နလုံးခုန်သံ နှေးနေသလား
မိမိနှလုံးခုန်သံမြန်တာကို လူအများစုက သတိထားပြီး ကြောက်လန့်တတ်ပေမယ့် နှလုံးခုန်နှေးလာသောအခါ မိမိကိုယ်မိမိသတိထားမိရန်မလွယ်ပါ။ နှလုံးခုန်သံနှေးလာခြင်းသည် ပုံမှန်အသက်ကြီးလာသောအခါနှင့်နားနေစဉ်ဖြစ်နိုင်ပါတယ်။
နှလုံးခုန်စည်းချက်ပြောင်းလဲမူသည် လူတစ်ယောက်ရဲ့လူပ်ရှားမှုပေါ်တွင်လည်း မူတည်ပါတယ်။ ပြင်းထန်သောလူပ်ရှားမူကြောင့် နှလုံးခုန်ခြင်းကို ပိုမိုမြန်စေပါတယ်။ နှလုံးခုန်ခြင်းသည် တစ်မိနစ်ကို ၆၀အောက်ရောက်လျှင် နှလုံးခုန်နှေးနေသည်ဟု ဆိုနိုင်ပါတယ်။ နှလုံးခုန်နှေးခြင်းကြောင့် ခံစားရသောရောဂါလက္ခဏာများမှာ ………….
– မောပန်းနုံးချိလွယ်ခြင်း
– မူးမောခြင်း
– အာရုံရောထွေးခြင်း
– အသက်ရှုမဝခြင်းနှင့် အသက်ရှုရန်ခက်ခဲခြင်းတို့ပင်ဖြစ်ပါတယ်။ ပြင်းထန်သောရောဂါကြောင့် နှလုံးခုန်နှေးလျှင် သေချာကုသမူမပြုပါက အသက်ထိခိုက်နိုင်သော ရောဂါလက္ခဏာများဖြစ်လာနိုင်ပါတယ်။
– နှလုံးရပ်ခြင်း
– ရင်ဘတ်အောင့်ခြင်း
– သွေးကျခြင်း /တက်ခြင်း
– နှလုံးထိခိုက်ခြင်း များဖြစ်ပါတယ်။
ဖြစ်စေသောအကြောင်းအရာများမှာ
လူ့အချို့တွင် နှလုံးခုန်အနည်းငယ်နှေးသော လက္ခဏာများရှိလေ့ရှိပါတယ်။ နှလုံးခုန်နှေးခြင်းသည် လူတိုင်းကုသမူခံယူရန် မလိုအပ်ပါ။ နှလုံးခုန်နှေးသော်လည်း ရောဂါအခံမရှိခြင်းနှင့် အထွေအထူးမည်သည့်လက္ခဏာမှ မခံစားရလျှင် အန္တရာယ်မရှိနိုင်ပါ။ နှလုံးခုန်သည် အသက်ကြီးလာသည်နှင့် အမျှနှေးသွားတတ်သည်။ အသက်ကြီးသူများသည် နှလုံးခုန်နှေးသော်လည်း ဆရာဝန်နှင့် စစ်ဆေးရန်လိုအပ်ပါတယ်။
– နှလုံးတွင်နှလုံးစည်းချက်ကိုထိန်းပေးသောSA nodeတွင် ပြဿနာဖြစ်ခြင်း၊ နှလုံးကြွက်သားဒဏ်ဖြစ်ခြင်း၊ ဆီးချိုနောက်ဆက်တွဲနှင့် နှလုံးသွေးကြောရောဂါနောက်ဆက်တွဲတို့ကြောင့်ဖြစ်နိုင်ပါတယ်။
– ဟော်မုန်းပြောင်းလဲမူများကြောင့် နှလုံးခုန်နှေးနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းလျှင် သွေးကြောများအပေါ်သက်ရောက်မူရှိပြီး နှလုံးခုန်နှေးကာ သွေးပေါင်ကျစေပါတယ်။ သိုင်းရွိုက်ဟော်မုန်းကျခြင်းသည် အသက်ငယ်ရွယ်သူများတွင်ဖြစ်ပွားလေ့ရှိပါတယ်။
– သွေးတိုးရှိသူနှင့် နှလုံးရောဂါရှိသူများအတွက် ကုသမူခံယူရသော ဆေးဝါးများကြောင့် နှလုံးခုန်နှေးစေပါတယ်။
– အောက်ဆီဂျင်လုံလောက်စွာမရသော အဆုတ်ရောဂါများတွင် နှလုံးခုန်နှေးစေပါတယ်။ထို့ကြောင့် နှလုံးနှေးစေသော အကြောင်းအရာများကို ကုသရန်လိုအပ်ပါတယ်။
ဘယ်အချိန်ဆရာဝန်နှင့်ပြသသင့်သလဲ
ကလေးလူကြီးမရွေး နှလုံးခုန်နှေးပြီး ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မေ့လဲခြင်းဖြစ်ပါက ဆေးရုံသို့အမြန်သွားပါ။
ထို့အပြင် နှလုံးခုန်နှေးသည်မှာ ………………
– အကြောင်းရင်းမရှိရက်အတန်ကြာခြင်း
– ဆီးချိုရှိခြင်း။ဆေးလိပ်သောက်ခြင်း
– နှလုံးရောဂါရှိခြင်း
– နှလုံးခုန်နူန်းအတက်အကျမမှန်ခြင်းစသည်တို့ဖြစ်ပါက နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်သေချာကုသပါ။
ကုသမူ
နှလုံးခုန်နှေးတိုင်း ကုသမူမလိုအပ်သော်လည်း ပြင်းထန်သောနှလုံးခုန်နှေးခြင်းသည် ကုသမူခံယူရန်အထူးလိုအပ်ပါတယ်။ နှလုံးခုန်မူကို ထိန်းညှိပေးသော ကိရိယာတပ်ခြင်းဖြင့်နှလုံးခုန်မူကို မြန်စေသောကုသမူကိုပြုလုပ်နိုင်ပါတယ်။ အခြားသောအကြောင်းအရင်းများအပေါ်မူတည်၍
– သောက်နေဆဲဆေးဝါးများပြောင်းလဲခြင်း
– သိုင်းရွိုက်အတွက်ကုသမူပေးခြင်း
– နေထိုင်မူပုံစံပြောင်းလဲခြင်း ဆေးလိပ်ဖြတ်ခြင်း
– နှလုံးခုန်ခြင်းကိုစောင့်ကြည့်ခြင်းစသည်တို့ဖြစ်ပါတယ်။
Dr. ပြည့်ရှင်း