fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အရက်နာကျတဲ့အခါ အရက်ထပ်သောက်ပြီး ပြန်ဖြေလို့ ရသလား။

594
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အရက်နာကျတဲ့အခါ အရက်ထပ်သောက်ပြီး ပြန်ဖြေလို့ ရသလား။

အရက်နာကျတာကို အင်္ဂလိပ်လို Hangover လို့ ခေါ်ပါတယ်။အရွယ်ရောက်ပြီး အရက်သောက်တတ်တဲ့သူတော်တော်များများ ဒီဝေဒနာကို ခံစားဖူးကြပါတယ်။တစ်ညလုံး မချိမဆန့်တွေသောက်ပြီး နောက်တနေ့မနက်မှာ ခေါင်းတွေကိုက်မယ်။အာခေါင်တွေခြောက်မယ်။ပင်ပန်းနွမ်းနယ်ပြီး မူးမော်ပျို့အန်တာတွေဖြစ်မယ်။အလုပ်မလုပ်နိုင် ရုံးမသွားနိုင်တောင် ဖြစ်တတ်ကြသေးတာပေါ့။ဒီ ဝေဒနာတွေ သက်သာလျော့ပါးစေဖို့ နည်းလမ်းတွေကတော့ စုံပလုံလို့ပါပဲ။ဟုတ်တာတွေရော မဟုတ်တာတွေရောပေါ့။အဲဒီထဲမှာ အဆိုးဆုံးကတော့ မနေ့ညက သောက်ထားတဲ့ဒဏ်ကြောင့် ခံစားရတဲ့ဝေဒနာတွေ သက်သာအောင်ဆိုပြီး  ဒီနေ့ ထပ်သောက်တာပါပဲ။အဲဒါကို အရပ်ထဲမှာခေါ်ကြတာတော့ ပြန်ဖြေတယ်ပေါ့။ဒီအယူအဆ ဒီအလေ့အထဟာ သိပ်ကို မှားယွင်းသလို သိပ်လဲ အန္တရာယ်ကြီးပါတယ်။ထပ်သောက်လိုက်တဲ့အချိန်မှာ ဝေဒနာတွေသက်သာသလို ဖြစ်နေပေမဲ့ နောက်ရက်မှာ ဒါတွေကို ပြန်ခံစားရဦးမှာပါ။တကယ်တော့ ဒါဟာ ဝေဒနာခံစားရမဲ့ အချိန်ကိုဆွဲဆန့်ထားတဲ့သဘောပါပဲ။ ပိုဆိုးတာကတော့  ဒီလို ပြန်ဖြေရင်း ပြန်ဖြေရင်းကနေ အရက်စွဲသွားပြီး အရက်သမားဘဝ ရောက်သွားတဲ့သူတွေ အများကြီးရှိနေတာပါပဲ။ဒါကြောင့်  ပြန်ဖြေတယ်ဆိုတာ အရက်သမားဖြစ်မဲ့လမ်းစပဲ ဖြစ်ပါတယ်။

အမှန်တော့  အရက်နာကျခြင်းဟာ လူတယောက်ချင်းစီအလိုက် ကွဲပြားခြားနာမှုတွေ ရှိပါတယ်။

-ဘယ်လောက်များများသောက်တာလဲ

-ဘာအရက်အမျိုးအစားသောက်တာလဲ

-သောက်ပြီး အိပ်ရေးဝဝအိပ်ရရဲ့လား

-သောက်နေရင်း အစားစားရဲ့လား  ရေသောက်ရဲ့လား  အစရှိတဲ့ အချက်တွေပေါ်မူတည်ပြီး အရက်နာကျတဲ့ဝေဒနာကို နည်းနည်းလေးပဲ ခံစားရသလား  ဆိုးဆိုးဝါးဝါး ခံစားရသလားဆိုတာ ကွဲပြားနိုင်ပါတယ်။

ဒီဆောင်းပါးမှာ  အရက်နာကျခြင်း(Hangover)ကို ကာကွယ်နိုင်မဲ့နည်းလမ်းတစ်ချို့နဲ့  အရက်နာကျတဲ့အခါခံစားရမဲ့ဝေဒနာတွေ သက်သာစေမဲ့နည်းလမ်းတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

