fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

နားကိုက်ခြင်းအကြောင်း တစေ့တစောင်း

နားကိုက်ခြင်းအကြောင်း တစေ့တစောင်း

             နားကိုက်ခြင်းဆိုသော ဝေဒနာသည် ကလေးများတွင် အတွေ့များသော ဝေဒနာ တစ်ခုဖြစ်သည်။

             ကလေးငယ်များ၏ Eustachian Tube ဟု ခေါ်သော နား / နှာခေါင်း/ လည်ချောင်း သုံးခုကို ဆက်ပေးသော နေရာလေးသည် လူကြီးများထက် ပိုတိုခြင်း၊ ပိုကျဉ်းခြင်း၊ ပိုဖြောင့်နေခြင်းကြောင့် ပိုးဝင်ရောက်မှု ပိုဖြစ်စေနိုင် သည့်အတွက် ဖြစ်သည်။

             နားကိုက်လျှင် နားတစ်ဖက်သာ ကိုက်ခြင်းမျိုး ပိုတွေ့ရပါသည်။ သို့သော် နားနှစ်ဖက်လုံး တစ်ပြိုင်တည်းလည်း ကိုက်သည့် အခြေအနေမျိုးလည်း ကြုံတွေ့နိုင်ပါသည်။

Q နားကိုက်ခြင်းဖြစ်စေသော အကြောင်းအရင်းများ

             နားပိုးဝင်ခြင်း

             ထိခိုက်မိခြင်း

             နားအတွင်းသိုပ ဓာတ်မတည့်သော အရာတစ်ခုခုရှိနေခြင်း

             နား နှင့် အနီးတစ်ဝိုက် ရှိနေရာတွင် နာကျဉ်ခြင်းကြောင့် နားပါ ကိုက်လာခြင်း

             သွားကိုက်ရာမှ မေးရိုးနာခြင်း၊ ထိပ်ခေါင်နာ

             အခြားအကြောင်းအရင်းများ

 (a)      လေဖိအား အပြောင်းအလဲဖြစ်ခြင်း Eg- လေယာဉ်စီးသည့်အခါ

 (b)      နားဖာချေးပိတ်ခြင်း

 (c)       နားထဲ အရာဝတ္ထု တစ်ခုခုရှိနေခြင်း

 (d)      နားထဲ ရေဝင်ခြင်း

 (e)      နားစည်မှေး ပေါက်ခြင်း

 (f)       မျက်နှာ အာရုံကြောယောင်ခြင်း (Trigeminal Neuralgia)

Q နားပိုးဝင်ခြင်း လက္ခဏာများ

ယေဘုယျအားဖြင့်        1.        နားကိုက်ခြင်း

  1.       နားအကြားအာရုံကျခြင်း (နားလေးခြင်း)
  2.       နားပြည်ယိုခြင်း

ကလေးများတွင်            1.        အသံကို တုန့်ပြန်မှု ကျလာခြင်း

  1.       နားကိုက်ခြင်း
  2.       ဖျားခြင်း
  3.       နားကို ကိုင်နေ / ပွတ်နေခြင်း
  4.       နားအတွင်း ပိတ်နေသည်ဟု ခံစားရခြင်း
  5.       ပုံမှန်ထက်ပို၍ ငိုခြင်း
  6.       မအိပ်ခြင်း
  7.       ခေါင်းကိုက်ခြင်း
  8.       အစားအသောက်ပျက်ခြင်း
  9.     ယိုင်နေခြင်း

Q နားပိုးဝင်ခြင်း အကြောင်းအရင်းများ

(A)      နားအပြင်ပိုင်း ပိုးဝင်ခြင်း (1)      ရေကူးခြင်း

                                                             (2)      နားကြားကိရိယာတပ်ဆင်ခြင်း

                                                             (3)      နားကြပ်တင်ခြင်း

                                                             (4)      နားကလိခြင်း ၊ နားကြပ်ခြင်း

                                                             (5)      နားထဲရေဝင်ခြင်း

(B)      နားအလယ်ပိုင်းပိုးဝင်ခြင်း

             အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၏ နောက်ဆက်တွဲ အခြေအနေ တစ်ခုဖြစ်သည်။

(c)       နားခရပတ်လမ်းကြောင်း ပိုးဝင်ခြင်း

             နားအတွင်းဆုံး အပိုင်းပိုးဝင်ခြင်း ဖြစ်သည်။

             အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၏ နောက်ဆက်တွဲ အခြေအနေတစ်ခုဖြစ်သည်။

Q အိမ်တွင်း ကုထုံး

             အများစုမှ တစ်ပတ်အတွင်း သက်သာပျောက်ကင်းလေ့ရှိသည်။

             နားထဲသို့ ရေမဝင်အောင် ဂရုစိုက်ပါ။

             နားကိုက်သက်သာစေရန် မတ်မတ်ထိုင်နိုင်ပါသည်။

             နားကိုက်သက်သောစေရန် ရေအေးဝတ် တင်ပေးနိုင်သည်။

             ဆရာဝန်လက်မှတ် / ညွှန်ကြားချက်မပါဘဲ ဝယ်၍ သောက်နိုင်သော အကိုက်အခဲပျောက်ဆေး / နည်းထည့်ဆေး သောက်နိုင် / ထည့်နိုင်သည်။

             နားတွင်း ဖိအားကျစေရန် ပီကေဝါးခြင်း ၊ မွေးခါစ ကလေးများဆိုလျှင် နို့တိုက်ခြင်း၊ အစာကျွေးခြင်းများ လုပ်ပေးရမည်။

             ဆေးလိပ်ဖြတ်ခြင်း ၊ ဆေးလိပ်ငွေ့ ရှူမိခြင်း မရှိအောင် ဂရုစိုက်ရမည်။

Q ကာကွယ်ခြင်းနည်းလမ်းများ

             ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့ မရှူမိအောင် ဂရုစိုက်ပါ။

             နားအတွင်း မည်သည့်ပစ္စည်းမှ မထည့်ပါနှင့်။

             နားကလိခြင်း ရှောင်ပါ။

             ရေကူးပြီးလျှင် / ရေချိုးပြီးလျှင် နားကို ခြောက်သွေ့အောင် ထားပါ။

             ဆူညံသောပတ်ဝန်းကျင်ကို ရှောင်ပါ။ ပတ်ဝန်းကျင် အရမ်းဆူညံသော အသံများရှိလျှင် နားအကာအကွယ် ပစ္စည်းတပ်ထားပါ။

Q ဘယ်အချိန်ဆရာဝန် နှင့် တွေ့သင့်သလဲ ?

             အဖျားရှိလျှင် (101 နှင့် အထက်)

             ရုတ်တရက် နားကိုက်သက်သာလျှင် (နားစည်ပေါက်သွားခြင်း ဖြစ်နိုင်သည်။)

             နားကိုက်ခြင်း အရမ်းဆိုးလျှင်

             ခေါင်းအရမ်းကိုက်လျှင်

             မူးဝေခြင်းဖြစ်လျှင်

             နားယောင်လျှင်

             မျက်နှာရွဲ့လျှင်

             နားမှ ပြည် ၊ သွေးထွက်လျှင်

             24 နာရီမှ 48 နာရီအတွင်း မသက်သာလျှင်

Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)

 

ဆက်စပ် ဆောင်းပါးများ