fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ဓာတ်ကျခြင်းအပေါ် ပြောကြစို့ (Depression Let’s talk)

32
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/04/2017
in ကျန်းမာသောစိတ်, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(၂၀၁၇)ခုနှစ် ဧပြီလ(၇)ရက်နေ့ဟာကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day) ဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဧပြီလ(၇)ရက်ကမ္ဘာ့ကျန်းမာရေးနေ့မှာ ဆောင်ပုဒ်တစ်ခုချမှတ်ကာ ကျန်းမာရေး အခမ်းအနားများ ကျင်းပပြုလုပ်ဆွေးနွေး ဟောပြောလေ့ရှိပါတယ်။ ယခုနှစ်အတွက်ဆောင်ပုဒ်က စိတ်ဓာတ်ကျခြင်းကို ပြောကြစို့ (Depression Let’ talk) ဖြစ်တယ်။
လူတိုင်းစိတ်ဓာတ်ကျခြင်းကို မလွဲမသွေခံစားကြရတယ်။ ကိုယ့်ရည်မှန်းချက်မပြည့်ဝခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်း၊ လုပ်သလောက်အောင်မြင်မှုမရခြင်း၊ စာမေးပွဲကျခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ သွေးသားရင်းထဲမှ တစ်ဦးဦးရုတ်တရက်သေဆုံးခြင်းတို့မှာ စိတ်ဓာတ်ကျတက်ကြတယ်။

လူနဲ့ပတ်ဝန်းကျင်ဟာအပြန်အလှန်ထိတွေ့ဆက်ဆံရာက ဖြစ်ပေါ်လာတဲ့ တုံ့ပြန်ခံစားမှုအပေါ် မကောင်းမြင်ခြင်း(သို့)ဖြေမဆည်နိုင်ခြင်းဟာ စိတ်ဓာတ်ကျခြင်းအခြေခံပဲဖြစ်တယ်။
စိတ်ဓာတ်ကျတိုင်းဆိုးကျိုးချည်းမဟုတ်ပါဘူး။ အချို့စိတ်ဓာတ်ကျတာဟာ နောက်ထပ်အဆိုးကို မလုပ်မိစေဖို့ ရှောင်လွဲသွားစေတယ်။ကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်သွားနိုင်ပါတယ်။
စိတ်ဓာတ်ကျခြင်း ဘယ်ကစသလဲဆိုရင် မိမိရဲ့စိတ်နေသဘောထား လူ့အောက်ကျို့ဆက်ဆံခြင်း ပတ်ဝန်းကျင်ဂေဟစနစ်တို့ကနေစပါတယ်။

မိမိစိတ်နေသဘောထားနှင့်စိတ်ဖိစီးမှုမှာ သိမ်ငယ်စိတ်၊ အရှက်အကြောက်ကြီးလွန်းခြင်း၊ ဝါကြွားခြင်း၊ ခေါင်းမာတယူသန်ခြင်း၊ မနာလိုဝန်ခြင်း၊ သံသယလွန်စိတ်၊ လောဘဒေါသ ကြီးလွန်းခြင်းစတဲ့စိတ်နေသဘောထားတွေက စိတ်ဖိစီးမှုစတင်တဲ့ စိတ်ဓာတ်ကျခြင်း ဖြစ်စေတဲ့အကြောင်းရင်းခံတွေပါပဲ။
မိမိစိတ်နဲ့ လူအချင်းချင်းဆက်ဆံရာမှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ အရှက်ကွဲအကျိုးနည်းရင် စိတ်ဖိစီးမှုလွန်ကဲလာကာ စိတ်ဓာတ်ကျခြင်းခံစားကြရတယ်။
ပတ်ဝန်းကျင်ဂေဟစနစ်အရ လူတို့ရဲ့ရုပ်ပိုင်းစိတ်ပိုင်း လူမှုရေးစီးပွားရေးနိုင်ငံရေးပညာရေးနဲ့ ဝိဉာန်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ဂေဟစနစ်နဲ့ ကင်းပြီးမနေနိုင်ပါ။ ယင်းပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ရင်အေ နှးနှင့်အမြန်စိတ်ဓာတ်ကျခြင်းဖြစ်စေတယ်။

