(Zawgyi)
ေသြးအားနည္းေရာဂါ ျဖစ္ေစေသာ အေၾကာင္းမ်ားစြာ ရွိသည့္အနက္ သံဓာတ္ခ်ိဳ႕တဲ့ျခင္း ေၾကာင့္ျဖစ္ေသာ ေသြးအားနည္းေရာဂါသည္ ျမန္မာႏိုင္ငံတြင္ မရွားပါးေပ။ အသက္အ႐ြယ္၊ က်ားမ မေ႐ြးျဖစ္ႏိုင္ေသာ္လည္း ရာသီေသြးဆင္းေနေသာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားတြင္ ပိုမိုေတြ႕ရတတ္သည္။
ဘာေၾကာင့္ျဖစ္တာလဲ ?
(၁) သံဓာတ္ပါဝင္ေသာ အစားအစာစားသုံးမႈနည္းျခင္း
ဥပမာ ။ ။ အစားေ႐ြးသူ၊ အစားေရွာင္စားသူမ်ား၊ အသားေရွာင္သူမ်ား။ ၆ လမွ ၂၄ လအတြင္းကေလးငယ္မ်ား သည္ မိခင္ႏို႔ျဖတ္ၿပီးေနာက္ ျဖည့္စြက္အစာမ်ား၊ ႏို႔ဗူးမ်ား တိုက္ေကြၽးေနစဥ္ ကေလးငယ္တြင္ သံဓာတ္ခ်ိဳ႕တဲ့ႏိုင္ ေခ်ရွိပါသည္။ ထို႔ေၾကာင့္ သံဓာတ္ပါဝင္ေသာ အားေဆးမ်ား၊ အစာမ်ားကိုလည္း ျဖည့္စြက္တိုက္ေကြၽးသင့္ပါ သည္။
(၂) သံဓာတ္ပါဝင္ေသာ အစာမ်ားစားေသာ္လည္း အစာအိမ္ႏွင့္ အူလမ္းေၾကာင္းေရာဂါေၾကာင့္ ေသာ္လည္း ေကာင္း၊ ခြဲစိပ္ျဖတ္ထုတ္ထားျခင္းေၾကာင့္ သံဓာတ္စုပ္ယူမႈနည္းပါးျခင္း။
(၃) ဖြံ႕ၿဖိဳးဆဲ ကေလးငယ္မ်ားႏွင့္ ကိုယ္ဝန္ေဆာင္မ်ားတြင္ သံဓာတ္ပိုလိုအပ္ျခင္း။
(၄) လိပ္ေခါင္းေရာဂါ၊ ခ်ိတ္သန္ေကာင္မ်ား ရွိျခင္းကဲ့သို႔ မၾကခဏေသြးယို၊ ေသြးထြက္ေသာေရာဂါမ်ား တို႔ေၾကာင့္ ျဖစ္ႏိုင္သည္။
ေသြးအားနည္းေရာဂါေၾကာင့္ ေတြ႕ရေသာ လကၡဏာမ်ားမွာ-မူးျခင္း၊ ေမာျခင္း၊ ရင္တုန္ျခင္း၊ အားအင္ကုန္ခမ္းၿပီး ေမာပန္းလြယ္ျခင္း၊ အစားအေသာက္ပ်က္ျခင္း စသျဖင့္ အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါသည္။ ဆိုးလွ်င္ ႏွလုံးေရာဂါအထိ ေတာင္ျဖစ္ႏိုင္ပါသည္။ ထို႔အျပင္ ေရာဂါျဖစ္ေစေသာ အေၾကာင္းေပၚမူတည္၍ သက္ဆိုင္ရာ လကၡဏာမ်ား လည္း ေတြ႕ရပါသည္။ ဥပမာ-ဝမ္းမည္းမည္းသြားျခင္း၊ မၾကာခဏေသြးအန္ျခင္း။
ကာကြယ္ျခင္းသည္ ကုသျခင္းထက္ပို ထိေရာက္သည္ဟူေသာ စကားႏွင့္အညီ အစာအာဟာရမ်ား ျပည့္ဝစုံလင္စြာ စားေသာက္ျခင္း၊ သံဓာတ္ပါဝင္ေသာ အားေဆးမ်ား ပုံမွန္ေသာက္ျခင္း၊ အနည္းဆုံး ၆လတစ္ ႀကိမ္သန္ခ်ျခင္း စသည့္နည္းလမ္းမ်ားျဖင့္ သံဓာတ္ခ်ိဳ႕တဲ့ျခင္း ကိုကာကြယ္ႏိုင္ပါသည္။
သံဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္ေသာ ေသြးအားနည္းေရာဂါကို ကုသရာတြင္ သံဓာတ္ျပန္လည္ျဖည့္တင္း ႐ုံမွ်မက ဘာေၾကာင့္သံဓာတ္နည္းေစလဲဆိုတဲ့ ေရာဂါျဖစ္ေစေသာ အေၾကာင္းကိုပါ စစ္ေဆးရွာေဖြကုသသင့္ပါ တယ္။
AUTHOR – Dr. CST
သွေးအားနည်းရောဂါ ဖြစ်စေသော အကြောင်းများစွာ ရှိသည့်အနက် သံဓာတ်ချို့တဲ့ခြင်း ကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် မြန်မာနိုင်ငံတွင် မရှားပါးပေ။ အသက်အရွယ်၊ ကျားမ မရွေးဖြစ်နိုင်သော်လည်း ရာသီသွေးဆင်းနေသော အမျိုးသမီးများနှင့် ကလေးငယ်များတွင် ပိုမိုတွေ့ရတတ်သည်။
ဘာကြောင့်ဖြစ်တာလဲ ?
