(Zawgyi ျဖင့္ ဖတ္ရန္)
ကားမူးတယ္ဆိုတာလည္း ျဖစ္ေလ့ျဖစ္ထရွိေနတဲ့ ေရာဂါတစ္ခုပါ။ လြယ္လြယ္ကူကူ ေျပာလိုက္တာကေတာ့ ကားမူးတာပါ။ တခ်ိဳ႕က် ကားမူးတယ္၊ တခ်ိဳ႕က် ကားစီးမွ မဟုတ္ဘူး၊ ရထားစီး၊ cycle စီးမူးေနတာပဲ။
ဘာေၾကာင့္ျဖစ္တာလဲေပါ့၊ အဓိကကေတာ့ လႈပ္လႈပ္ရွားရွား တုန္ခါတာ (vibration) ကိုမခံႏိုင္တာပါ။ အာ႐ုံေၾကာေရာဂါလို႔ေတာ့ ေျပာမရေပမယ့္ အာ႐ုံေၾကာနဲ႔လည္းဆိုင္ပါတယ္။ ကားစီးလို႔လူက်ပ္မွ မူးတာမ်ိဳး မဟုတ္ပါဘူး။ သက္ေတာင့္သက္သာ သြားရတဲ့ခရီးလည္း မူးပါတယ္။
မူးတဲ့အခါ ရိပ္တိပ္တိပ္မူးတာလည္း ရွိသလို လည္ေနတာပဲ ဆိုၿပီးလည္း လာတက္ၾကတယ္။ အန္ခ်င္စိတ္လည္း ျဖစ္တယ္။ အန္လည္းအန္ႏိုင္တယ္။အၿပီးေပ်ာက္ေအာင္ေတာ့ ျပန္ကုလို႔မရဘူး။ ဒါေပမယ့္ အတတ္ႏိုင္ဆုံး မျဖစ္ေစဖို႔ ႀကိဳတင္ျပဳလုပ္ရမယ့္ လိုက္နာရမယ့္အခ်က္ေလးေတြေတာ့ ရွိတယ္။ ထိန္းေပးလို႔ရတာေပါ့။
ကေလးအ႐ြယ္တည္းက ႀကိဳတင္ျပင္ဆင္ၾကရေအာင္ပါ။ ကေလးငယ္ေတြ ကားစစီးတဲ့အခါမွာ သက္ေတာင့္သက္သာရွိေစခ်င္တယ္။ ေလဝင္ေလထြက္ေကာင္းေနဖို႔လိုတယ္။ ခရီးလည္းမေဝးေစပါနဲ႔။ ကားစီးေနတာ စသတိထားမိတဲ့အ႐ြယ္မွာ ကားမူးတာ စျဖစ္လာရင္ ေနာက္ပိုင္းေတာက္ေလွ်ာက္ အက်င့္ပါသြားတက္တယ္။ျဖစ္တတ္ေနတဲ့သူေတြအတြက္ကေတာ့ အတက္ႏိုင္ဆုံး မျဖစ္ေအာင္ႀကိဳတင္ျပင္ဆင္ရမွာပါ။ အိပ္ေရးပ်က္ခံလို႔မျဖစ္ဘူး။
အိပ္ပ်က္တဲ့အခါ ပိုျဖစ္လြယ္တယ္။ ခရီးတစ္ခုမသြားခင္မွာ အစားသိပ္မစားတက္ၾကဘူး။ မူးၿပီး အန္မွာစိုးလို႔ပါတဲ့။ အျပည့္ႀကီးမစားခ်င္ရင္ေတာ့ နည္းနည္းေတာ့စားဖို႔လိုတယ္။ အီတဲ့အစားေတြ အဆီအဆိမ့္ေတြ ေနာက္ၿပီး ေပါ့ေပါ့ပါးပါးအစားေတြ စားလို႔ရတယ္။ ခ်ိဳခ်ဥ္ေတြ အသီးအႏွံေတြ စားသင့္တယ္။ သီးစုံဓာတ္ဆားလိုမ်ိဳး ေဖ်ာ္ရည္ေတြလည္း ေဆာင္သင့္ေဆာင္ရတယ္။
