fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သွေးမသွင်းခင် ဖတ်စေချင်

1
VIEWS
Share on FacebookShare on Twitter
01/08/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

သွေးမသွင်းခင် ဖတ်စေချင်

ဆရာဝန်က မိမိလူနာကို သွေးသွင်းရမည်ဟုဆိုလိုက်သည်နှင့် ဘာလို့သွင်းရတာလဲ?သွေးသွင်းတော့လည်းသွေးအပစ်ထုပ်။သွေးရည်ကြည်။လတ်ဆတ်သောသွေးစသည်ဖြင့်ဆရာဝန်က ရှင်းပြသည်ကိုလည်းနားမလည်ကြပါ။သွေးသွင်းနေစဉ်နှင့်သွေးသွင်းပြီးဖြစ်တတ်သောဆိုးကျိုးများရှင်းပြသော်လည်းသေချာနားမလည်ဘဲ လူနာရှင်အများစုသည် သွေးသွင်းရန်လက်ခံတတ်ကြပါတယ်။

(1)သွေးသွင်းခြင်းဆိုသည်မှာ?
သွေးသွင်းခြင်းသည် လူနာကိုယ်ခန္ဓာသည် ရောဂါ သို့မဟုတ် ထိခိုက်မူကြောင့် သွေးလိုအပ်မူကိုဖြည့်တင်းခြင်းကိုဆိုလိုပါတယ်။အသေးစိတ်အနေဖြင့် သွေးအတွင်း ရှိသင့်သော သွေးဆဲလ်အမျိုးအစားလိုအပ်ချက်ပေါ်မူတည်ရျ် ဖြည့်ဆည်းပေးရပါတယ်။သွေးသွင်းရာတွင် လူတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်ပေါ်မူတည်ရျ် မည်မျှသွင်းသင့်သည်ကို တာဝန်ကျဆရာဝန်မှဆုံးဖြတ်ပေးပါတယ်။သွေးသွင်းမူကြာမြင့်ချိန်သည် သွင်းရသောသွေးအမျိုးအစားပေါ်မူတည်ရျ် တနာရီမှ၄နာရီအတွင်းဖြစ်ပါတယ်။

(2)အဘယ်ကြောင့်သွေးသွင်းရသလဲ?
သွေးသွင်းကုသရခြင်းသည် လူနာရဲ့အခြေအနေပေါ်မူတည်ရျ် အကြောင်းရင်းများစွာရှိပါတယ်။အဆိုပါအကြောင်းရင်းများစွာထဲမှ အချို့မှာ
-အကြီးစားခွဲစိတ်မူပြုလုပ်ခြင်း သို့မဟုတ် ပြင်းထန်ဒဏ်ရာကြောင့်သွေးထွက်များခြင်း
-အစာအိမ်နှင့်အူလမ်းကြောင်းရှိအနာမှသွေးထွက်ခြင်း
-သွေးအားနည်းမူဖြစ်စေသော သွေးရောဂါနှင့်ကျောက်ကပ်ရောဂါဖြစ်ခြင်း
-ကင်ဆာရောဂါအတွက် ဓာတ်ကင်ခြင်းနှင့်ဆေးသွင်းကုသမူခံယူနေရခြင်း
-သွေးရောဂါအမျိုးမျိုးနှင့်အသဲရောဂါဖြစ်ခြင်း
-သွေးလွန်တုပ်ကွေးရောဂါကြောင့် သွေးအားနည်းခြင်း စသည့်အခြေအနေများတွင်သွေးသွင်းကုသရန်လိုအပ်ပါတယ်။

(3)သွေးသွင်းရန် သွေးအမျိုးအစားများ
သွေးသွင်းကုသရန်လိုအပ်လာသောအခါ ပထဦးစွာ လူနာရဲ့သွေးအမျိုးအစားတိကျသေချာရန် အထူးအရေးကြီးသွေးစစ်ရပါတယ်။မဟုတ်ပါက သွေးသွင်းလျှင်ဓာတ်မတည့်မူပြသနာများဖြစ်မှာသေချာပါတယ်။လူနာကို သွေးအမျိုးအစား(A;B;O;AB)နှင့် Rh (အပေါင်း or အနုတ်)စစ်ဆေးရပါတယ်။လူနာရဲ့သွေးအမျိုးအစားသိလျှင် သွေးအလှူရှင်ကို ထပ်မံသေချာစေရန်သွေးအမျိုးအစားအပြင်သွေးကြောင့်ကူးစက်နိုင်သောရောဂါပိုးကင်းစင်မူရှိမရှိ ထပ်မံစစ်ဆေးရပါတယ်။သွေးအမျိုးအစားတူစေကာမူ Rh အပေါင်းကို Rhအပေါင်း။အနုတ်ကိုအနုတ် ပဲသွင်းရပါတယ်။

