ပ
ပါးစပ်ထဲမှာ ဘာလို့ ချဉ်
လူတိုင်းနီးပါး တစ်ခါတစ်လေမှာ အစားတစ်ခုခုစားပြီးရင် ပါးစပ်ထဲမှာ ချဉ်နေတာမျိုး ဖြစ်တတ်ပါတယ် တစ်ချို့လည်း ခဏနဲ့ ပြန်ပျောက်တတ်တယ် တစ်ချို့လည်း ကြာတတ်တယ် တစ်ခုခုစားရင် ခဏပြန်ပျောက်ပြီး ပြန်ဖြစ်လာတတ်တယ် ။တစ်ချို့ဆေးလိပ်သောက်တတ်တဲ့သူတွေမှာတော့ အစားစားပြီးရင် ပါးစပ်ချဉ်နေတတ်ပါတယ် ဆေးလိပ်လေးသောက်လိုက်ရမှ နေသာထိုင်သာရှိတတ်ကြတယ် တစ်ချို့ အားဖြည့်အချိုရည်သောက်ပြီးတဲ့အခါ မှာလည်း ပါးစပ်ထဲ ချဉ်ပြီးကျန်တတ်ပါတယ် ။
ခဏတစ်ဖြုတ်ဖြစ်တာမျိုးဆိုရင်တော့ ကိစ္စမရှိပေမယ့် အချိန်ကြာကြာဖြစ်တယ် မကြာခဏဖြစ်တယ်ဆို ဘာကြောင့်များလဲ စဉ်းစားရပါမယ် ။ပါးစပ်ချဉ်တာတစ်ခုတည်းနဲ့တော့ ရောဂါနဲ့ မဆိုင်တတ်ပါဘူး ဒါပေမယ့် တစ်ခါတစ်လေမှာ ပါးစပ်ချဉ်နေတာအပြင် လည်ပင်းတစ်စို့စို့ဖြစ်တာ ရင်တောက်လျှောက်ပူတာ ညဘက်တွေ ချောင်းခြောက်ဆိုးတာတွေ အစာမကျေသလိုခံစားရတာတွေဆိုရင်တော့ ဘာကြောင့်လဲ စဉ်းစားရပါမယ် ။ဒီလိုရောဂါလက္ခဏာတွေပါရှိလာတယ်ဆိုရင် GERD လို့ခေါ်တဲ့ အစာရေမြိုမှာ ဖြစ်တတ်တဲ့ ရောဂါကို ထည့်စဉ်းစားပါတယ် Gastro-esophageal reflux disease လို့ ခေါ်ပါတယ် အပေါ်ကို အစာအိမ်ကအက်ဆစ်တွေ ပြန်တက်နေတာမျိုးပါ ။
ပါးစပ်ထဲချဉ်နေပြီဆိုရင် အရင်ဆုံးတော့ ရေကိုနည်းနည်းစီ သောက်ကြည့်ပါ ရေသောက်တာက အက်ဆစ်ဓာတ်ကို ပျယ်စေပါတယ် တစ်ခြားအရည်တွေအနေနဲ့တော့ လဘက်စိမ်း အုန်းရည် အဆီထုတ်ပြီးနို့ နဲ့ ရှားစောင်းလက်ပတ်ဖျော်ရည် တွေက အသုံးဝင်တတ်ပါတယ် ။တစ်ချို့သော အသီးအနှံတွေ အစေ့အဆန်တွေ ကလည်းသက်သာစေတတ်တယ် ငှက်ပျောသီး ပန်းသီး ချင်း နဲ့ ပီကေတွေကလည်း သက်သာစေနိုင်ပါတယ် ။ကိုယ်အလေးချိန်များတာ အပူအစပ်တွေ အဆီများတဲ့ အစားအစာ ချောကလက် ခရမ်းချဉ်သီး ပူရှိန်း စားထားတဲ့ သူတွေ ပိုဖြစ်ပါတယ် ။
ပါးစပ်ထဲချဉ်နေတတ်တယ်ဆိုရင် ထမင်းအပြင် မုန့်ပဲသွားရေစာစားတာကို ရှောင်ကြဉ်ပါ ညဘက်ကို မအိပ်ခင် သုံးနာရီလောက်မှာ ဘာမှမစားပါနဲ့ စိတ်လက်ပေါ့ပါးတဲ့ အဝတ်ကိုဝတ်ပါ မတ်မတ်ထိုင်ပါ တစ်ချို့သူတွေ ကြားတတ်တဲ့ စကားလုံလေးတစ်ခုရှိပါတယ် ပါးစပ်ထဲ ချဉ်တတ်တဲ့သူတွေက အိပ်ယာဝင်တဲ့အခါမှာ ညာဘက်ကိုစောင်းအိပ်ပေးတာပိုသင့်တော်ပါတယ် ။
ပါးစပ်ချဉ်တတ်တဲ့သူတွေက ဝိတ်ချပေးရတယ် ဆေးလိပ်ဖြတ်ရတယ် အရက် ဖြတ်ဖို့လည်း လိုတတ်ပါတယ် အပူအစပ်တွေရှောင်ပြီး တစ်ခါစားနည်းနည်းကိုစားကြည့်ပါ စားပြီးရင်လည်း မတ်မတ်နေပေးရပါတယ် ။
တစ်ချို့တွေမှာတော့ အစားနဲ့ ပြန်မကောင်းတာလည်း ဖြစ်နိုင်တယ် အဲ့ဒီအချိန်မှာတော့ ဆေးအကူအညီလိုလာနိုင်ပါတယ် အစာရေမြိုတစ်လျှောက်မှာ အက်ဆစ်များနေတာကြောင့် ဖြစ်တတ်တာမျိုးမို့ အစာအိမ်ဆေးတွေပဲ ပြန်သောက်ပေးလို့ရပါတယ် ။
အစာရေမြိုတစ်လျှောက်မှာ အပေါ်ကို အက်ဆစ်ပြန်တက်လာတာက မကြာခဏဖြစ်လာတယ်ဆို အက်ဆစ်ကြောင့် အစာရေမြိုမှာ ယောင်တာနာတာတွေပါ ဖြစ်လာနိုင်ပါတယ် ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်ပါတယ် ဒါဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်တွေပြသပြီးစစ်ဆေးကုသဖို့လိုပါတယ် ။
Dr. CST