အစာစားချင်စိတ်ပျောက်တာ ဖြစ်ဖူးလား
အစားအစာကို လုံးဝစိတ်မဝင်စားဘဲ စားလိုက်သည်နဲ့ပျို့အန်လာတာကို ကြုံဖူးပါသလား။ အစာစားချင်စိတ်ပျောက်ဆုံးကာ အစာမစားသောကြောင့် ကိုယ်အလေးချိန်ကျဆင်းကာ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့အာဟာရဓာတ်များမရရှိတာကြောင့် အားအင်ကုန်ခန်းနုံးချိလာတတ်ပါတယ်။
အစားစားချင်စိတ်မရှိခြင်းရဲ့အကြောင်းရင်းတွေနဲ့ နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိပါတယ်။အကြောင်းရင်းများနှင့် လက္ခဏာများ
အစာစားချင်စိတ်မရှိခြင်းဟာ ရောဂါကြောင့်နဲ့ စိတ်ကြောင့် ဖြစ်နိုင်ပါတယ်။
ပိုးဝင်ခြင်းနဲ့ အစာအိမ်လမ်းကြောင်းပြဿနာများကြောင့်ဖြစ်ခဲ့လျှင် အစာစားချင်စိတ်ပြန်ပေါ်လာနိုင်ပါတယ်။
တချို့လူတွေမှာ ကင်ဆာရောဂါကြောင့်ဖြစ်ခဲ့ရင် နာတာရှည်ဖြစ်ပြီးပိန်ချုံးချိနဲ့နိုင်ပါတယ်။
အများအားဖြင့် တုပ်ကွေးဖျားနာခြင်းနဲ့ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်းကြောင့် အစာစားချင်စိတ်ပျောက်ဆုံးပြီး နေကောင်းပါက ပြန်စားချင်စိတ်ပြန်ပေါ်နိုင်ပါတယ်။
အစာစားချင်စိတ် ခဏတာပျောက်ဆုံးတတ်တဲ့အကြောင်းရင်းများ
- အအေးမိတုပ်ကွေးဖြစ်ခြင်း
- အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
- ဝမ်းချုပ်ဗိုက်မကောင်းခြင်း
- အချဉ်ပြန်ခြင်း
- အစာအဆိပ်သင့်ခြင်း
- ဓာတ်မတည့်မူများ
- ကိုယ်ဝန်ဆောင်ခြင်း
- စိတ်ဖိစီးမှုများ
- ဆေးဝါးများ
- အရက်နှင့်မူးယစ်ဆေးဝါးသုံးခြင်းနှင့်ပါးစပ်အနာပေါက်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။
အစာအစားချင်စိတ်မရှိခြင်းဟာ ကိုယ်ခံအားနိမ့်ကျခြင်းအပေါ်များစွာမူတည်ပါတယ်။
- အစာခြေဖျက်မူမမှန်သောရောဂါများ
- ဟော်မုန်းရောဂါများ
- ဆီးချို
- ပန်းနာရင်ကျပ်
- အသည်းနှင့်ကျောက်ကပ်ရောဂါများ
- HIVနှင့်AIDS
- သိုင်းရွိုင်းရောဂါများ
- နှလုံးရောဂါနှင့်အစာအိမ်နှင့်အူကင်ဆာများကြောင့်ဖြစ်နိုင်ပါတယ်။
စိတ်ငြိမ်ဆေးများ၊ ပိုးသတ်ဆေးများနှင့်ကင်ဆာကုသမူနည်းလမ်းများကြောင့်လည်းအစာစားချင်စိတ်ပျောက်ဆုံးနိုင်ပါတယ်။
ခွဲစိတ်ပြီးစလူနာတွေလည် းအစာစားချင်စိတ်မရှိနိုင်ပါ။
စိတ်ပိုင်းဆိုင်ရာရောဂါတွေကြောင့်လည်းအစာစားချင်စိတ်ပျောက်ဆုံးခြင်းကို သိသာစွာထိခိုက်နိုင်ပါတယ်။
စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိဆီးမူများခြင်းကြောင့်လည်း အစာစားချင်စိတ်လုံးဝပျောက်ဆုံးနေနိုင်ပါတယ်။
အစာစားချင်စိတ်ဟာ အသက်အရွယ်နဲ့လည်း များစွာသက်ဆိုင်ပါတယ်။
အစာစားချင်စိတ်မရှိခြင်းဟာ ကင်ဆာရောဂါရဲ့လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။
ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာအစရှိတာတွေကြောင့် ခံစားရနိုင်ပါတယ်။
အစာစားချင်စိတ်မရှိခြင်းနဲ့အတူ အစာအိမ်နာခြင်း၊ ရင်ပူခြင်း၊ ရင်ပြည့်ခြင်း၊ အသားဝါခြင်းနဲ့ ဝမ်းသွားသွေးပါခြင်းတို့လည်းခံစားရနိုင်ပါတယ်။
အစာစားချင်စိတ်မရှိခြင်း ရေရှည်ခံစားရပါက ပိန်ချုံးချိနဲ့ပြီး ကြွက်သားများမရှိဖြစ်ကာ ရေရှည်ခံစားရနိုင်ပါတယ်။
ကုသမူနည်းလမ်းများ
အစာစားချင်စိတ်မရှိခြင်းကို ဆေးဝါးနှင့်ကုသမူခံယူနိုင်ပါတယ်။ စိတ်ရောဂါအခြေအနေတွေကြောင့် အစာစားချင်စိတ်မရှိခြင်းကို စိတ်ရောဂါဆေးဝါးများအကူအညီယူပါ။
အစာစားချင်စိတ်မရှိခြင်းကြောင့်အာဟာရချို့တဲ့မူဖြစ်လာပါက အာဟာရဆိုင်ရာအထူးကုဆရာဝန်နဲ့တိုင်ပင်ပါ။
အစာစားချင်စိတ်မရှိခြင်းနှင့်အတူအန်ခြင်း၊ နာခြင်း အစရှိတာတွေကိုလည်း ကုသမူခံယူပါ။
အိမ်တွင်းကုသရန်နည်းလမ်းများ
- အစာကို အကြိမ်ရေများများခွဲစားပါ
- ကယ်လိုရီပြည့်ဝသောအစာ၊ အသားဓာတ်ပြည့်ဝသောအစာများကိုစားပါ။
- အသီးဖျော်ရည်၊ အသားဓာတ်ရရှိသောဖျော်ရည်များသောက်ပါ
- ခံတွင်းလိုက်စေသော၊ ချဉ်သောအသီးအနှံအစာအစားများ စားပါ
- ရေဓာတ်ခန်းခြောက်မူသက်သာစေရန် ဖျော်ရည်များများသောက်ပါ
- အစာစားချင်စိတ်ဖြစ်အောင်စီစဉ်ထားသော ဆိုင်နေရာတွင်စားပါ
- ပေါ့ပါးသောလေ့ကျင့်ခန်းလုပ်ပါ
Author: Dr. Pyae Shin