်တိုက် အန်နေတယ်ဆိုရင်လည်း အန္တရာယ်လက္ခဏာပါပဲ။ အဓိကက ဒီအန္တရာယ်လက္ခဏာတွေရှိရင် လူနာက ဆေးရုံမှာပဲ ရှိသင့်ပါတယ်။တစ်နှစ်အောက် ကလေးမှာ သံသယရှိခဲ့ရင်၊ ဒါမှမဟုတ် သွေးလွန်တုပ်ကွေးဖြစ်နေရင် ဆေးရုံတင်ပါ။ နောက်အဝလွန်တဲ့ ကလေးတွေအနေနဲ့လည်း အန္တရာယ်လက္ခဏာ မရှိခင်မှာ ဆေးရုံတင်သင့်ပါတယ်။
ဆေးရုံနဲ့ဝေးတယ် သွားလာရေး ခက်ခဲတဲ့နေရာတွေမှာ နေထိုင်တဲ့ ကလေးတွေက ညအချိန်မတော်မှာ သွေးလန့်ရင် ဆေးရုံကိုအချိန်မီရောက်ဖို့ ခက်ခဲတာကြောင့် ဒီလိုကလေးတွေကိုလည်း ဆေးရုံတင်ထားသင့်ပါတယ်။သွေးလွန်တုပ်ကွေး ကုသရတာက တကယ်လက်ဝင်ပါတယ်။ သွေးလန့်ပြီဆိုရင် တစ်နာရီတစ်ခါ အချိန်ညှိပြီး လုပ်ရမှာမို့ လူနာကို ၂၄ နာရီ စောင့်ကြည့်နိုင်တဲ့ ဆေးရုံဖြစ်ရမယ်။ သွေးနဲ့ သွေးရည်ကြည်ပေးနိုင်တဲ့ နေရာဖြစ်ရမယ်။ သွေးစစ်ဆေးနိုင်တဲ့ ဆေးရုံဆေးခန်းမှာ တင်ထားရမယ်။
ကျန်းမာကြပါစေ
Dr Lynn