(4)သွေးသွင်းရသည့်အမျိုးအစားများ
သွေးသွင်းရန်ဆိုသော်ငြားလည်း ဆရာဝန်က လိုချင်သောသွေးပုံစံကိုရှင်းပြသေည်လည်းနားမလည်ကြပါ။သွေးသွင်းရာတွင်အောက်ပါအတ်ုင်းအမျိုးအစားကွဲပြားခြားနားပါတယ်။
(a)သွေးအားနည်းခြင်းလို့ခေါ်တဲ့ဟေမိုဂလိုဘင်တစ်မျိုးတည်းနည်းလျှင်  (red blood cell)လို့ခေါ်တဲ့သွေးအပစ်ကိုသွေးလေ့ရှိပါတယ်။
(b)သွေးခဲစေသောဆဲလ် plateletနည်းသောအခါ PRPလို့ခေါ်တဲ့သွေးရည်ကြည်ကိုသွင်းလေ့ရှိပါတယ်။ဥပမာသွေးလွန်တုပ်ကွေးရောဂါ
(c)သွေးခဲစေသောပရိုတင်းများလိုအပ်နေသောအခါ plasmaလို့ခေါ်တဲ့သွေးရည်ကြည်သွင်းရလေ့ရှိပါတယ်။ဥပမာ သွေးထွက်လွန်ခြင်းနှင့်အသဲရောဂါ
(d)သွေးဖြူှုဥ။ဟေမိုဂလိုဘင်။သွေးခဲစေသောဆဲလ်စသည်ဖြင့်အားလုံးလိုအပ်သောအခါ whole bloodလို့ခေါ်တဲ့သွေးအိတ်ကိုသွင်းလေ့ရှိပါတယ်၊။
လူနာသည် မည်သည့်အမျိုးအစားသွင်းသင့်သည်ကို တာဝန်ကျဆရာဝန်မှ စမ်းသပ်တွေ့ရှိချက်ပေါ်မူတည်ရျ် ဆုံးဖြတ်ပေးမူကို လိုက်နာသင့်ပါတယ်။သွေးသွင်းသည့်ပုံစံကတော့ လူနာတဦးနဲ့တဦးအခြေအနေပေါ်မူတည်ရျ် အနည်းငယ်ခြားနားနိုင်ပါတယ်။

(5)သွေးသွင်းနေစဉ်ဖြစ်ပေါ်လာန်ုင်သောအခြေအနေများ
-ဖျားခြင်း
သွေးသွင်းနေစဉ်နှင့်သွေးသွင်းပြီး တနာရီမှ၆နာရီအတွင်းကိုယ်ပူလာနိုင်ပါတယ်။ခံစားမူဝေဒနာဆိုးလာပါက ဆရာဝနါကိုအမြန်အကြောင်းကြားပါ။
-ဓာတ်မတည့်မူဖြစ်ခြင်း
သွေးအမျိူးအစားမှန်ကန်စွာသွင်းသော်ငြားလည်း ယားခြင်း။အဖိန့်ထခြင်းစသည့်ဓာတ်မတည့်မူများဖြစ်လာနိုင်ပါတယ်။
-သွေးဆဲလ်ပျက်စီးခြင်း
သွေးမတည့်မူကြောင့် မိမိသွေးဆဲလ်များပျက်ဆီးကာ ကိုယ်ပူခြင်း။ချမ်းတုန်ခြင်း။အန်ခြင်း။ရင်ဘတ်အောင့်ခြင်းစသည်တို့အပြင်ဆီးအရောင် မည်းလာသည်အထိဖြစ်နိုင်ပါတယ်။
-သွေးမတည့်မူဖြစ်ခြင်း
သွေးစသွင်းသည်နှင့် ဓာတ်မတည့်မူကြောင့် မျက်နှာနှင့်လည်ပင်းရောင်ရမ်းလာခြင်း။အသက်ရူကျပ်ခြင်းနှင့်သွေးပေါင်ကျခြင်းစသည်တို့ ရုတ်တရက်ချက်ချင်းဖြစ်လာနိုင်ပါတယ်။
အထက်ပါလက္ခဏာများဖြစ်လာနိုင်မူသည် သွေးစသွင်းသည့် မိနစ်အနည်းငယ်ကြာရုံနှင့်ဖြစ်လာနိုင်သည့်အပြင်အသက်အန္တရာယ်ထိခိုက်သည်အထိဆိုးရွားလာနိုင်ပါတယ်။ထို့ကြောင့်အဆိုပါလက္ခဏာများဖြစ်ပေါ်လာပါက တာဝန်ကျဆရာဝနါကိုအမြန်ဆုံးအကြောင်းကြားသင့်ပါတယ်။

(6)သွေးသွင်းခြင်းကြောင့်ကူးစက်နိုင်သောရောဂါပိုးများမှာ
-ခုခံအားကျဆင်းသည့်ရောဂါပိုး (HIV)
-အသည်းရောင်အသားဝါ ဘီပိုး။စီပိုး
-ကာလသားရောဂါပိုးများအပြင်အခြားသောဗိုင်းရပ်ပိုးများဖြစ်ပါတယ်။ထို့ကြောင့်သွေးမသွင်းမှီသွေးအလှူရှင်ကို ရောဂါပိုးရှိမရှိ အချိန်ယူစစ်ဆေးသင့်ပါတယ်။

Dr.ပြည့်ရှင်း

Previous Post

စတော်ဘယ်ရီသီးအကြောင်း

Next Post

လေဖြတ်ခြင်းကင်းဝေးစေဖို့

1
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

10 hours ago

ကလေးများအတွက် အာဟာရဓါတ်၏အရေးပါပုံ

11 hours ago

ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

19 hours ago

သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

20 hours ago

သက်သတ်လွတ်စားသောသူများတွင် သံဓာတ်ချို့တဲ့ခြင်းမှ ဘယ်လိုကာကွယ်မလဲ။

20 hours ago

ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

20 hours ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သားသားမီးမီးတို့အတွက် အရေးပါသည့် သံဓာတ်။

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံံဓာတ်စုပ်ယူခြင်းကို အားပေးသော အစားအစာများ

    0 shares
    Share 0 Tweet 0
  • သံဓာတ်ချို့တဲ့သော မိခင်များတွင်တွေ့ရသော ရောဂါလက္ခဏာများ။

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်ကျန်းမာရေးအတွက် သံဓာတ်၏ကောင်းကျိုးများအကြောင်း။

    0 shares
    Share 0 Tweet 0
  • ခွဲစိတ်ထားသော ဒဏ်ရာအနာများကို ကုသနည်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
Next Post

လေဖြတ်ခြင်းကင်းဝေးစေဖို့

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In