fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လေဖြတ်ခြင်းကင်းဝေးစေဖို့

271
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/08/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်တွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနဲ့ပတ်သက်ပြီး ပိုမိုဆွေးနွေးလေ့ရှိကြပါတယ်။ လူတစ်ယောက်သည် ခြေလက်ထုံကျင်လာတာမျိုး၊ ထိုင်းမှိုင်းပြီး မလှုပ်ချင်ဖြစ်လာတာမျိုးဆိုလျှင် လေဖြတ်တော့မလားဆိုပြီး စိုးရိမ်မိကြပါလိမ့်မယ်။ ဒါကြောင့် ဒီလိုစိုးရိမ်မှုလေးတွေကို ရှင်းလင်းစေဖို့ လေဖြတ်ခြင်း၏သဘောသဘာဝ၊ လေဖြတ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများနဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးပါရစေ….

လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်၏အစိတ်အပိုင်း တစ်ချို့ဆီသို့ သွေးလည်ပတ်စီးဆင်းမှု ပြတ်တောက်ခြင်း(သို့) လျော့နည်းခြင်းကြောင့် ဦးနှောက်အတွင်းရှိ တစ်သျှူးများဆီသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ မရောက်ရှိနိုင်တော့ပါဘူး။ ထိုအခါ ဦးနှောက်အတွင်းရှိ ဆဲလ်များမှာ မိနစ်ပိုင်းအတွင်းတွင် သေဆုံးရပါတယ်။ ဒီလိုဖြစ်စဉ်ကို လေဖြတ်ခြင်းလို့ခေါ်ဆိုနိုင်ပါတယ်။ လေဖြတ်ခြင်းသည် အသက်အန္တရာယ်ရှိသော ရောဂါဖြစ်သောကြောင့် အချိန်မီဆေးကုသမှု ခံယူပါက ဦးနှောက်သေခြင်းကို လျော့ချစေနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများ မပေါ်လာနိုင်အောင်လည်း ကာကွယ်နိုင်ပါတယ်။

လေဖြတ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ–
(၁)ဦးနှောက်သွေးကြောပိတ်ဆို့ခြင်း( Ischaemic Stroke)
(၂)ဦးနှောက်ထဲရှိ သွေးကြောများပေါက်ခြင်းကြောင့်လေဖြတ်ခြင်း (Hemorrhagic Stroke) တို့ဖြစ်ပါသည်။

ဦးနှောက်သွေးကြောပိတ်ဆို့ခြင်း( Ischaemic Stroke)

ဒီလိုပိတ်ဆို့ခြင်းမှာ ၂ပိုင်းရှိပါတယ်။

– Thrombotic Strokeဟုခေါ်သော ဦးနှောက်ကို အဓိကပေးနေသော သွေးကြောများတွင် သွေးခဲပိတ်ဆို့နေခြင်းနှင့်

– Embolic Strokeဟုခေါ်သော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာမှ သွေးခဲသည်ပြုတ်ထွက်ကာ သွေးစီးဆင်းရာလမ်းကြောင်းမှတစ်ဆင့် ဦးနှောက်ထဲရှိသွေးကြောများဆီသို့ရောက်ကာ ပိတ်ဆို့ခြင်း စသည်တို့ဖြစ်ပါတယ်။

ဦးနှောက်ထဲရှိ သွေးကြောများပေါက်ခြင်းကြောင့်လေဖြတ်ခြင်း (Hemorrhagic Stroke)

– ဦးနှောက်အတွင်းရှိ သွေးကြောများပေါက်ရခြင်းအကြောင်းအရာများမှာ-

– သွေးတိုးရောဂါ သေချာကုသထားခြင်းမရှိခြင်း (သို့)သွေးတိုးနေမှန်းမသိခြင်းတို့ကြောင့် ရုတ်တရက် သွေးဖိအား မြင့်တက်လာကာ ဦးနှောက်သွေးကြောပေါက်ခြင်း

– သွေးကျဲဆေးသောက်နေသူများ

– သွေးကြောနံရံများလျော့ရဲခြင်းကြောင့် သွေးကြောပေါက်ခြင်း စသည်တို့ဖြစ်ပါတယ်။

ဦးနှောက်ရှိသွေးကြောများပေါက်ခြင်းမှာလည်း ၂မျိုးရှိပါတယ်။ ဦးနှောက်အတွင်းတစ်နေရာရှိ သွေးကြောများပေါက်ခြင်း (Intracerebral haemorrhage) နှင့် ဦးခေါင်းခွံနှင့် ဦးနှောက်အမြှေးပါးကြားရှိ သွေးကြောများပေါက်ခြင်း (Subarachnoid haemorrhage)တို့ဖြစ်ပါတယ်။

Transient Ischaemic Attackဟုခေါ်သော ရုတ်တရက်လေဖြန်းခြင်းသည်လည်း လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

လေဖြတ်ခြင်းဖြစ်နိုင်သောသူများမှာ

– အဝလွန်သူများ

– ကိုယ်လက်လှုပ်ရှားမှုမရှိသူများ

– အရက်အလွန်အကျွံသောက်သူများ၊ မူးယစ်ဆေးဝါးသုံးစွဲနေသူများနှင့် ဆေးလိပ်သောက်သုံးသူများ

