၃ လ ထက် ပို၍ မျက်နှာနှင့် နှာခေါင်းအတွင်းရှိ လေအိတ်အခန်းငယ်များ ရောင်ရမ်းခြင်း အခြေအနေကို ထိပ်ခပ်နာလို့ ခေါ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ နာတာရှည် နှာပိတ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးတဝိုက် နာခြင်းများ ခံစား ရနိုင်ပါတယ်။
အကြောင်းအရင်းများ
- အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း
- ဓာတ်မတည့်သော အရာများ ရှူနေရခြင်း
- နှာခေါင်းအတွင်း အသားလုံးတည်ခြင်း (Nasal Polyp)
- ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ ရှူနေရခြင်း
- နှာခေါင်းပိတ်ခြင်း ဖြစ်စေနိုင်သော အခြားရောဂါများ (ဥပမာ- အဆုပ်ပွရောဂါ (Cystic Fibrosis),ကိုယ်ခံအားကျရောဂါ)
လက္ခဏာများ
- နှာရည်ပြစ်ပြစ်ထွက်ခြင်း
- နှာခေါင်းယောင်ခြင်း
- နှာခေါင်းပိတ်ခြင်း
- မျက်နှာပါးရိုး၊ နှာခေါင်းနှင့် နဖူးများလေးခြင်း၊ ကိုက်ခြင်း
- အနံ့နှင့် အရသာ ခံစားသိရှိမှု ကျလာခြင်း
- ခေါင်းကိုက်ခြင်း
- နားကိုက်ခြင်း
- ခံတွင်းအနံ့ နံခြင်း
- နုန်းခွေခြင်း
ထိပ်ခပ်နာ ပိုဖြစ်နိုင်သော လူများမှာ
- နှာခေါင်းအတွင်းအရိုးစောင်းနေသူများ
- နှာခေါင်းတွင်း အသားလုံးရှိနေသူများ
- ရင်ကြပ် အခံရှိသူများ
- ဓာတ်မတည့်သော ရောဂါအခံရှိသူများ
- ကိုယ်ခံအားကျနေသူများ
- ဆေးလိပ်သောက်နေသူများ
- ဆေးလိပ်ငွေ့ ရှူနေရသူများ
အရေးကြီးသော လက္ခဏာများမှာ
- ဖျားလျှင်
- ဆိုးရွားစွာ ခေါင်းကိုက်လျှင်
- သတိမကောင်းလျှင်
- ဇာတ်တောင့်လျှင်
- မျက်လုံး – နှစ်ထပ်မြင်လျှင်
- မျက်လုံးတစ်ဝိုက် ယောင်လာ နီလာလျှင်
ဤလက္ခဏာများ ခံစားရရင်တော့ ဆရာဝန် နှင့် ချက်ချင်းပြဖို့လိုပါတယ်။
ဆောင်ရန် ရှောင်ရန်များ
- အနားယူပါ။
- ရေများများသောက်ပါ။
- ဆားရေ ထည့်နိုင်သည်။
- ဆရာဝန် ညွှန်ကြားချက် မလိုသော အကိုက်အခဲ ပျောက်ဆေးသောက်နိုင်သည်။
- အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးမဝင်အောင် ဂရုစိုက်ပါ။
(တုပ်ကွေး / အအေးမိလူနာများနှင့် ဝေးဝေးနေပါး)
- ဓာတ်မတည့်သော အရာများ ရှောင်ပါ။
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့များ ရှောင်ပါ။
- နှာစေး၊ နှာပိတ် တစ်ပတ်ကျော်လျှင် ဆရာဝန်နှင့် ပြသပါ။
Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)