ဖျားနာခြင်းမှသည် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သော ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးခြင်းဖြင့် အကောင်းဆုံး ကာကွယ်နိုင်
ရာသီအကူးအပြောင်းအချိန်မှာ ပိုအဖြစ်များပြီး အချိန်တိုင်းမှာလည်း ဗိုင်းရပ်စ်ပိုး ပျံ့နှံ့လွယ်တဲ့အတွက် တုပ်ကွေးရောဂါဟာ အဖြစ်များလှပါတယ်၊၊ ရာသီတုပ်ကွေးဆိုတာ လူတစ်ဦးကနေ အခြားလူတစ်ဦးဆီ လွယ်လွယ်ကူကူ ကူးစက်နိုင်တဲ့ ပြင်းထန်တဲ့ ဗိုင်းရပ်ကူးစက်မှုပဲ ဖြစ်ပါတယ်၊၊ တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီဆိုရင်တော့ ဖျားနာတဲ့ ေ၀ဒနာကို စတင်ခံစားရပါမယ်၊၊ ဒါဟာ အချိန်တန် ပျောက်သွားမယ့် ဖျားနာမှု အသေးစားလေးပဲလို့ ခပ်ပေါ့ပေါ့လေး မနေသင့်ပါဘူး၊၊
မိသားစုထဲမှာ အသက် ၆လမှ ၂နှစ်အရွယ် ကလေးငယ်တွေ၊ ကိုယ်၀န်လေးလနဲ့အထက် ကိုယ်၀န်ဆောင် အမျိုးသမီးတွေ၊ အသက် ၆၅နှစ်နဲ့ အထက် ဘိုးဘိုးဘွားဘွားတွေ၊ ဒါမှမဟုတ် နာတာရှည် ဆေးကုသမှု ခံယူထားတဲ့သူတွေရှိနေပြီလား၊၊ ဒါဆိုရင်တော့ သင့်အနေနဲ့ ရာသီတုပ်ကွေးကို ပိုပြီး ဂရုစိုက်ဖို့ နေပါပြီ၊၊
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား၀န်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ဆိုရင် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ရက်နေ့ကနေ ဩဂုတ် လ ၁၀ ရက်နေ့ အထိ တုပ်ကွေးကူးစက်သူ ဦးရေဟာ ၁၃,၀၄၈ ဖြစ်ပြီး သေဆုံးသူ ၆၈ အထိ ရှိခဲ့ပါတယ်၊၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရရင် ဧရာ၀တီတိုင်းဒေသကြီးအတွင်းမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်၊၊ ဒုတိယ အများဆုံး တုပ်ကွေးဗိုင်းရပ်စ် ကူးစက်တဲ့ ဒေသတွေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ပဲ ဖြစ်ပါတယ်၊၊ WHO ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာလည်း ဗိုင်းပ်စ်ပိုးဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုရင်တော့ ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို ကူးစက်နိုင်ပြီး နာမကျန်းဖြစ်နိုင်တဲ့အပြင် သေဆုံးတဲ့ အခြေအနေအထိ ကူးစက်နိုင်လို့ အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်၊၊ WHO ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့ အသက်အန္တရာယ် အစိုးရိမ်ရဆုံး အသက်အရွယ် အပိုင်းအခြားတွေကတော့ ကိုယ်၀န်ဆောာင်အမျိုးသမီးတွေ၊ အသက် ၆၅နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေ၊ အသက် ၆လကနေ အသက် ၅နှစ်အရွယ်ကလေးသူငယ်တွေ၊ နာတာရှည် ဆေးကုသမှု ခံယူထားသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့၀◌န်ထမ်းတွေပဲ ဖြစ်ပါတယ်၊၊
ဒါဆို ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းပြီး အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ သေသေချာချာ ဂရုစိုက် ဆင်ခြင်ဖို့ လိုလာပြီ ဖြစ်ပါတယ်၊၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါရှိနေပြီဆိုရင်တော့ ကျန်းမာရေးကောင်းတဲ့ လူတွေထက် နှစ်ဆပိုပြီး ဂရုစိုက်ဖို့ လိုနေပါြပီ၊၊ ဆီးချို သွေးချို ရောဂါရှင်တွေဟာ တုပ်ကွေးရောဂါဖြစ်ပွားနိုင်ခြေ ၆ဆ ပိုနိုင်ပါတယ်၊၊
ရာသီတုပ်ကွေးအန္တရာယ်ကနေ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးခြင်းပါပဲ၊၊ အခုဆိုရင် တုပ်ကွေးရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေလည်း နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ လွယ်လွယ်ကူကူ ပဲ သွားရောက် ထိုးနိုင်ပြီ ဖြစ်ပါတယ်၊၊
တုပ်ကွေးရောဂါကာကွယ်ဆေးဟာ ကူးစက်ခံထားရတဲ့ ဗိုင်းရပ်စ်နဲ့ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ ဗိုင်းရပ်စ်ကိုက်ညီမှု ရှိမယ်ဆိုရင် ပိုမို ထိရောက်ပါတယ်၊၊ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို အသက် ၆လကနေ စပြီး ထိုးနိုင်ပါတယ်၊၊ အသက် ၉ နှစ်အောက် ကလေးတွေအတွက်ကတော့ စပြီးထိုးတဲ့ နှစ်မှာ တစ်လခြားပြီး နှစ်ကြိမ်ထိုးရပါတယ်၊၊ နောက်နှစ်တွေမှာတော့ တစ်ကြိမ်ပဲ ထိုးဖို့ လိုအပ်ပါတယ်၊၊ ဒါကြောင့် အချိန်မရွေး နေရာမရွေးဖြစ်ပွားနိုင်ပြီး အန္တရာယ်များတဲ့ ရာသီတုပ်ကွေးရောဂါပိုးရန်မှ ကာကွယ်ဖို့ နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ တုပ်ကွေး ကာကွယ်ဆေးကို အမြန်ဆုံး ထိုးကြဖို့ လိုအပ်ပါတယ်၊၊
(SPTH.VAXI.19.11.0379)