– သွေးတိုးရောဂါရှိသူများနှင့် ဆီးချိုသွေးချိုရောဂါရှိသူများ

– သွေးတွင်း အဆီဓာတ်များနေသူများနှင့် နှလုံးရောဂါရှိသူများ

– လေဖြန်းခဲ့ဖူးသောသူများ၊ လေဖြတ်ခဲ့ဖူးသူများ စသည်တို့ဖြစ်ပါတယ်။

လေဖြတ်ခြင်းဟု သတ်မှတ်နိုင်သော လက္ခဏာများမှာ-

– မျက်နှာတစ်ခြမ်းရွဲ့ခြင်း၊ စကားပီသစွာမပြောနိုင်ခြင်း၊ မျက်စိ တစ်ဖက်(သို့) နှစ်ဖက်လုံး ကြည့်ရတာ ပြာခြင်း၊မှုန်ဝါးနေခြင်း၊ လမ်းမလျှောက်နိုင်တော့ခြင်း၊ ကိုယ်လက် တစ်ခြမ်း ထုံကျင်ပြီး လှုပ်မရခြင်း၊ အလွန်အမင်း ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်ပါတယ်။

လေဖြတ်ခြင်းမဖြစ်စေဖို့ ကာကွယ်နိုင်ရန် နည်းလမ်းများကိုလည်း တိတိကျကျ လိုက်နာသင့်ပါတယ်။ ၎င်းတို့မှာ-

– ပုံမှန်သွေးပေါင်ချိန်ပေးပါ။

လေဖြတ်ခြင်းဖြစ်ရသည့်အကြောင်းရင်းများထဲတွင် သွေးတိုးရောဂါသည်လည်း အကြောင်းရင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ပုံမှန်သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးတိုးရောဂါရှိနေလျှင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ဆေးပုံမှန်သောက်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ သို့မှသာ လေဖြတ်ခြင်းဆိုတဲ့ အန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အရင် လေဖြတ်ဖူးတဲ့သူများကလည်း သွေးပေါင်ချိန်ကို ပုံမှန်အတွင်းရှိအောင် ထိန်းပေးဖို့လည်း လိုအပ်ပါတယ်။

– အဆီအစိမ့်များကို လျှော့စားပါ။

အဆီအစိမ့်များပါဝင်သော အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ သို့မှသာ သွေးကြောထဲတွင် သွေးခဲပိတ်နိုင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

– ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းသည် လေဖြတ်ခြင်းကို ပိုမိုဖြစ်စေပါတယ်။ ဒါ့အပြင် မိမိပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သူများ ရှိပါကလည်း ဆေးလိပ်ဖြတ်ဖို့တိုက်တွန်းပါ။ ကိုယ်တိုင် ဆေးလိပ်မသောက်သော်ငြား သူများဆေးလိပ်သောက်ခြင်းမှ ဆေးလိပ်အငွေ့များကို အမြဲရှူမိနေပါကလည်း လေဖြတ်နိုင်ပါတယ်။

– ဆီးချိုသွေးချိုရောဂါ ရှိပါက သေချာဆေးကုမှုခံယူပါ။

ဆီးချိုသွေးချိုရောဂါကို မထိန်းပါက လေဖြတ်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို ထိန်းသိမ်းသင့်သလို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးများကိုလည်း ပုံမှန်သောက်သုံးသင့်ပါတယ်။

– ကိုယ်အလေးချိန်ကို ထိန်းပါ။

အဝလွန်ခြင်းဖြင့် နောက်ဆက်တွဲရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် နှလုံးရောဂါ စသည်တို့ ဖြစ်လာနိုင်ပြီး နောက်ဆုံး လေဖြတ်သည်အထိ အန္တရာယ်ရှိပါတယ်။ ပျမ်းမျှ ၁၀ပေါင်ခန့်ကျအောင် ပြုလုပ်ပေးခြင်းဖြင့် သွေးတွင်းအဆီဓာတ်ကို လျှော့ချနိုင်ပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းလာနိုင်ပါလိမ့်မယ်။

– သန့်ရှင်းလတ်ဆတ်သော အသီးအရွက်များကို နေ့စဉ်စားသုံးပါ။

မိမိ တစ်နေ့တာ စားသုံးသော အစားအစာများတွင် အသီးအရွက်များ ပါနေဖို့ လိုအပ်ပါတယ်။ နေ့စဉ် အသီးအရွက်များများ စားပေးခြင်းသည် ကျန်းမာစေပြီး လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

– ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။

တစ်နေ့လျှင် နာရီဝက်မျှ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

– အရက်လျှော့သောက်ပါ။

နေ့စဉ်ရက်ဆက် တစ်နေကုန် အရက်သောက်ခြင်းသည် လေဖြတ်စေနိုင်ပါတယ်။ သို့သော် တစ်နေ့ အရက်တစ်ခွက်သောက်သုံးပေးခြင်းက အသင့်တော်ဆုံးလို့ ဆိုပါတယ်။ ထို့ကြောင့် အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

– မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
မူးယစ်ဆေးဝါးများသည် သွေးစီးဆင်းမှုကို လျော့နည်းစေပြီး သွေးကြောများကို ကျဉ်းစေပါတယ်။ ထိုသို့နည်းလမ်းများဖြင့် လေဖြတ်စေနိုင်ပါတယ်။

အထက်ပါအကြောင်းအရာများကို သေချာနားလည် မှတ်သားပြီး လေဖြတ်ခြင်းမဖြစ်စေရန် ကာကွယ်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ

Dr.သီတာလှိုင် (ဆေး-၂)

Previous Post

သွေးမသွင်းခင် ဖတ်စေချင်

Next Post

သင်စားနေတာ ကင်ဆာတွေလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
830
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်စားနေတာ ကင်ဆာတွေလား?

အားလပ်ရက် တွေဟာ ကျန်းမာရေးအတွက် ဘာကြောင့် အရေးပါသလဲ

အဆီကျိတ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.