fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အလုံးအကျိတ်များနှင့် သားအိမ်ဘဝ

142
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/01/2020
in အမျိုးသမီး ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

အလုံးအကျိတ်များနှင့် သားအိမ်ဘဝ

သားအိမ်မှာ အလုံးတည်ခြင်းဆိုတဲ့ရောဂါဟာ ဆေးပညာအားဖြင့် မိုင်ရိုးမား(Myoma uterus) လို့ခေါ်ပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် အသက်အရွယ်အလတ်ပိုင်းအမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ သားအိမ်အလုံးတည်ခြင်းရောဂါဟာ အများအားဖြင့် ကင်ဆာရောဂါနှင့် ဆက်စပ်မှုမရှိသလို ကင်ဆာရောဂါကို ကူးပြောင်းသွားတာလည်း ရာခိုင်နှုန်းအားဖြင့် နည်းပါတယ်။ အလုံးအကျိတ်တွေရဲ့ အရွယ်အစားဟာ မျက်စိနဲ့ မမြင်ရတဲ့ သေးတဲ့အရွယ်အစားကနေ သားအိမ်ကို ပုံပျက်စေတဲ့ အရွယ်အစားအထိကြီးမားနိုင်ပါတယ်။ သူဟာ အရေအတွက်အားဖြင့် တစ်လုံးကနေ အရေအတွက်ပေါင်းများစွာ သားအိမ်မှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်တဲ့ အမျိုးသမီးအများစုမှာ ဘာလက္ခဏာမှ မပြတဲ့အတွက် သားအိမ်မှာ အလုံးတည်လို့တည်နေမှန်း မသိကြပါဘူး။ ကိုယ်ဝန်ရှိလို့ ဗိုက်ကို အယ်ထရာဆောင်းရိုက်ကြည့်တာမျိုး၊ ကျန်းမာရေးစစ်ဆေးမှုလုပ်ရင်း ဗိုက်အယ်ထရာဆောင်းရိုက်ကြည့်မှသာ သိကြတာပါ။

သားအိမ်မှာ အလုံးတည်ခြင်းရောဂါဟာ အများစုမှာ သိသိသာသာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အလုံးတည်တဲ့နေရာ၊ အလုံးအရေအတွက်၊ အရွယ်အစားပေါ်မူတည်ပြီး ရောဂါလက္ခဏာက ကွာခြားသွားပါတယ်။ တွေ့ရအများဆုံး ရောဂါလက္ခဏာတွေကတော့ – ရာသီသွေဆင်းတာများခြင်း၊ ရာသီသွေးရက်ရှည်ဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ဆီးခဏခဏ သွားခြင်း၊ ဆီးသွားရခက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခါးကိုက်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။ တစ်ခါတစ်လေ မရပ်နိုင်အောင် ဗိုက်အောင့်တဲ့အခါ အရေးပေါ်ကုသမှု ခံယူရတာမျိုးလိုအပ်နိုင်ပါတယ်။

သားအိမ်မှာ ဘာကြောင့် အလုံးတည်ရသလဲဆိုတဲ့အကြောင်းအရင်းတွေကို ရှာဖွေကြတဲ့နေရာမှာ တိတိကျကျမတွေ့ရပေမယ့် မျိုးရိုးဗီဇပြောင်းလဲခြင်းနှင့် ဟော်မုန်းအပြောင်းအလဲတို့ကြောင့် ဖြစ်နိုင်ချေများတယ်လို့ သုတေသနလေ့လာချက်တွေက ဖော်ပြကြပါတယ်။ သားအိမ်အလုံးတည်ခြင်းရောဂါဖြစ်နိုင်ချေများသူတွေကတော့ – ရောဂါမျိုးရိုးရာဇဝင်ရှိခြင်း၊ အသက်ငယ်ငယ်တွင် ရာသီစောလာခြင်း၊ အဝလွန်ခြင်း၊ အသားအစားများခြင်း၊ အရက်သောက်ခြင်း၊ ဗီတာမင်ဒီချို့တဲ့ခြင်း စသည့်အကြောင်းအချက်တို့ပဲ ဖြစ်ကြပါတယ်။
ဘယ်လိုအခြေအနေတွေမှာ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်နဲ့ ကုသမှုခံယူသင့်သလဲဆိုရင် –
(၁) တောက်လျှောက်ဆီးစပ်ကိုက်နေသောအခါ
(၂) ရာသီလာတာများခြင်း၊ ရက်ရှည်ကြာခြင်း၊ ကိုက်ခဲဓမ္မတာရှည်ခြင်း
(၃) ရာသီတစ်ခုနဲ့ တစ်ခုကြား ပုံမမှန်သွေးဆင်းခြင်း
(၄) ဆီးသွားရခက်ခြင်း
(၅) ဖြူဖျော့လာခြင်း၊ အားမရှိသလို နုံးချိပြီး ရင်တုန်မူးမောလာခြင်း – ဒီအချက်တွေနဲ့ ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး သက်ဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။

