အိပ်ရာထချိန်တွင် အခံရခက်သောဝေဒနာအဖြစ် လူတိုင်းခံစားဖူးတဲ့ ကြွက်သားတောင့်တင်းခြင်းဟာ အခံရခက်တဲ့ဒေနာတစ်ရပ်ဖြစ်ပါတယ်။ နာကျင်တောင့်တင်းခြင်းဟာ မိနစ်အနည်းငယ်ပဲကြာတတ်သလို နာရီ၊ ဒါမှမဟုတ် ရက်အတန်ကြာတဲ့အထိလည်း မပျောက်တတ်ပါ။ ကိုယ်ခန္ဓာအနှံတောင့်တင်းနိုင်သော်လည်း အဖြစ်များဆုံးက ဇက်ကြောတောင့်တင်းခြင်းဖြစ်ပါတယ်။ ဇက်ကြောတောင့်တင်းခြင်းသည် လှည့်မရပြုမရ ခေါင်းငုံလို့မရ စသည်ဖြင့် လက္ခဏာရှိပါတယ်။
(၁)ဖြစ်စေသောအကြောင်းရင်းများ
ဇက်ကြောတောင့်ခြင်းဖြစ်စေသောအကြောင်းရင်းများစွာရှိသော်လည်းအဖြစ်များဆုံးအကြောင်းရင်းမှာ
-အလွန်လေးလံသော အိတ်များ။ပစ္စည်းများကို ပခုံးပေါ်တင်ထမ်းခြင်း
-လေးလံသောအရာများကို လက်နှစ်ဖက်၊ သို့မဟုတ် တဟ်ဖက်တည်းဖြငိ့ဆွဲခြင်း
-အိပ်နေစဉ် လည်ပင်းခေါင်း နေရာမှန်မရှိခြင်း
-ကျီးပေါင်းတက်ခြင်း
-စိတ်ဖိစီးမှုများခြင်း
-ခေါင်းကိုက်ခြင်း
-လေ့ကျင့်ခန်းလုပ်ရာတွင်ဒဏ်ဖြစ်ခြင်း
-ရေနှင့်ဓာတိဆားဆုံးရှုံးခြင်းစတာတွေ ဖြစ်ပါတယ်။
အဖြစ်နည်းတဲ့အကြောင်းရင်းများဆိုသော်လည်းဖြစ်လာလျှင် အရေးကြီးတဲ့အကြောင်းရင်းများမှာ
-ဦးနှောက်အမြှေးရောင်ခြင်း
-ခါးအဆစ်များဆက်နေခြင်း
-လည်ပင်းကြွက်သားများလိမိနေခြင်း
-မေရိုးနှင့်ခံတွင်းအဆစ်ရောဂါဖြစ်ခြင်း စတာတွေဖြစ်ပါတယ်။
(၂)ကုသနည်းများ
ဇက်တောင့်ခြင်းသည် အများအားဖြင့်ဆေးဝါးနဲ့ကုသရန်မလိုပါ။ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အိမ်တွင်းနည်းလမ်းများနှင့်အဆင်ပြေပါတယ်။
-လေ့ကျင့်ခန်းလုပ်ခြင်း
လည်ပင်းကြွက်သားများ ပြေလျော့စေရန် လည်ပင်းကြွက်သားလေ့ကျင့်ခန်းလုပ်ခြင်းသည် သက်သာစေနိုင်ပါတယ်။
ရှေ့တည့်တည့်ရပ်ကာ လက်နဲ့ခေါင်းကိုကိုင်ရျ် ဘေးဘက်သို့ခေါင်းစောင်းတာလုပ်ပါ။ ဘယ်ညာလုပ်လျှင်ကြွက်သားပြေလျော့လာပါလိမ့်မယ်။
နောက်ကြောကြွက်သားများအတွက် လက်နောက်ပြန်အနေအထားနဲ့ဆွဲဆနါကြည့်ပါ။
ပက်လက်အိပ်ကာဒူးကွေးထားရျ် မေးစေ့ရင်ဘတ်ထိအောင်ခေါင်းကိုကွေးချကြည့်ပါ။
-အိမ်သုံးဆေးဝါးများ
ဇက်ကြောတက်သက်သာစေရန် အကိုက်အခဲပျောက်ဆးအချို့ကိုလည်းသောက်လို့ရပါတယ်။
-Aspirin
-Ibuprofen
-Acetaminophen
ဆေးဝါးအကူအညီဖြင့် ဇက်ကြောများပြေလျော့စေပါတယ်။ ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးကို အစာအိမ်ရောဂါရှိသူတွေ မသောက်သင့်ပါ။
-ရေခဲကပ်ပါ
ရေခဲကပ်ခြင်းဟာ နာကျင်ကိုက်ခဲရောင်ရမ်းမူကို အလျင်အမြန်သက်သာစေပါတယ်။ ရေခဲဟာ အာရုံကြောကိုထုံစေပြီးကြွက်သားရောင်ရမ်းမူကိုသကိသာစေပါတယ်။ ရေခဲကိုကြွက်သားပေါ်တန်းမတင်ဘဲ အဝတ်တစ်ခုခုပတ်တင်ပေးပါ။ ၁၀မိနစ်ခန့်တင်လျှင် သိသာလာပါလိမ့်မယ်။
-ဇက်ကြောနှိပ်နယ်ခြင်း
နှိပ်နယ်ပေးခြင်းဟာ အကြောတက်ခြင်းကို အမြန်သက်သာစေသောနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။သေချာနည်းစနစ်မှန်စွာနှိပ်လျှင် ကြွက်သားတင်းနေမူကို ပြေလျော့လာစေပါတယ်။
(၃)အရေးကြီးသောအချက်များ
ဇက်ကြောတောင့်တင်းခြင်းအပြင် တခြားသော လက္ခဏာတွေရှိပါက အမြန်ဆုံးကုသမူခံယူပါ။
-ရုတ်တရက်အဖျားကြီးခြင်း
-ခေါင်းကိုက်ခြင်း
-လည်ပင်းတောင့်တင်းခြင်း
-လည်ပင်းဇက်နေရာ အနီကွက်ဖြစ်နေခြင်းစသည်တို့ရှိမရှိ စောင့်ကြည့်ပါ။
Aothor: Dr.ပြည့်ရှင်း