fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 11,631 Total Cases
😥 256 Deaths
😇 3,073 Recovered

နမိုးနီးယားအဆုပ်ရောင်ရောဂါ

နမိုးနီးယားအဆုပ်ရောင်ရောဂါ

 

နမိုးနီးယား အဆုပ်ယောင်ရောဂါဆိုတာ သင့်ရဲ့အဆုပ်ထဲမှာရှိတဲ့ လေအိပ်များ ရောင်ရမ်းခြင်း ကြောင့် ဖြစ်လာတဲ့ အသက်ရှူလမ်းကြောင်း ရောဂါဖြစ်ပါတယ်။

တစ်ဦးမှတစ်ဦး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်သော်လည်းကောင်း၊ နမိုးနီးယား ပိုးကပ်ရှိနေ သော အရာဝတ္ထုများကို ကိုင်တွယ်ထားသော လက်ဖြင့် နှာခေါင်း၊ပါးစပ်၊ မျက်နှာများကို ပွတ်မိရာမှ ကူးစက်နိုင်ပါတယ်။

လူတိုင်း နမိုးနီးယား ဖြစ်နိုင်ပါတယ်။

သာမာန်နှာစေး၊ ချောင်းဆိုးသလိပ်ထွက်၊ ဖျားခြင်းမှ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား အထိ ဖြစ်နိုင်ပါတယ်။

နမိုးနီးယား အဆုပ်ရောင်ရောဂါ ပိုဖြစ်နိုင်သော လူအုပ်စု

(၃) နှစ် အောက်ကလေးငယ်များ

၆၅ နှစ်အထက် လူကြီးများ

ဆေးရုံတက်နေသူများ

အသက်ရှူစက် တပ်ထားရသူများ

နာတာရှည် ရောဂါရှိနေသူများ

ကိုယ်ခံအားကျနေသူများ

ဆေးလိပ်သောက်သူများ

 

နမိုးနီးယား ဖြစ်စေသော အကြောင်းအရင်း

အများအားဖြင့် ဘက်တီးရီးယား နှင့် ဗိုင်းရပ်(စ်)ပိုးများကြောင့် ဖြစ်တယ်။

နမိုးနီးယား ဖြစ်စေသော ပိုးများစွာ ရှိပါတယ်။

အအေးမိခြင်း၊ တုပ်ကွေးမိခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအနေနှင့်လည်း တွေ့ရလေ့ရှိတယ်။

နမိုးနီးယား အဆုပ်ရောင်အမျိုးအစား (၄) မျိုးရှိပါတယ်။

လူထုထဲမှတစ်ဆင့် ကူးစက်ရရှိသော နမိုးနီးယား အဆုပ်ရောင်ရောဂါ

ဆေးရုံမှတစ်ဆင့် ကူးစက်ရရှိသော နမိုးနီးယား အဆုပ်ရောင်ရောဂါ

အသက်ရှူစက် တပ်ခြင်းကြောင်း ကူးစက်ရရှိသော နမိုးနီးယား အဆုပ်ရောင် ရောဂါ

အစားအသောက် သီးရာမှ ရရှိသော နမိုးနီးယား အဆုပ်ရောင်ရောဂါ

 

ရောဂါလက္ခဏာများ

နမိုးနီးယားပိုးအမျိုးအစား၊ လူနာအသက်အရွယ်၊ ရောဂါအခံပေါ်မူတည်ပြီး ရောဂါ လက္ခဏာ နှင့် ပြင်းထန်မှု ကွာခြားနိုင်ပါတယ်။

အဆုပ်အတွင်းရှိ လေအိတ်လေးများ အတွင်းမှာ အရေများ၊ ပြည်များ နှင့် ပြည့်လာခြင်းကြောင်း ဖြစ်တယ်။

နမိုးနီးယား အပျော့စား အဆင့်အနေအထားမှ လက္ခဏာများဟာ ရာသီတုပ်ကွေး၊ အအေးမိ လက္ခဏာများနှင့် တူပါတယ်။