ကားစီးတဲ့အခါ ေလေကာင္းေလသန႔္ရဖို႔လည္းလိုတယ္။ မြန္းေနရင္ပိုျဖစ္တက္လို႔ပါ။ ေလေကာင္းေလသန႔္ရေအာင္ ျပတင္းေပါက္နဲ႔ နီးတဲ့ေနရာေတာ့ ေနလို႔ရတယ္။ ဒါေပမယ့္ ေ႐ြ႕ေနတဲ့ပုံရိပ္ေတြက ပိုမူးေစတက္တယ္။ မ်က္စိမွိတ္ထားရင္ သက္သာတတ္တယ္။ တခ်ိဳ႕ေတြမွာ ကားစီးတဲ့အခါ လည္ပင္းေနရာအတြက္ လုပ္ထားတဲ့ေခါင္းအုံးမ်ိဳးေတြသုံးရင္ သက္သာတက္ၾကတယ္။ လႈပ္ရွားေနတာကို မသိသာေအာင္ လုပ္ေပးသလိုျဖစ္ေနတာလည္း ပါတာေၾကာင့္ပါ။
အဓိကကေတာ့ ကားမူးတက္တဲ့သူေတြ ခရီးတစ္ခုသြားေတာ့မယ္ ကားစီးေတာ့မယ္ဆို ႀကိဳတင္ျပင္ဆင္ခဲ့ပါ။ ကားက်ပ္လြန္းတာေတြ မစီးနဲ႔၊ ပိုဆိုးမယ္။ ရွဴေဆးဘူးလည္းေဆာင္ရမယ္၊ အိတ္အပိုလည္းေဆာင္ရမယ္။ အေပၚမွာေျပာတဲ့ ေဆာင္ရန္ ေရွာင္ရန္ေလးေတြလည္း လုပ္ေပးရတယ္။တခ်ိဳ႕ေတြ ေဆးႀကိဳေသာက္တက္တယ္၊ အၿမဲကားမူးေနတာပဲဆိုရင္ေတာ့ နီးစပ္ရာေဆးခန္းေတြမွာ ဆရာဝန္ေတြနဲ႔လည္း တိုင္ပင္ေဆြးေႏြးလို႔ရပါတယ္။
Author: Dr.CST
(Unicode)
ကားမူးတယ်ဆိုတာလည်း ဖြစ်လေ့ဖြစ်ထရှိနေတဲ့ ရောဂါတစ်ခုပါ။ လွယ်လွယ်ကူကူ ပြောလိုက်တာကတော့ ကားမူးတာပါ။ တချို့ကျ ကားမူးတယ်၊ တချို့ကျ ကားစီးမှ မဟုတ်ဘူး၊ ရထားစီး၊ cycle စီးမူးနေတာပဲ။
ဘာကြောင့်ဖြစ်တာလဲပေါ့၊ အဓိကကတော့ လှုပ်လှုပ်ရှားရှား တုန်ခါတာ (vibration) ကိုမခံနိုင်တာပါ။ အာရုံကြောရောဂါလို့တော့ ပြောမရပေမယ့် အာရုံကြောနဲ့လည်းဆိုင်ပါတယ်။ ကားစီးလို့လူကျပ်မှ မူးတာမျိုး မဟုတ်ပါဘူး။ သက်တောင့်သက်သာ သွားရတဲ့ခရီးလည်း မူးပါတယ်။
မူးတဲ့အခါ ရိပ်တိပ်တိပ်မူးတာလည်း ရှိသလို လည်နေတာပဲ ဆိုပြီးလည်း လာတက်ကြတယ်။ အန်ချင်စိတ်လည်း ဖြစ်တယ်။ အန်လည်းအန်နိုင်တယ်။အပြီးပျောက်အောင်တော့ ပြန်ကုလို့မရဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး မဖြစ်စေဖို့ ကြိုတင်ပြုလုပ်ရမယ့် လိုက်နာရမယ့်အချက်လေးတွေတော့ ရှိတယ်။ ထိန်းပေးလို့ရတာပေါ့။