နည်းပညာနှင့်စိတ်ဓာတ်ကျခြင်း လျင်မြန်စွာတိုးတက်လာတဲ့ နည်းပညာအကျိုးကျေးဇူးတွေကြောင့် ရုပ်မြင်သံကြား၊ အင်တာနက်၊ ဖေ့ဘွတ်လူမှုကွန်ရက်အခြား အီလက်ထရွန်နစ်ဆက်သွယ်ရေးစနစ်တွေဟာ လူတို့ရဲ့ကောင်းကျိုးသာမက ဆိုးကျိုးများကြုံတွေ့ကြရတယ်။ အတူနေချစ်သူ(သို့) အိမ်ထောင်ကျနှစ်ဦးသား နေထိုင်စဉ်က အမှတ်တမဲ့ရိုက်ယူထားမိတဲ့`ရုပ်ပုံ`တွေ ဗီဒီယိုဖိုင်တွေဖေ့ဘွတ်ပေါ်တင်ပြီး အရှက်ကွဲလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလောက်အောင် စိတ်ဓာတ်ကျခြင်းကြုံရနိုင်တယ်။ အချို့လည်း ဖေ့ဘွတ်ကနေဆဲရေးတိုင်းထွာခံရလို့ အရှက်ကွဲလို့ စိတ်ဓာတ်ကျရတယ်။
ဖေ့ဘွတ်လူမှုကွန်ရက်ကို သာမန်ဖတ်ရုံလောက် သတင်းစာဖတ်သလောက်ထားသင့်တယ်။ ကိုယ့်ရဲ့ထင်မြင်ချက်တွေရေးသားမှုတွေဟာ ကိုယ့်ဖက်ပြန်လှည့်လာရင် ခံနိုင်ရည်မရှိတဲ့အခါစိတ်ဓာတ်ကျတယ်။ အချို့အချိန်အားရတိုင်းဖုန်းပွတ်နေတာမျိုး ဂိမ်းဆော့နေတာမျိုးဟာ ကိုယ့်စိတ်ကိုတည်ငြိမ်အောင် ချုပ်ထိန်းထားနိုင်တာမှန်ပေမယ့် အတိုင်းထက်အလွန်စွဲလန်းကာအအိပ်ပျက် အစားပျက်ရင်စိတ်ဓာတ်ကျလာတယ်။ ပတ်ဝန်းကျင်မှာ ကိုယ်တစ်ယောက်တည်းနေရသူများဆိုရင် ကိုယ့်ကိုယ်ကိုကုစားဖို့ခက်လာတယ်။

စိတ်ဓာတ်ကျခြင်းကို ကုစားရာမှာရှောင်ရှားခြင်း(Avoid)၊ ပုံစံပြောင်းခြင်း(Alter)၊ ပြောင်းလွယ်ပြင်လွယ်ခြင်း(Adapt)၊ ကျေကျေနပ်နပ်လက်ခံခြင်း (Accept) ဆိုပြီးရှိတယ်။
ရှောင်ရှားခြင်း (Avoid) အပြင်သိပ္ပံပညာရှင်အိုင်းစတိုင်းက “ပြဿနာတစ်ရပ်ဖြေရှင်းလိုပါရင် ယင်းပြဿနာ စတင်ဖြစ်ပေါ်စဉ်ကထားရှိတဲ့ စိတ်နေစိတ်ထား အယူအဆ အမြင်ဝါဒထက် ပိုမိုကြီးမြတ်မြင့်မားတဲ့ စိတ်သဘောထားအမြင်သစ်နဲ့ချဉ်းကပ်ပါ” လို့ဆိုခဲ့တဲ့အတိုင်းရင်ဆိုင်ဖြေရှင်းရမယ်။ အမြင်သစ်အယူအဆသစ်နဲ့ ပုံပြောင်းပြီးချဉ်းကပ်ဖြေရှင်းသင့်ပါတယ် (Alter)။ ပြောင်းလွယ်ပြင်လွယ်စိတ် (Adapt) ဟာတစ်ဖက်မှာအယူအဆ ပန်းတိုင်ကိုပြောင်းလဲခြင်းမျိုးမှာ မသုံးသင့်ပဲ ဝင်ငွေထွက်ငွေမမျှပါက ဝင်ငွေထွက်ငွေမျှအောင် မိမိရဲ့နေထိုင်မှုစနစ်ပုံစံကို အလိုက်သင့်ပြောင်းပစ်ဖို့လိုတယ်။ ကျေကျေနပ်နပ်လက်ခံ (Accept) ဟာ လူတိုင်းကျင့်သုံးသင့်တယ်။ မိမိအစွမ်းရှိသလောက် ရင်ဆိုင်ဖြေရှင်းပါ။ ရရှိမှုအပေါ် ကျေကျေနပ်နပ်လက်ခံသင့်တယ်။ တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းကောင်းနဲ့မအောင်လို့ စိတ်ဓာတ်ကျနေမယ့်အစား ရရှိတဲ့အမှတ်နဲ့ မေဂျာဘာသာတွဲတစ်ခုခုမှာ ထူးချွန်အောင်ကြိုးစားပါ။

