fbpx

Myanmar (Covid-19 Stats)

😷 43,788 Total Cases
😥 1,066 Deaths
😇 23,708 Recovered

ခါးနာတာတွေကို လျော့ကျစေဖို့ ဘယ်လိုနေကြမလဲ

ခါးနာတာတွေကို လျော့ကျစေဖို့ ဘယ်လိုနေကြမလဲ
ခါးနာတာဟာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါပဲ။ ခါးနာတဲ့ ဝေဒနာကြောင့် မကြာခဏဆိုသလို ဆေးသောက် ဆေးထိုးဖို့ အတွက် ဆေးခန်းတွေကိုလည်း ရောက်တတ်ကြပါတယ်။
ခါးနာတာဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မသိလိုက်ပဲ ထိခိုက်မိရာက ခါးနာတာတွေ ဟာ စဖြစ်နိုင်သလို ခါးပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေ အရွတ်တွေ ရောင်တာ ၊ ခါးရိုးဆစ် ထဲက အာရုံကြောတွေ ရောင်ရမ်းတာ နဲ့ အသက်ကြီးလို့ အရိုးအတက်ထွက်တာတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။ ကိုယ်အလေးချိန် များတဲ့အခါ အနေအထား မမှန်တာတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။
ခါးနာခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပြုပြင်လို့မရနိုင်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ရင် တော်တော်များများသော ခါးနာခြင်းတွေဟာ အထိုက်အလျောက်တော့ သက်သာသွားနိုင်ပါတယ်။

ခါးနာတာတွေကို သက်သာစေဖို့ အတွက် ပြုပြင်သင့်တဲ့ နေထိုင်မှုပုံစံဟာ တကယ်တမ်းတော့ သိပ်မခက်ခဲလှပါဘူး။
ဘာတွေလဲဆိုတော့
၁) လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။
ခါးနာတဲ့ အခါမှာ မလှုပ်မရှားပဲ အနားယူလိုက်ရင် သက်သာသွားမယ်လို့ ထင်တတ်ကြပါတယ်။ အနားယူတာဟာ အရွတ်ရောင်တာ အကြောရောင်တာ အစရှိတဲ့ ရောင်ရမ်းမှု တွေကြောင့် ဖြစ်တဲ့ ခါးနာတာတွေကိုတော့ သက်သာစေနိုင်ပေမဲ့ တစ်ရက် နှစ်ရက်ထက် ပိုကြာတဲ့ နာတာရှည် ခါးနာတာတွေကတော့ အနားယူရုံနဲ့ သက်သာမှာ မဟုတ်ပါဘူး။
Ankylosing spondylosis ကြောင့် ဖြစ်တဲ့ နာတာရှည် ခါးနာတာမျိုးတွေ ၊ ငယ်စဉ်မှာ ဖြစ်တတ်တဲ့ အကြောင်းရင်း မရှိဘဲ ကိုယ်မှာ နာကျင်တာမျိုး ( fibromyalgia ) တွေနဲ့ တစ်ချို့သော အရိုးအတက်ထွက်တာတွေမှာ သင့်တော်တဲ့ လှုပ်ရှားမှုတစ်ခု လုပ်တာဟာ နာကျင်တာကို သက်သာစေမှာဖြစ်ပါတယ်။

၂) ကိုယ်အလေးချိန်ကို ထိန်းပါ။
ကိုယ်အလေးချိန်များတဲ့ အခါမှာ သွားလာလှုပ်ရှားတဲ့ အခါမှာ အရိုးအဆစ်တွေကို ဒဏ်ဖြစ်စေနိုင်သလို အကြာကြီးထိုင်ရတဲ့ အခါမျိုးတွေမှာလည်း အနေအထားမမှန် ဖြစ်စေတဲ့အတွက် ခါးနာစေတတ်ပါတယ်။
ခါးနာတဲ့ ဒဏ်ကို ခံစားရတာ မကြိုက်ဘူး ဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ရှိနေဖို့ တတ်နိုင်သလောက် ကြိုးစားသင့်ပါတယ်။

၃) ဆေးလိပ်သောက်တာ ကို ရပ်ပါ။
ဆေးလိပ် ရဲ့ ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။ အဓိက ကတော့ အဆုတ်ကင်ဆာ နဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေတာပါပဲ။ ဒါပေမဲ့ ဆေးလိပ်ဟာ ဒါကိုလောက်ပဲ ဖြစ်စေတာ မဟုတ်ပါဘူး ။ ခန္ဓာကိုယ်တစ်ခုလုံး မှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်း ရောဂါ အစရှိတဲ့ သွေးကြောနဲ့ ပတ်သတ်တဲ့ ရောဂါ တော်တော်များများကို ဖြစ်စေပါတယ်။
သွေးကြောကျဉ်းတဲ့အခါ ခန္ဓာကိုယ်တွင်း ပျက်စီးတဲ့ နေရာတွေကို ပြုပြင်ဖို့ လုပ်တဲ့အခါမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေဟာ မြန်မြန်ဆန်ဆန် မရောက်နိုင်တော့တာ အမှန်ပါပဲ။

၄) အိပ်တဲ့ အနေအထားကို ဂရုစိုက်ပေးပါ။
သင်ဟာ နာတာရှည်ခါးနာတတ်သူ တစ်ဦး ဖြစ်တယ်ဆိုရင်တော့ အရိုးအဆစ်လေ့ကျင့်ရေး ဆရာဝန်တစ်ဦးဦးနဲ့ အိပ်တဲ့ အခါမှာ ထားသင့်တဲ့ အနေအထားကို တိုင်ပင်ကြည့်သင့်ပါတယ်။
ကျောကုန်းချပြီး အိပ်တတ်တယ်ဆိုရင် ဒူးခေါင်းနဲ့ ခါးအောက်ပိုင်းမှာ ခေါင်းအုံးတစ်လုံး စီထားပြီး အိပ်ကြည့်ပေးပါ။ ဒီလို အိပ်ခြင်းအားဖြင့် ခါးနာတာဟာ သက်သာချင်သက်သာသွားနိုင်ပါတယ်။

၅) အလေးအပင် မတဲ့ အခါမှာ သတိထားပါ။
အလေးအပင်တွေ မတဲ့ အခါမှာ မကြာခဏ ခါးကုန်းပြီး အလွယ်တကူ ယူနေမယ် ဆိုရင် ခါးဟာ နာလာမှာပါပဲ။
အလေးအပင်တွေကို ဒူးကွေး ထိုင်ချပြီးမှ မယူမယ်ဆိုရင်တော့ ခါးပေါ်မှာ ဖြစ်မယ့် ဒဏ်တွေကို လျော့ချပေးနိုင်မှာပါ။

၆) ထိုင်တဲ့ အခါ ကျောမှီ ကုလားထိုင်ကို သုံးကြည့်ပါ။
ကျောမှီ ပါတဲ့ ကုလားထိုင်တွေဟာ အကြာကြီးထိုင်ရတဲ့ အခါမှာ ခါးကိုတည့်မတ်ပေးဖို့် အထောက်အကူဖြစ်စေပါတယ်။ ခေါင်းနဲ့ ခါးကို တည့်တည့်မတ်မတ် ထားပြီး ထိုင်မယ်ဆိုရင်တော့ ခါးနာတာကို လျော့ကျစေမှာ အမှန်ပါပဲ။

ဆက်စပ် ဆောင်းပါးများ