fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

ခွေးတုပ်ကွေး လူဆီကူးသလား?

ကြက်ဌက်တုပိကွေးနှင့်ဝက်တုပ်ကွေးဖြစ်ပွားပျံနှံ့မူသည် ယခုနှစ်ကာလများအတွင်း လူအများစိုးရိမ်ထိတ်လန့်မူဖြစ်ခဲ့ကြရသည်။နှာစေးချောင်းဆိုးဖြစ်နေသောခွေးမှလည်းတုပ်ကွေးလူကိုကူးစက်နိုင်သလားဆိုသောမေးခွန်းအတွက် ဆေးပညာဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ရေးသားလိုက်ပါတယ်။
သုတေသနတွေ့ရှိချက်များအရ တုပ်ကွေးဖြစ်စေသောဗိုင်းရပ်စ်ပိုးများသည် အလွန်ပင်ပြောင်းလဲမူများပြီ ဝက်များတွင်ဖြစ်ရာမှ ခွေးဆီသို့ ခုန်ကူးပြောင်းလဲဖြစ်စေသည်ကိုတွေ့ရှိရပါတယ်။ပုံမှန်အားဖြင့် တုပ်ကွေးဗိုင်းရပ်စ်သည် ဌက်များမှဝက်။ထို့နောက် လူများဆီသို့ကူးစက်ပျံ့နှံ့တတ်ပါတယ်။
သို့ရာတွင် တိရစ္ဆာန်များတွင်ဖြစ်ပွားသောတုပ်ကွေးဗိုင်းရပ်စ်သည် ဗီဇကွဲမျိုးစုံ။မျိုးစိတ်မျိုးစုံရှိပြီး တခုနှင့်တခုပေါင်းစပ်ကာအသစ်အသစ်ပုံစံကွဲများပေါ်ထွက်လာတတ်ပါတယ်။အဆိုပါ မျိုးတ်အသစ်တုပ်ကွေးများသည် လူများဆီသို့ ခုန်ကူးကာ ကိုယ်ခံအားမကောင်းသူများဖြစ်ပါက အဆိုပါတုပ်ကွေးရောဂါကူးစက်မူဒဏ်ခံရနိုင်ပါတယ်။ဥပမာ ကြက်ဌက်တုပ်ကွေးသည် အစပိုင်းတွင် ဌက်များတွင်သာဖြစ်ပြီး ဝက်သို့ကူးစက်ကာ မျိုးစိတ်အသစ်သစ်ဖြစ်ကာ လူများဆီသို့ကူးစက်နိုင်သောတုပ်ကွေးဗိုင်းရပ်စ်အသစ်သို့ပြောင်းလဲကူးစက်လာခဲ့ခြင်းဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ကြက်။ငှက်တွင်ဖြစ်သောတုပ်ကွေးဗိုင်းရပ်စ်ရဲ့ကူစက်မူသည် ခွေးနှင့်မြင်းတွင်ဖြစ်လေ့ရှိသောဗိုင်းရပ်စ်ထက် ကူးစက်မူ အားကောင်းသောအစွမ်းရှိသည်ဟုဆိုနိုင်ပါတယ်။သို့သော် လွန်ခဲ့သော၅နှစ်ခန့်က ကြက်ဌက်တုပ်ကွေးမျိုးစိတ်ဖြစ်သောဗိုင်းရပ်စ်တမျိုးကို တရုတ်လယ်တောရှိခွေးတွင် တွေ့ရှိကြောင်းဖော်ပြခဲ့ဖူးပါတယ်။အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါရှိသူခွေးများတွင် ကြက်ဌက်များတွင်သာဖြစ်ပွားလေ့ရှိသောတုပ်ကွေးဗိုင်းရပ်စ်များတွေ့ရှိကြောင်းဖော်ပြခဲ့ကြပါတယ်။အဆိုပါကြက်ဌက်တုပ်ကွေးပိုးသည် အရင်ကြက်ဌက်တုပ်ကွေးပိုးနှင့်မတူကြောင်းအသစ်တွေ့ရှိထားပါတယ်။
သုတေသနပြုရန်လိုအပ်ချက်များရှိသော်လည်း အဆိုပါအသစ်အသစ်သောပိုူးများကူးစက်မုကာကွယ်ရန် လူအများသည် ကိုယ်ခံစွမ်းအားမြင့်မားနေရန်အထူးလိုအပ်ပါတယ်။လူအများအတွက်တုပ်ကွေးရောဂါကာကွယ်ဆေးများတီထွင်ကာကူးစက်မူကိုကာကွယ်နေကြသော်လည်း အိမ်မွေးခွေးများအတွက်လည်း တုပ်ကွေးကာကွယ်ဆေးတီထွင်ရန်စဉ်းစားရပါလိမ့်မယ်။
ခွေးတွင်ဖြစ်သောတုပ်ကွေးသည် လူများတွင်ကူးစက်ရန်မဖြစ်နိုင်သောအခြေအနေများရှိနေသော်လည်း တချိန်ချိန်တွင် ဗိုင်းရပ်စ်သည် မူကွဲကာ လူအများသို့ကူးစက်ရောဂါအသွင်ပြောင်းလာနိုင်သည်ကို ဂရုပြုသင့်ပါသည်ဟု ရေးသားထားပါတယ်။

Dr. ၿပည့္ရွင္း

ဆက်စပ် ဆောင်းပါးများ