စိတ်ဓာတ်ကျခြင်းကို စီသုံးလုံး လူ(Community) ပရဟိတ (Contribution) အကြင်နာ (Compassion) ထားတက်ရင်ကုစားနိုင်တယ်။ လူ (Community) မှာမိသားစု၊ အိမ်နီးချင်း၊ မြို့ရွာ၊ နိုင်ငံ၊ လူမျိုး၊ ဘာသာအပေါ် သဟဇာတဆက်ဆံရေး တည်ဆောက်ဖို့လိုတယ်။ ဒါမှပျော်ရွှင်တဲ့ဘဝတည်ဆောက်နိုင်မယ်။

ပရဟိတ (Contribution Service) မှာမိမိတက်စွမ်းသမျှလူမှုရေးအလုပ်တွေလုပ်ပေးသင့်တယ်။ ယင်းပတ်ဝန်းကျင်အဖွဲ့အစည်းက သင်စိတ်ဓာတ်ကျတဲ့အချိန်မှာ ဖေးဖေးမမကူညီ လက်တွဲခေါ်ယူမှာဖြစ်တယ်။ အကြင်နာ (Compassion) ကစိတ်ဓာတ်ကျခြင်းကုစားရာမှာ ‘အကြင်နာတရား’ ကသာကုစားနိုင်လိမ့်မယ်။

တနည်းအားဖြင့်ဆပ်ပြာ (SOAP) နဲ့သဘောချင်းတူတယ်။ လူမှုဝန်းကျင် (social) အတွင်းဝင်ဆံ့ရမယ်။ အကောင်းမြင်စိတ် (O.Optimistism) ရှိရမယ်။ အရာရာကို အကောင်းမြင်ခြင်းဟာ အပြုသဘောဆောင်တယ်။ ပူဇော်ခြင်း (A.Appreciate) ဆိုတာမိဘ၊ ဆရာသမားတွေအပေါ် ပူဇော်ဦးညွှတ်ခြင်းဟာ “မင်္ဂလာ” ဖြစ်တယ်။ ဆရာမိဘတွေဟာစိတ်ဓာတ်ကျခြင်းကုစားစေတယ်။ ကြံ့ကြံ့ခံမှု (P.Purpose driven life) ဆိုတာရည်မှန်းချက်ပန်းတိုင်အပျောက်မခံပဲ ခိုင်ခိုင်မာမာထားကာ မရောက်ရောက်အောင်သွားရောက်ခြင်းပဲဖြစ်တယ်။
နောက်ကုစားမှုတစ်မျိုးက ဘာသာတရား ရှုမှတ်ခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ နှလုံးသွင်းမှန်တဲ့ကျင့်စဉ်ရှိတယ်။ ဝင်လေထွက်လေမှာ အမှတ်စိပ်လာရင်စိတ်က ဘယ်မှမသွားပဲ ငြိမ်းအေးချမ်းသာရရှိစေပါတယ်။

Author: Dr. လင်းသန့်

Previous Post

ကားမူးခြင်း

Next Post

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သောဆိုးကျိုးခုနစ်သွယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
673

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
646
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.9k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.6k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.7k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သောဆိုးကျိုးခုနစ်သွယ်

အရိုးပွရောဂါ

ကလေးငယ်နှင့် ရုပ်ရှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.