ကလေးအရွယ်တည်းက ကြိုတင်ပြင်ဆင်ကြရအောင်ပါ။ ကလေးငယ်တွေ ကားစစီးတဲ့အခါမှာ သက်တောင့်သက်သာရှိစေချင်တယ်။ လေဝင်လေထွက်ကောင်းနေဖို့လိုတယ်။ ခရီးလည်းမဝေးစေပါနဲ့။ ကားစီးနေတာ စသတိထားမိတဲ့အရွယ်မှာ ကားမူးတာ စဖြစ်လာရင် နောက်ပိုင်းတောက်လျှောက် အကျင့်ပါသွားတက်တယ်။ဖြစ်တတ်နေတဲ့သူတွေအတွက်ကတော့ အတက်နိုင်ဆုံး မဖြစ်အောင်ကြိုတင်ပြင်ဆင်ရမှာပါ။ အိပ်ရေးပျက်ခံလို့မဖြစ်ဘူး။
အိပ်ပျက်တဲ့အခါ ပိုဖြစ်လွယ်တယ်။ ခရီးတစ်ခုမသွားခင်မှာ အစားသိပ်မစားတက်ကြဘူး။ မူးပြီး အန်မှာစိုးလို့ပါတဲ့။ အပြည့်ကြီးမစားချင်ရင်တော့ နည်းနည်းတော့စားဖို့လိုတယ်။ အီတဲ့အစားတွေ အဆီအဆိမ့်တွေ နောက်ပြီး ပေါ့ပေါ့ပါးပါးအစားတွေ စားလို့ရတယ်။ ချိုချဉ်တွေ အသီးအနှံတွေ စားသင့်တယ်။ သီးစုံဓာတ်ဆားလိုမျိုး ဖျော်ရည်တွေလည်း ဆောင်သင့်ဆောင်ရတယ်။
ကားစီးတဲ့အခါ လေကောင်းလေသန့်ရဖို့လည်းလိုတယ်။ မွန်းနေရင်ပိုဖြစ်တက်လို့ပါ။ လေကောင်းလေသန့်ရအောင် ပြတင်းပေါက်နဲ့ နီးတဲ့နေရာတော့ နေလို့ရတယ်။ ဒါပေမယ့် ရွေ့နေတဲ့ပုံရိပ်တွေက ပိုမူးစေတက်တယ်။ မျက်စိမှိတ်ထားရင် သက်သာတတ်တယ်။ တချို့တွေမှာ ကားစီးတဲ့အခါ လည်ပင်းနေရာအတွက် လုပ်ထားတဲ့ခေါင်းအုံးမျိုးတွေသုံးရင် သက်သာတက်ကြတယ်။ လှုပ်ရှားနေတာကို မသိသာအောင် လုပ်ပေးသလိုဖြစ်နေတာလည်း ပါတာကြောင့်ပါ။
အဓိကကတော့ ကားမူးတက်တဲ့သူတွေ ခရီးတစ်ခုသွားတော့မယ် ကားစီးတော့မယ်ဆို ကြိုတင်ပြင်ဆင်ခဲ့ပါ။ ကားကျပ်လွန်းတာတွေ မစီးနဲ့၊ ပိုဆိုးမယ်။ ရှူဆေးဘူးလည်းဆောင်ရမယ်၊ အိတ်အပိုလည်းဆောင်ရမယ်။ အပေါ်မှာပြောတဲ့ ဆောင်ရန် ရှောင်ရန်လေးတွေလည်း လုပ်ပေးရတယ်။တချို့တွေ ဆေးကြိုသောက်တက်တယ်၊ အမြဲကားမူးနေတာပဲဆိုရင်တော့ နီးစပ်ရာဆေးခန်းတွေမှာ ဆရာဝန်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
Author: Dr.CST