သို့သော် ဖျားချိန်မှာ ပို၍ အချိန်ကြာမြင့် ရက်ရှည်လေ့ရှိတယ်။

အတွေ့များသော လက္ခဏာများမှာ

ချောင်းဆိုး သလိပ်ထွက်ခြင်း

အသက်ရှူ ၊ ချောင်းဆိုးတိုင်း ရင်ဘတ်အောင့်ခြင်း

ဖျားခြင်း၊ ချွေးထွက်ခြင်း၊ချမ်းတုန်ခြင်း

ကယောင်ကတမ်းပြောခြင်း၊ မှိန်းခြင်း

ပျို့အန်ခြင်း

ဝမ်းလျှောခြင်း

အသက်ရှူမဝခြင်း

ခန္ဓာကိုယ်အေးစက်သွားခြင်း

ပင်ပန်းနွမ်းလျခြင်း

မွေးကင်းစ ကလေးများနှင့် ကလေးငယ်များတွင် အသက်ရှူခက်ခဲခြင်း၊ အစာမစားခြင်း၊ အန်ခြင်း/ ဖျားခြင်း၊ ဂျီကျခြင်းသာ တွေ့ရနိုင်ပါတယ်။

နမိုးနီးယား ဖြစ်ကြောင်း ဆရာဝန်မှ ဘယ်လိုသိနိုင်မလဲ?

ရောဂါရာဇဝင်မေးခြင်း

စမ်းသပ်ခြင်း

ဓာတ်မှန်ရိုက်ခြင်း

သွေးစစ်ခြင်း

သလိပ်စစ်ဆေးခြင်း

အဆုပ်အမှေးပါး အတွင်းရှိ ရေကို စုပ်ထုတ်စစ်ဆေးခြင်း

 

ကုသခြင်း

နမိုးနီးယား အဆုပ်ရောင် အပျော့စားအဆင့်တွင် အိမ်တွင် (သို့မဟုတ်) ဆေးခန်းတွင် ကုသနိုင်ပါ သည်။ ဆေးရုံတက်စရာ မလိုပါ။

သို့သော် ပြင်းထန်အဆုပ်ရောင် အဆင့်ကို သံသယရှိလျှင် အန္တရာယ် ရှိနိုင်သော လူအုပ်စုဖြစ်လျှင် ဆေးရုံတက်၍ ကုသရန် လိုပါတယ်။

ပြင်းထန်အဆုပ်ရောင် လက္ခဏာများ

အသက် ၆၅ နှစ် အထက်

ကယောင်ကတန်းဖြစ်လျှင်

ကျောက်ကပ်ထိသည်ဟုယူဆလျှင်

သွေးပေါင်ကျလျှင် (90/60 mmHg အောက်)

အသက်ရှူမြန်လျှင်

ခန္ဓာကိုယ်အေးစက်နေလျှင်

ကလေးငယ်များတွင် အစာမဝင်ဘဲ အန်လျှင်

အန္တရာယ်ရှိသော အုပ်စု

၆၅ နှစ်အထက် လူကြီးများ

အသက် ၂ နှစ် အောက်ကလေးငယ်များ

နာတာရှည် ရောဂါ အခံတစ်ခုခုရှိသူများ

ကိုယ်ခံအားကျနေသူများ

ကိုယ်ခံအား ကျစေသော ဆေးများသောက်နေသူများ

ကင်ဆာဆေးသွင်းကုသမှုခံယူနေသူများ

 

နောက်ဆက်တွဲ ဆိုးကျိုးများ

သွေးဆိပ်တက်ခြင်း

ကိုယ်တွင်းကလီစာများ ထိခိုက်ခြင်း

အသက်ရှူရခက်ခဲခြင်း

အဆုပ်ထဲ ရေဝင်ခြင်း / အဆုပ်ရေလွှမ်းခြင်း

အဆုပ်တွင် အနာဖြစ်ခြင်း

 

ကာကွယ်ခြင်း

အကောင်းဆုံးမှာ ကာကွယ်ဆေးထိုးခြင်း ဖြစ်သည်။

နမိုးနီးယား အဆုပ်ရောင် ကာကွယ်ဆေး၊ တုပ်ကွေး ကာကွယ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီး ထိုးသင့်ပါတယ်။

အခြားအနေ နှင့် -၁။ လက်ဆေးပါ။

၂။ နှာစေး၊ ချောင်းဆိုးလျှင် တစ်သျူး ၊ လက်ကိုင်ပုဝါ လက်ဖြင့် အုပ်၍ ဆိုးပါ။

၃။ ကိုယ်ခံအားကောင်းအောင်နေပါ။

၄။ ဆေးလိပ်ဖြတ်ပါ။

၅။ လူထူထပ်သော နေရာများသွားခြင်း ရှောင်ပါ။

၆။ လေဝင်လေထွက် ကောင်းအောင်ထားပါ။

 

 

Dr.Yin Yin Win

M.B.B.S (Ygn)

Dip.Med.Sc (Family Medicine)

 

ဆက်စပ် ဆောင်းပါးများ