၁။အသင့်အတင့်သာ သောက်သုံးခြင်း

အရက်နာကျခြင်းကို ရှောင်ရှားနိုင်မဲ့ အကောင်းဆုံးနည်းလမ်းကတော့ အသင့်အတင့်သာ သောက်သုံးခြင်း (သို့) လုံးဝ မသောက်ခြင်းပါပဲ။သောက်တဲ့ပမာဏများလေလေ အရက်နာကျတာကို ခံစားရတာပိုဆိုးလေဖြစ်ပါတယ်။ဒီတော့ လူတစ်ယောက်အတွက် အရက်နာကျတဲ့အဆင့်အထိမရောက်အောင် သောက်သုံးနိုင်တဲ့ ပမာဏက ဘယ်လောက်လဲလို့ မေးစရာ ရှိလာပါတယ်။ဒီပမာဏဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိနိုင်ပေမဲ့

၂၀၁၅ -၂၀၂၀  အမေရိကန် အစားအသောက်လမ်းညွှန် စစ်တမ်းမှာတော့ အသင့်အတင့်ဆိုတဲ့ ပမာဏကို ခုလို ဖော်ပြပေးထားပါတယ်။

-အရွယ်ရောက်ပြီး အမျိုးသမီးများအတွက်

တစ်နေ့လျှင် တစ်ခွက်

-အရွယ်ရောက်ပြီး အမျိုးသားများအတွက်

တစ်နေ့လျှင်  နှစ်ခွက်

ဒီနေရာမှာ “တစ်ခွက်” ရဲ့ ပမာဏကို ထပ်ပြောဖို့ လိုပါမယ်။တစ်ခွက် ဆိုတာ

-အရက် ၅% ပါတဲ့ ဘီယာ —- ၁၂ အောင်စ

-အရက် ၁၂% ပါတဲ့ ဝိုင်    —- ၅   အောင်စ

-အရက်၄၀%ပါတဲ့ ဗော့ဒ်ကာ(သို့)ဝီစကီ—-၁.၅အောင်စ     ကို ဆိုလိုပါတယ်။ပုံမှန် ရေတစ်ဖန်ခွက်မှာ ရေ ၈ အောင်စ ဆန့်ပါတယ်။

၂။ရေများများသောက်ခြင်း

အရက်ဟာ ဆီးရွှင်စေပါတယ်။အရက်သောက်နေရင်းကို ဆီးကခဏခဏ သွားချင်နေတာမို့ သောက်ပြီးတဲ့အခါ ရေဓာတ်အများကြီး ဆုံးရှုံးနိုင်ပါတယ်။ရေဓာတ်ဆုံးရှုံးတဲ့အခါ အာခေါင်တွေခြောက်ပြီး ခဏခဏရေငတ်တာ မောပန်းတာ ခေါင်းကိုက်တာတွေ ခံစားလာရပါတယ်။ဒါကြောင့် အရက်ကို ရေများများရောသောက်တာ ဒါမှမဟုတ် အရက်သောက်နေရင်းပဲ ရေခဏခဏ သောက်သုံးပေးခြင်းဟာ ဒီဝေဒနာတွေ လျော့ပါးသက်သာစေပါလိမ့်မယ်။

၃။ညဘက်အိပ်ရေးဝအောင်အိပ်ခြင်း

အရက်အများကြီးသောက်တာနဲ့  အိပ်ရာစောစောဝင်တာနဲ့ဟာ တိကျတဲ့ဆက်စပ်မှုတွေ မရှိပေမဲ့ အိပ်ရေးဝဝ အားပါးတရ အိပ်စက်လိုက်ခြင်းဟာ နောက်တနေ့မှာ ခံစားရမဲ့ အရက်နာကျဝေဒနာကို လျော့ပါးစေနိုင်ပါတယ်။အထူးသဖြင့် အရက်သောက်ပြီးတဲ့နောက်တနေ့ညမှာ ပိုပြီးစောစောလေး အိပ်ရာဝင်တာ ကောင်းပါတယ်။

၄။ဓာတုဗေဒပစ္စည်းပိုမိုပါဝင်သော အရက်များအား

ရှောင်ကြဉ်ခြင်း

တချို့သော အရက်များမှာ ဓာတုဗေဒပစ္စည်း

တချို့ပါဝင်ပါတယ်။အာ့ပစ္စည်းတွေကို Congeners လို့ခေါ်ပါတယ်။အရက်နာကျခြင်းဟာ ဒီဓာတုဗေဒ ပစ္စည်းပါဝင်နှုန်းနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။Congeners များများပါတဲ့အရက်တွေကတော့