(၁) သံဓာတ်ပါဝင်သော အစားအစာစားသုံးမှုနည်းခြင်း
ဥပမာ ။ ။ အစားရွေးသူ၊ အစားရှောင်စားသူများ၊ အသားရှောင်သူများ။ ၆ လမှ ၂၄ လအတွင်းကလေးငယ်များ သည် မိခင်နို့ဖြတ်ပြီးနောက် ဖြည့်စွက်အစာများ၊ နို့ဗူးများ တိုက်ကျွေးနေစဉ် ကလေးငယ်တွင် သံဓာတ်ချို့တဲ့နိုင် ချေရှိပါသည်။ ထို့ကြောင့် သံဓာတ်ပါဝင်သော အားဆေးများ၊ အစာများကိုလည်း ဖြည့်စွက်တိုက်ကျွေးသင့်ပါ သည်။
(၂) သံဓာတ်ပါဝင်သော အစာများစားသော်လည်း အစာအိမ်နှင့် အူလမ်းကြောင်းရောဂါကြောင့် သော်လည်း ကောင်း၊ ခွဲစိပ်ဖြတ်ထုတ်ထားခြင်းကြောင့် သံဓာတ်စုပ်ယူမှုနည်းပါးခြင်း။
(၃) ဖွံ့ဖြိုးဆဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များတွင် သံဓာတ်ပိုလိုအပ်ခြင်း။
(၄) လိပ်ခေါင်းရောဂါ၊ ချိတ်သန်ကောင်များ ရှိခြင်းကဲ့သို့ မကြခဏသွေးယို၊ သွေးထွက်သောရောဂါများ တို့ကြောင့် ဖြစ်နိုင်သည်။
သွေးအားနည်းရောဂါကြောင့် တွေ့ရသော လက္ခဏာများမှာ-မူးခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း၊ အားအင်ကုန်ခမ်းပြီး မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါသည်။ ဆိုးလျှင် နှလုံးရောဂါအထိ တောင်ဖြစ်နိုင်ပါသည်။ ထို့အပြင် ရောဂါဖြစ်စေသော အကြောင်းပေါ်မူတည်၍ သက်ဆိုင်ရာ လက္ခဏာများ လည်း တွေ့ရပါသည်။ ဥပမာ-ဝမ်းမည်းမည်းသွားခြင်း၊ မကြာခဏသွေးအန်ခြင်း။
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို ထိရောက်သည်ဟူသော စကားနှင့်အညီ အစာအာဟာရများ ပြည့်ဝစုံလင်စွာ စားသောက်ခြင်း၊ သံဓာတ်ပါဝင်သော အားဆေးများ ပုံမှန်သောက်ခြင်း၊ အနည်းဆုံး ၆လတစ် ကြိမ်သန်ချခြင်း စသည့်နည်းလမ်းများဖြင့် သံဓာတ်ချို့တဲ့ခြင်း ကိုကာကွယ်နိုင်ပါသည်။
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါကို ကုသရာတွင် သံဓာတ်ပြန်လည်ဖြည့်တင်း ရုံမျှမက ဘာကြောင့်သံဓာတ်နည်းစေလဲဆိုတဲ့ ရောဂါဖြစ်စေသော အကြောင်းကိုပါ စစ်ဆေးရှာဖွေကုသသင့်ပါ တယ်။
AUTHOR – Dr. CST