ခါးပတ်ရေယုံ (Herpes Zoster)
ခါးပတ်ရေယုံဆိုတာ Varicella Zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ် ပိုးကြောင့် နာသော အရည်ကြည်ဖု များ အစုလိုက်ထွက်သော အခြေအနေတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်နေရာအနှံ့ ခါးပတ်ရေယုံ ပေါက်နိုင် ပါတယ်။ အသက် ၆ဝ ကျော်လူဦးရေများတွင် ၃ ယောက်လျှင် ၁ ယောက်နှုန်းခန့် ခါးပတ်ရေယုံ ပေါက်ဖူး လေ့ရှိတယ်။
Q လက္ခဏာများ
– ခါးပတ်ရေယုံသည် အသက်အန္တရာယ် မဖြစ်စေပါ။
– သို့သော် ရေယုံမထွက်ခင် ၊ ထွက်နေသည့်အခါ နှင့် ပျောက်သွားပြီးသည့်တိုင်အောင် နာကျင်ခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။
– ခါးပတ်ရေယုံ၏ ပထမဆုံးလက္ခဏာမှာ နာကျင်ခြင်းဖြစ်တယ်။
– ထို့ကြောင့် တစ်ခါတစ်ရံ နာကျင်သော နေရာပေါ်မူတည်ပြီး နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ ကျောက် ကပ်ရောဂါများ၏ နာကျင်ခြင်းနှင့် မှားတတ်ပါတယ်။
– ကနဦးတွင် ပေါက်မည့်နေရာတွင်
- မီးစ နှင့် ထိုးထားသကဲ့သို့ ပူစပ်ပူလောင်ဖြစ်ခြင်း
- နာခြင်း
- ထုံကျင်ခြင်း ခံစားရပါမယ်။ ၎င်းနောက် အရေကြည်ဖုထွက်လာခြင်း၊ ယားယံခြင်း ဖြစ်လာ ပါမယ်။
တစ်ချို့တွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင် မခံနိုင်ခြင်း၊ ပင်ပန်းနုန်းခွေခြင်း တွဲဖြစ်နိုင်ပါတယ်။
Q ဘယ်သူတွေ ပိုဖြစ်နိုင်သလဲ?
- အသက် ၅ဝ အထက်
- နာတာရှည်ရောဂါရှိသူများ
- ကင်ဆာရောဂါ ကုသမှုခံယူနေသူများ
- ကိုယ်ခံအားကျစေမည့် ဆေးသောက်နေသူများ Eg- စတီးရိုက်ဆေး
- ကိုယ်ခံအားကျရောဂါရှိသူများ
Q ဖြစ်ပွားပုံ
- varicella zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်တယ်။
- ရေကျောက်ဖြစ်စေသော ဗိုင်းရပ်စ်ပိုး နှင့် တူသည်။
- ရေကျောက် ပေါက်ဖူးသူများ တစ်ချိန်တွင် ခါးပတ်ရေယုံ ဖြစ်နိုင်သည်။
- အဘယ်ကြောင့်ဆိုသော ဗိုင်းရပ်စ်ပိုးသည် အာရုံကြောတွင် ခိုအောင်းနေသောကြောင့် ဖြစ်သည်။
Q ကူးစက်နှုန်း
- ခါးပတ်ရေယုံပေါက်နေသူများသည် ရေကျောက်မပေါက်ဖူးသူများကို ကူးစက်စေနိုင်ပါသည်။
- ရေယုံအနာကို ထိမိ ၊ ကိုင်မိလျှင် ကူးစက်နိုင်ပါသည်။
- ကူးခံရသူသည် ခါးပတ်ရေယုံ တန်းထွက်လာလိမ့်မည်။ မဟုတ်ပါ။
- ကနဦးအနေနှင့် ရေကျောက်ပေါက် လာပါလိမ့်မယ်။
Q နောက်ဆက်တွဲဆိုးကျိုးများ
မျက်လုံးကန်းခြင်း
အာရုံကြောယောင်ခြင်း
အဆုပ်ခံခြင်း (နမိုးနီးယားရောဂါ)
ဦးနှောက် နှင့် အာရုံကြော ထိခြင်း E.g.ဦးနှောက်အသားယောင်ခြင်း (Encephalihs)
- မျက်နှာရွဲ့ခြင်း (Facial Paralysis)
- နားအကြားအာရုံထိခြင်း
- အရသာ မသိခြင်း (Ramsay Hunt Syndrome)
အရေပြားပိုးဝင်ခြင်း (Secondary Bacteria Infection)
Q အဖြစ်များသော နေရာများ
မျက်နှာ
မျက်လုံးတစ်ဝိုက်
ကျော နှင့်ခါး
တင်ပါး
ပေါင်
Q ကုသခြင်း
ရေယုံပိုးသေးအောင် ကုလို့ မရပါ။
ကုသခြင်းမှာ နာကျင်ခြင်းသက်သာရန်၊ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ရန် နှင့် ရေယုန်ဖုများ ငုပ်သွားခြင်း လျှင်မြန်အောင် ရည်ရွယ်ချက်ဖြင့် ကုသခြင်း ဖြစ်ပါတယ်။
ခါးပတ်ရေယုံသည် ၂ ပတ်မှ ၆ ပတ်အထိ ကြာနိုင်ပါတယ်။
၇၂ နာရီအတွင်း ကုသမှုခံယူ သင့်ပါတယ်။
Q ကာကွယ်ခြင်း နည်းလမ်းများ
(1) ကာကွယ်ဆေး
ရေကျောက်ကာကွယ်ဆေး (vari vax)
ခါးပတ်ရေယုံကာကွယ်ဆေး (Zostavax, Shingarix) ထိုးထားနိုင်ပါတယ်။
(2) အခြား
ကိုယ်ခံအားကောင်းအောင်နေပါ။
ခါးပတ်ရေယုံဖုများနှင့် ထိတွေ့မိလျှင် လက်သေချာဆေးပါ။
- Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)