fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

ဆားဝက်ခြံကြောင့် စိတ်ညစ်နေတဲ့ ဆယ်ကျော်သက်လေးတွေအတွက်…

ဆားဝက်ခြံကြောင့် စိတ်ညစ်နေတဲ့ ဆယ်ကျော်သက်လေးတွေအတွက်…
ဆားဝက်ခြံဟာ ဆယ်ကျော်သက်အရွယ်တွေမှာ မိန်းကလေး ယောကျာ်းလေး မခွဲဘဲ အကုန်လုံးမှာအဖြစ်များပါတယ်။ တစ်ချို့ဆို အသက်အရွယ်တစ်ခု ရတဲ့ထိကို ဆားဝက်ခြံတွေက စိတ်အနှောက်ယှက် ဖြစ်စေပါတယ်။ လှချင်သူတွေအတွက် ဆားဝက်ခြံတွေက တကယ့်ကို အိပ်မက်ဆိုးပါပဲ။
ဆားဝက်ခြံဆိုတာ အဆီဂလင်းရယ် ချွေးပေါက်တွေရယ်မှာ အဲ့ဂလင်းက ထုတ်တဲ့ အဆီတွေရယ်၊ ချွေးတွေရယ်၊ ဆဲလ်အသေတွေရယ်၊  အပြင်က ဖုန်တွေ အညစ်ကြေးတွေ မိတ်ကပ်တွေ စတာတွေ အားလုံး ပေါင်းပြီး ပိတ်ဆို့နေတာကြောင့် ဖြစ်လာတာပါ။
မျက်နှာပြင် အရေပြားပေါ်ထိ မရောက်လာသေးဘူး၊ ဒါပေမဲ့ အရေပြားကို စမ်းလိုက်ရင်တော့ ပြုတ်ကလေးတွေ ဖြစ်နေတယ်၊ ဒီအခြေနေဆိုရင်တော့ ဒါဟာ white head ပါ။ တစ်နည်းပြောရရင်တော့ ဆားဝက်ခြံအောင်းပေါ့။
မျက်နှာပြင်ပေါ်ထိ ထိုးထွက်လာပြီး မည်းမည်းလေးတွေ အမည်းစံလေးတွေအနေနဲ့ အူယားစရာ ကောင်းအောင် ဖြစ်လာပြီဆိုရင်တော့ ဒါဟာ ကျွန်မတို့ ခေါ်ခေါ်နေတဲ့ black heads ဆားဝက်ခြံပေါ့။ သူက ခုနက ပြောတဲ့ ဝက်ခြံအောင်းက မျက်နှာပြင်ပေါ်တိုးထွက်လာပြီး လေထုထဲက အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါ ဓာတ်တိုးပြီး မည်းသွားတာပါ။
ဆားဝက်ခြံတွေ ရှိနေတာက အမျိုးသားတွေအနေနဲ့လဲ မိမိကိုယ်မိမိ ယုံကြည်မှုနည်းစေပါတယ်။ မိတ်ကပ်တွေနဲ့ ဖုံးလို့ရပါတယ်ဆိုတဲ့ အမျိုးသမီးတွေဆိုရင်တောင် ပြုတ်တွေထနေလို့ စိတ်အနှောက်ယှက်ဖြစ်စေပါတယ်။
ဒီတော့ အနာသိ ဆေးရှိဆိုသလိုပဲ ဒီဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် နည်းလမ်းလေးတွေ ဝေမျှပေးမယ်နော်။
၁။ ဆားဝက်ခြံ ထွက်တဲ့နေရာကို အရင်ဆုံး ရေနွေးငွေ့နဲ့ ပေါင်းတင်ရပါတယ်။
ပွက်ပွက်ဆူအောင်တည်ထားတဲ့ ရေနွေးပန်းကန်တလုံးထဲ ဆားနည်းနည်းခပ် သို့မဟုတ် သံပယိုရည်လေးညှစ်ပြီးရင် မျက်နှာကို ရေနွေးငွေ့ တိုက်ရိုက်ရာက်အောင် လုပ်ပေးပါ။ ရေနွေးငွေ့ပေးတဲ့အခါ ခေါင်းပေါ် တဘက်နဲ့ လွှားပြီး ရေနွေးငွေ့တွေ အပြင်မထွက်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။
၂။ဆားဝက်ခြံလေးတွေကို ညှစ်ထုတ်မယ်။
ရေနွေးငွေ့(၅)မိနစ်ခန့်ပေးပြီး ချွေးပေါက်လေးတွေ ပွင့်ထွက်ပြီး မျက်နှာက ချွေးထွက်လာပြီဆိုရင် ညှစ်ထုတ်ပစ်လို့ရတဲ့ ဆားဝက်ခြံတွေကို ဝက်ခြံညှစ် ကိရိယာ အတံလေးနဲ့ ရသလောက်ညှစ်ထုတ်ပစ်ပါ။
၃။ မ်ု့ဖုတ်ဆော်ဒါနဲ့ ဆားဝက်ခြံဖယ်ရှားမယ်။
အဲလိုလုပ်ပြီးတဲ့အခါ ဆားဝက်ခြံထွက်တဲ့နေရာကို မုန့်ဖုတ်ဆိုဒါ တဇွန်းနဲ့ သံပုရာသီး သို့ သံပယိုသီး အရည် တဇွန်း ဆတူရောပြီး paste ဖြစ်အောင်လုပ်ပါမယ်။  အဲ့ paste လေးကို ဆားဝက်ခြံထွက်တဲ့နေရာမှာ စက်ဝိုင်းပုံ ပွတ်လိမ်းပြီး (၁၀)မိနစ်ခန့် ခြောက်သွေ့အောင်ထားရပါမယ်။ ပြီးရင်တော့ ရေကြက်သီးနွေးလေးနဲ့ မျက်နှာပြန်သစ်လိုက်ရင် ဆားဝက်ခြံကင်းတဲ့ မျက်နှာလေး ရပြီပေါ့။
 ဒီနည်းလမ်းလေးကို လုပ်ပေးခြင်းအားဖြင့် မလိုအပ်တဲ့ ဆဲလ်သေတွေ ဖယ်ရှားပေးတဲ့အပြင် အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါ ကျဉ်းသွားစေပါတယ်။
ပြီးရင်တော့ အစိုဓာတ်ထိန်းတဲ့ moisturizer ပြန်လိမ်းပေးပေါ့။ ဆားဝက်ခြံရှိတဲ့သူတွေ ဒီ routine လေးကို တစ်ပါတ် ၂ ကြိမ်လောက် မှန်မှန် ပြုလုပ်ပေးပါနော်။
အားလုံး ဆားဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးများ ပိုင်ဆိုင်နိုင်ကြပါစေရှင့်
Scarlette (ဆေး ၁)
ဆက်စပ် ဆောင်းပါးများ