ညဘက်အိပ်မပျော်ခြင်းဟာ ကမ္ဘာနှင့်အဝန်း လူပေါင်းသန်းနှင့်ချီ ခံစားနေသောဝေဒနာတစ်ရပ်ဖြစ်ပါတယ်။ အဆိုပါ အိပ်မပျော်ခြင်းမှာ ကာလကြာရှည်လာတယ့် အခါ လူ့ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
ညအိပ်မပျော်ခြင်းကြောင့် နေ့ခင်းပိုင်းတွင်အိပ်ငိုက်ခြင်း၊ နုံးခြင်း၊ စိတ်မကြည်ခြင်း၊ စိတ်ဆတ်ခြင်း နှင့် စိုးရိမ်ကြီးခြင်း အစရှိသည်တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်မပျော်ခြင်း အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။
•ဘာလို့ညအိပ်မပျော်တာလဲ?
-ညအိပ်မပျော်ခြင်း မှာ စိတ်အခြေအနေတစ်ခုခုကြောင့် ဖြစ်စေ၊ ကိုယ်အခြေအနေတစ်ခုခုကြောင့်ဖြစ်စေ ဖြစ်နိုင်ပါတယ်။ တချို့သော အခြေအနေများတွင် နာတာရှည် ညအိပ်မပျော်ခြင်းမှာ ရောဂါအခံ တစ်ခုခုကြောင့်ဖြစ်နိုင်ပြီး ယာယီညအိပ်မပျော်ခြင်းမှာ လက်ရှိအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရာတွေကတော့
-ဇီဝနာရီမမှန်ခြင်း
ဥပမာ-နိုင်ငံ ရပ်ခြားခရီးသွားသောအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချိန်မတူမှုကြောင့် ဇီဝနာရီလွဲသွားခြင်း၊ အလုပ်ချိန်ပြောင်းခြင်း၊ တောင်ပေါ်ဒေသတွင်နေထိုင်ခြင်း၊ ပတ်ဝန်းကျင်ဆူညံခြင်း နှင့် အပူလွန်ခြင်း၊ အအေးလွန်ခြင်းကြောင့် ဇီဝနာရီမမှန်ဖြစ်ခြင်း
-စိတ်ဝေဒနာများ
စိတ်ကျရောဂါ၊ စိုးရိမ်လွန်ခြင်းရောဂါ နှင့် အခြားသော စိတ်ဝေဒနာများ
-ရောဂါများ
နာတာရှည်နာကျင်မှု၊ နာတာရှည်မောပန်းလွယ်ခြင်းရောဂါ၊ နှလုံးရောဂါ အစရှိသော နာတာရှည်ရောဂါသည်များ
-ဟော်မုန်းပြောင်းလဲမှုများ
အီစရိုဂျင်၊ ဓမ္မတာလာစဉ် ဟော်မုန်းပြောင်းလဲမှု နှင့်ကြုံရသောအခါ
-အခြားသော အရာများ
အိပ်နေစဉ်ဟောက်သောသူနှင့် အတူအိပ်ရလျှင်၊ သန်ထိုးလျှင်၊ ကိုယ်ဝန်ဆောင်နေချိန် အစရှိသော အခြေအနေများတွင် အိပ်မပျော်ခြင်းဖြစ်တတ်ပါတယ်။
ထို့အပြင် အိပ်ခန်းထဲတွင် တီဗီဖွင့်ထားခြင်း နှင့် ကုတင်အနီးတွင် မိုဘိုင်းဖုန်းထားခြင်းက ကလေးငယ်များ၏ အိပ်ချိန်ကိုပြောင်းလဲစေနိုင်ပါတယ်။
ထိုမျှသာမက
-corticosteroids
-statins
-alpha blockers
-beta blockers
-SSRI antidepressants
-ACE inhibitors
-ARBs
-cholinesterase inhibitors
-glucosamine/chondroitin အစရှိသောဆေးများ ကြောင့်လည်းအိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
•ဘယ်လိုလူတွေမှာပိုဖြစ်တတ်လဲ?
၁.ခရီးမကြာခဏသွားသူများ
၂.အလုပ်ချိန်မမှန်သူများ
၃.သက်ကြီးရွယ်အိုများ
၄.မူးယစ်ဆေးသုံးစွဲသူများ
၅.စိတ်ဝေဒနာရှင်များ
၆.ကိုယ်ဝန်ဆောင်များ
၇.သွေးဆုံးကိုင်သူများ နှင့်
၈.စိတ်ဝေဒနာရှင်များ အနေနှင့် အိပ်မပျော်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။
•ညအိပ်မပျော်ခြင်း ဘယ်နှမျိုးရှိလဲ?
ညအိပ်မပျော်ခြင်းကို ယေဘူယျအားဖြင့် ၃ မျိုးခွဲထားပါတယ်။
-ယာယီအိပ်မပျော်ခြင်း – ၃ ညအထိအိပ်မပျော်ခြင်ူကိုခေါ်ပါတယ်။
-ရေတိုအိပ်မပျော်ခြင်း- ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိအိပ်မပျော်ခြင်း ကိုဂဆိုလိုပါတယ်။
-ရေရှည်အိပ်မပျော်ခြင်း- လနှင့်ချီ သို့မဟုတ် နှစ်နှင့်ချီ ကြာသည့် အခြေအနေမျိုးပဲဖြစ်ပါတယ်။
•ဘယ်လိုကုလဲ?
-အချို့သော ညအိပ်မပျော်ခြင်း များမှ အိပ်မပျော်စေသည့်အကြောင်း ကို ပြင်ဆင်ကုသလျှင်ရနိုင်ပါတယ်။ ထို့အပြင် ဆေးဝါးများ၊ စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့်လည်း ကုသပေးနိုင်ပါတယ်။
-အိပ်မပျော်ခြင်းအတွက် ကုသတယ့်ဆေးဝါးတွေကတော့-
-ဆရာဝန် မှ ညွှန်ကြားပေးသည့်အိပ်ဆေးများ
-antidepressants
-antihistamines
-melatonin
-ramelteon အစရှိသော ဆေးများဖြစ်ပြီး ဆရာဝန်ညွှန်ကြားမှုဖြင့်သာ သောက်သင့်ပါတယ်။
-အိမ်တွင်းကုထုံးများအနေနဲ့မူ-
၁.အိပ်ချိန်မှန်အောင်ကျင့်ပေးခြင်း
၂.စိတ်ကိုဖြေလျော့ခြင်း -ဥပမာ-တရားမှတ်ခြင်း
၃.အိပ်ခါနီး တီဗီကြည့်ခြင်း၊ ဖုန်းသုံးခြင်းတို့ကို လျှော့ချခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။
Author : Dr.Z