သားအိမ်အလုံးတည်ခြင်းရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ – သွေးဆင်းများ၍ ကြာလာတဲ့အခါ သွေးအားနည်းရောဂါခံစားရခြင်း၊ သွေးသွင်းကုသမှုခံယူနိုင်ရခြင်း၊ ကိုယ်ဝန်ဆောင်ရန်ခက်ခဲခြင်း၊ ကိုယ်ဝန်ရှိလာပါက သားပျက်သားလျှောဖြစ်နိုင်ချေများခြင်း၊ အချင်းရှေ့ရောက်ခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ လမေစ့ကလေးမွေးဖွားခြင်းတို့ ဖြစ်နိုင်ပါသည်။

သားအိမ်အလုံးတည်ခြင်းရောဂါကို ရှာဖွေလေ့လာနိုင်တဲ့ စစ်ဆေးချက်တွေရှိပါတယ်။ တိကျသေချာမှုကို ပေးနိုင်တဲ့ စစ်ဆေးချက်ကတော့ ဝမ်းဗိုက်အယ်ထရာဆောင်းရိုက်ခြင်းပါ။ ဝမ်းဗိုက်အယ်ထရာဆောင်းရိုက်ခြင်းအားဖြင့် သားအိမ်အလုံးရဲ့ တည်နေရာ၊ အရွယ်အစား၊ အရေအတွက်ကို သေချာသိနိုင်ပါတယ်။ တခြားရှာဖွေစစ်ဆေးမှုအနေနဲ့ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သားအိမ်မှန်ပြောင်းကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ သွေးဆင်းတာများ၍ သွေးအားနည်းရောဂါခံစားနေရလားဆိုတာကို သွေးဖောက်စစ်၍ သက်ဆိုင်ရာ စစ်ဆေးချက်များ လုပ်ဆောင်ရပါတယ်။

ကုသမှုအနေနဲ့ သားအိမ်အလုံးရဲ့ အရွယ်အစားကလည်း မကြီးလာဘူး၊ အရေအတွက်ကလည်း မပွားလာဘူး၊ တည်ရှိတဲ့နေရာကလည်း အန္တရာယ်မများဘူးဆိုရင်တော့ ခွဲစိတ်စရာမလိုဘဲ စောင့်ကြည့်ရတတ်ပါတယ်။ဒါ့အပြင် သားအိမ်အလုံးကျုံ့သွားဖို့အတွက် ဟော်မုန်းဆေးသောက်ရတာမျိုးရှိပါတယ်။ အကယ်၍ အလုံးရဲ့ အရွယ်အစားဟာ ကြီးလာမယ်၊ အလုံးအရေအတွက်ဟာလည်း တိုးလာမယ် စတဲ့ လက္ခဏာတွေ တွေ့ရမယ်ဆိုရင်တော့ သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်တွေထဲမှာ ခွဲစိတ်ကုသတာမျိုးတွေ ပြုလုပ်ရတတ်ပါတယ်။
သားအိမ်အလုံးတည်ခြင်းရောဂါအများစုဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ချေနည်းပေမယ့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ ရာသီစက်ဝန်းဟာ ပုံမမှန် ဖြစ်နေမယ်။ ထူးခြားတာတွေ့မယ်ဆိုရင် မရှက်မကြောက်ဘဲ သက်ဆိုင်ရာသွားဖွားမီးယပ်ဆရာဝန်ထံမှာ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

ကိုယ်ခန္ဓာအလေးချိန်ကို အဝမလွန်အောင်ထိန်းခြင်း၊ အစာအာဟာရမျှတအောင်စားခြင်း၊ အသီးအရွက်ဟင်းသီးဟင်းနှံများစားခြင်း၊ အားကစားလုပ်ခြင်းတို့ဟာ သားအိမ်အလုံးတည်ခြင်း ရောဂါဖြစ်နိုင်ချေကို နည်းစေတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်မှုမျိုးကိုသာ ရွေးချယ်နေထိုင်ပါလို့ အကြံပြုလိုက်ရပါတယ်။

Dr Khaing

Ref; Mayo clinic.com

Previous Post

ခြေထောက်တိုချင်လား အသက်တိုချင်လား…ဆီးချိုရောဂါကိုသယ်သွားရမဲ့ ဒီခရီးရှည်ကြီးမှာ

Next Post

သွားကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ

142
VIEWS
Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

2 months ago

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

2 months ago

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

2 months ago

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

2 months ago

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

2 months ago

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

2 months ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0
  • အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

    0 shares
    Share 0 Tweet 0
  • အမာရွတ်ပျောက်စေတဲ့ အိမ်တွင်းဆေးနည်းများ

    0 shares
    Share 0 Tweet 0
  • ပွေး၊ညှင်းနဲ့ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
Next Post

သွားကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!