ဝီစကီ အထူးသဖြင့် ဘာဘွန်းဝီစကီ  ကော့ညက် နဲ့ တာကီလာ တို့ပဲဖြစ်ပါတယ်။Congeners ပါဝင်မှု နည်းတဲ့အရက်တွေကတော့  ဗော့ဒ်ကာ  ရမ် နဲ့  ဂျင် တို့ပဲဖြစ်ပါတယ်။Congeners ပိုများတဲ့အရက်တွေဟာ အရက်နာကျဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။

၅။အကိုက်အခဲ ပျောက်ဆေး  နှင့်  ဗီတာမင်

အားဆေးအချို့ မှီဝဲခြင်း

အချို့သော ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အရက်နာကျခြင်းဟာ  ရောင်ရမ်းခြင်း(inflammation) ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် သောက်ပြီး အိပ်ရာဝင်ချိန်မှာ သင့်တော်တဲ့ ဗီတာမင်အားဆေးတမျိုးမျိုးသောက်သုံးခြင်း နောက်တနေ့ မနက်မှာ အသည်းထိခိုက်မှုနည်းတဲ့ အကိုက်အခဲပျောက်ဆေးတမျိုးမျိုး သောက်သုံးပေးခြင်းတွေဟာ အရက်နာကျဝေဒနာကို သက်သာစေပါတယ်။

၆။အရက်မသောက်ခင်  အစားစားထားခြင်း

များသောအားဖြင့် အရက်သောက်တဲ့သူတွေဟာ မသောက်ခင်မှာ အစားစားလေ့မရှိကြပါဘူး။တကယ်တော့ အလေ့အထ အမှားတစ်ခုပါ။မသောက်ခင်မှာ ဗိုက်ထဲမှာ အစာရှိဖို့ အရေးကြီးသလို သောက်နေရင်းလည်း အမြည်းများများစားပေးဖို့ လိုအပ်ပါတယ်။ဒီလို စားပေးခြင်းကြောင့် အရက်ကို သွေးထဲစုပ်ယူမှုနှုန်းနည်းသွားစေပြီး  အရက်နာကျခြင်းဝေဒနာကို ကာကွယ်ပေးနိုင်ပါတယ်။

၇။မနက်စာကောင်းကောင်းစားခြင်း

သွေးထဲမှာ အချိုဓာတ်နည်းနေခြင်းဟာ အရက်နာကျဝေဒနာကို အလွန်ဆိုးဝါးစေပါတယ်။ဒါကြောင့် သောက်ပြီးနောက်နေ့ မနက်မှာ ကောင်းမွန်သင့်တော်တဲ့ မနက်စာဝဝစားပေးခြင်းနဲ့ သွေးတွင်းအချိုဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်တဲ့အပြင် အရက်နာကျခြင်းကို ကောင်းကောင်းခုခံနိုင်မဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါ သင့်ခန္ဓာကိုယ်ထဲကို ရောက်ရှိနေစေမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်  အရက်နာကျဝေဒနာကို ရှောင်နိုင်ဖို့ အသင့်အတင့်သောက်ရင်သောက် မဟုတ်ရင် လုံးဝ မသောက်တာ အကောင်းဆုံးပါပဲ။ကယ်တမ်းပြောရရင် အသင့်အတင့်သောက်သုံးတာတောင်မှ နှစ်ရှည်လများကြာတဲ့အခါ နှလုံးရောဂါ အသည်းရောဂါ အာရုံကြောပြဿနာ နဲ့ ကင်ဆာရောဂါတချို့ ဖြစ်ပွားနိုင်ချေတွေ ပိုမိုများပြားလာနိုင်ပါတယ်။ဒါကြောင့်မို့ ဖြစ်နိုင်ရင် လုံးဝမသောက်ပဲ ရှောင်ကြဉ်ဖို့ နဲ့  မရှောင်နိုင်ရင်တော့ အခုပြောပြခဲ့တဲ့အချက်ကလေးတွေကို သတိပြုဂရုစိုက်ပြီး သောက်သုံးကြဖို့  အကြံပေးလိုက်ပါတယ်။

ဒေါက်တာ လန်း

 

Previous Post

ရေကူးခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာအပေါ် ဘယ်လို အထောက်အကူ ပြုသလဲ။

Next Post

စတော်ဘယ်ရီသီးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
828
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
840
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စတော်ဘယ်ရီသီးအကြောင်း

ပူစပ်ပူစပ်စားသူများ အသက်ပိုရှည်ပြီ

ခွေးတုပ်ကွေး လူဆီကူးသလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.