fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

ကလေးငယ်များအဖျားကျစေရန် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/08/2021
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်တစ်ဦးတွင် ကိုယ်အပူချိန်သည် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၎င်းထက်ပိုမိုခဲ့ပါက အဖျားရှိသည်ဟု အကြမ်းဖျင်း ယူဆနိုင်ပါသည်။

ဖျားနာနေသော ကလေးငယ်တစ်ယောက်၏ လက္ခဏာများ

ဖျားနာနေသော ကလေးငယ်တစ်ယောက်တွင်

  • အားမရှိသကဲ့သို့ ခံစားနေရသည်ဟု ပြောခြင်း၊
  • ယခင်ကကဲ့သို့ သွက်လက်ခြင်း မရှိတော့ဘဲ ငြိမ်ကျသွားခြင်း၊ စကားနည်းသွားခြင်း၊
  • မှိန်းနေခြင်း၊
  • ခေါင်းကိုက်သည်ဟု ပြောခြင်း၊
  • အသားအရေများပူနေခြင်း စသည့် လက္ခဏာရပ်များကို တွေ့ရှိရနိုင်ပါသည်။

 

ထိုသို့ ဖျားနာနေသော ကလေးငယ်အား သက်သာစေရန် အောက်ပါနည်းလမ်းများကို ပြုလုပ်ပေးနိုင်ပါသည်။

၁။ ဆေးတိုက်ပါ

ကလေးငယ်တစ်ဦး၏ ကိုယ်အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ထက်ကျော်နေလျှင်  ပထမဆုံးလုပ်ဆောင်ရမည့် အလုပ်မှာ ထိုကလေးငယ်အား အဖျားကျဆေး တိုက်ကျွေးရန်ဖြစ်ပါသည်။ ထိုသို့တိုက်ကျွေးသောအခါ ကလေးငယ်၏ အသက်အရွယ် နှင့်တိုက်ကျွေးရမည့် ဆေးပမာဏကို သေချာဖတ်ရှုပြီး တိတိကျကျ လိုက်နာဆောင်ရွက် တိုက်ကျွေးရန်လိုအပ်ပါသည်။

၂။ ရေပတ်တိုက်ပေးပါ

ကလေး၏ နဖူးနှင့် လည်ပင်းတို့တွင် ရေအေးဝတ် တင်ပေးခြင်းအားဖြင့် ကလေး၏ ကိုယ်အပူချိန် ကျဆင်းအောင် ရေပတ်တိုက်ပေးနိုင်ပါသည်။ ဤနည်းလမ်းသည် အလွန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ အဖျားကျစေသည့် နဖူးကပ်ခွာ ပလပ်စတာများကိုလည်း အသုံးပြုနိုင်ပါသည်။

၃။ ပေါ့ပါးချောင်ချိသော အဝတ်အထည်များကို ဝတ်ဆင်ပေးပါ

ပေါ့ပါးချောင်ချိသော အဝတ်အထည်များကို ဝတ်ဆင်ပေးခြင်းအားဖြင့် ကလေးအား ပို၍ နေသာထိုင်သာ ရှိစေရန် ကူညီပေးနိုင်ပါသည်။ အဝတ်အထည်များ၊  အနွေးထည်များ အထပ်ထပ် ဝတ်ဆင်ပေးထားသည်များ ရှိပါက ဖယ်ရှားပစ်ရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက ကလေးငယ်၏ ကိုယ်ပူချိန်ပိုမိုမြင့်တက်လာနိုင်ပါသည်။

၄။ ကလေးငယ်အား ရေ သို့မဟုတ် အရည်များစွာတိုက်ပါ

ကလေးငယ်သည် ရေ သို့မဟုတ် အရည်များစွာ သောက်ဖြစ်စေရန် ဖေဖေ၊ မေမေတို့ အနေဖြင့် စီစဉ်ပေးရပါမည်။ ခန္ဓာကိုယ်အတွင်း ရေဓါတ်ပြည့်၀နေခြင်းသည် ကိုယ်အပူချိန် အလျင်အမြန်ကျဆင်းစေရန် အကူအညီပေးနိုင်ပါသည်။

၅။ ကလေးငယ်၏ ကိုယ်ပူချိန်ကို မကြာခဏ စစ်ဆေးပါ

ကလေးငယ်များဖျားနာနေစဉ် အတောအတွင်း မိဘများ အနေနှင့်  ပြုလုပ်သင့်သည့် နောက်ထပ် လုပ်ဆောင်ချက်တစ်ခုမှာ ကလေးငယ်များ၏ ကိုယ်အပူချိန်ကို မကြာခဏ စစ်ဆေးပေးရန် ဖြစ်ပါသည်။ ကလေးငယ်များ၏ ကိုယ်အပူချိန်သည် မထင်မှတ်ဘဲ အချိန်တိုကာလအတွင်း အလွန်အမင်း မြင့်တက်လာနိုင်တတ်ပါသည်။ အကယ်၍ ကိုယ်အပူချိန် ပမာဏ မြင့်မားနေပါက နာရီဝက်တစ်ခါ အဖျားတိုင်းပေးရန် လိုအပ်ပါသည်။ ကိုယ်အပူချိန် တဖြည်းဖြည်း ကျဆင်းလာပါက တစ်နာရီတစ်ခါ အဖျားတိုင်းပေးရန် လိုအပ်ပါသည်။

ဘယ်အချိန်မှာဆရာဝန်ကို ပြသသင့်သလဲ

အကယ်၍ ကလေးငယ်၏ အသက်သည်  ၂ နှစ်အောက် ဖြစ်ခဲ့ပါက ဆရာဝန်ကို ပြသရန်လိုအပ်ပါသည်။

ထို့ပြင် ကလေးငယ်သည်

  • အသက်ရှူရ ခက်ခဲနေလျှင်
  • အလွန်အမင်း မှိန်းနေလျှင်
  • အရေပြားပေါ်တွင် ခရမ်းရောင် အစက် အကွက်များ ပေါ်ပေါက်လာလျှင်
  • နာကျင်မှုကို ခံစားနေရကြောင်း ပြောလာလျှင် ဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။

အထက်ပါအခြေအနေများ ဖြစ်ပေါ်ခြင်း မရှိသော်လည်း ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ဖေဖေ မေမေတို့အနေနှင့် ယူဆခဲ့ပါက နှောင့်နှေး ကြန့်ကြာမှု မရှိဘဲ ဆရာဝန်နှင့် ပြသရန် အကြံပြုလိုက်ရပါသည်။

Author : Dr. Moe (ဆေး ၁)

Previous Post

ဗက်တီးရီးယားဆိုတိုင်း ဆိုးသလား

Next Post

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အလွှာခြားတာကောင်းလား?

2 weeks ago
108

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 months ago
121
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 months ago
227

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

2 months ago
212

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

2 months ago
221

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

3 months ago
315

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

နို့တိုက်မိခင်တွေ ကိုဗစ်ဖြစ်လျှင် ကလေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

ရေကြီးမှုဖြစ်ပြီးရင် သတိထားသင့်တဲ့ နောက်ဆက်တွဲရောဂါတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.