အခု ၂၁ ရာစုခတ်မှာ လူအများစုဟာ အသက်ကြီးငယ်မရွေး နည်းပညာတွေကို အားကိုးအားထားပြုလာကြပါပြီ။ အဲ့ဒီခေတ်ပေါ်နည်းပညာတွေမှာ အသုံးအများအဆုံးအနေနဲ့ ကွန်ပြူတာ၊ လက်တော့ပ်တွေကလဲ ပါရှိနေပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးလို့ ဆိုနေကြအတိုင်း ကွန်ပြူတာတွေက လူသားတွေကို အကျိုးပြုသလို တစ်ဖက်ကလဲ အသုံးများတာ ကြာလာရင် ကျန်းမာရေးအရ ဆိုးကျိုးတွေကိုလဲ ဖြစ်စေပါတယ်။ အဲ့တာတွေကတော့ –
♦ ဇက်ကြောတက်ခြင်း
♦ အမြင်အာရုံထိခိုက်ခြင်း
♦ လက်မောင်းနှင့် လက်ချောင်းများတွင် ဒဏ်ဖြစ်ခြင်း
♦ စိတ်ဖိစီးခြင်း
♦ အိပ်ရေးမဝခြင်း၊ အိပ်မပျော်ခြင်း
♦ အဝလွန်ခြင်း
♦ သွေးခဲလွယ်ခြင်း
♦ ကလေးတွေမှာဆိုလျှင် ကိုယ်ခန္ဓာအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုများ ဖြစ်စေပါတယ်။
☑ ကွန်ပြူအကြည့်များခြင်းရဲ့ ဆိုးကျိုးတွေများထဲမှာ အဖြစ်အများဆုံးက ဇက်ကြောတက်ခြင်းပဲ ဖြစ်ပါတယ်။ ကွန်ပြူတာနေရာအထားအသိုနဲ့ အသုံးပြုသူရဲ့ အနေအထားမှားယွင်းခြင်း၊ အချိန်ကြာမြင့်စွာ အထိုင်များခြင်းတို့က ဇာက်ကြောတက်ခြင်းကို ဖြစ်စေပါတယ်။
🔹 ထိုင်ခြင်းတာ မတ်တပ်ရပ်နေခြင်းလောက် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို မသုံးရဘူးဆိုပေမယ့် ခန္ဓာရဲ့အစိတ်အပိုင်းတွေက တသတ်မတ်တည်း ငြိမ်နေအောင် ကြာကြာထိန်းထားရတဲ့အတွက် အချိန်ကြာလာခဲ့အခါမှာ ကြွက်သားတွေက တောင့်တင်းလာပြီး နာကျင်တာတွေဖြစ်လာတတ်ပါတယ်။
🔹 ထို့အပြင် ကွန်ပြူတာမျက်နှာပြင်ကို အချိန်ကြာကြာ ငုံ့ကြည့်နေရတဲ့အတွက်ကြောင့် လည်ပင်းနဲ့ ပုခုံးကြွက်သားတွေကို ဒဏ်ဖြစ်စေပါတယ်။ ထိုအရာတွေ အားလုံးစုပေါင်းပြီး ဇက်ကြောတက်ခြင်းကို ဖြစ်ပေါ်လာစေပါတယ်။
❌ ဇက်ကြောတက်ခြင်းကို ဂရုမစိုက်ဘဲထားပြီး ကြာလာလျှင် မကြာခဏ ခေါင်းကိုက်ခြင်း၊ လည်ပင်းကျီးပေါင်းတက်ခြင်း၊ လည်ပင်းအရိုးအတက်ထွက်ခြင်း၊ လည်ပင်းရိုးအဆစ်ပြားချော်ထွက်ခြင်းတို့ ဖြစ်ပေါ်လာတတ်ပါတယ်။
ဇက်ကြောမတက်အောင် ဘယ်လိုကာကွယ်ကြမလဲ❓
ဇက်ကြောတက်တာကို ဘယ်လိုလျှော့ချကြမလဲ❓
✔ ပထမဦးစွာ ငုံ့ကြည့်စရာမလိုအောင် ကွန်ပြူတာမျက်နာပြင်ကို မိမိရဲ့မျက်လုံးနဲ့ တစ်တန်းတည်းထားပါ!
✔ ကွန်ပြူတာ Mouse နှင့် လက်နှိပ်ကွက်ကို မိမိလက်နှင့် တံတောင်ဆစ် ၂ ဖက် သက်တောင့်သက်တာရှိမည့် အနေအထားတွင် ထားပါ။ တံတောင်ဆစ်များသည် စားပွဲမျက်နှာပြင်နဲ့ ထိနေရမည်! လက် ၂ ဖက်သည် ကြမ်းပြင်နှင့် အပြိုင်ရှိရမည်!
✔ ခါးကို မတ်မတ်ထားပါ။ ခါးကို မတ်ထားရန် မကြာခဏ မိမိကိုယ်ကို သတိပေးပါ! နောက်က ကျောခံခေါင်းအုံးကူရှင် ထားပေးလျှင်လဲ ရသည်။
✔ ခြေဖဝါး၂ဖက်သည် ကြမ်းပြင်နဲ့ ထိနေရမည်။ မမှီလျှင် ထိုင်ခုံပုလေး ခံ၍ သက်တောင့်သက်တာ တင်ထားနိုင်ပါသည်။
✔ နာရီဝက်တစ်ခါခန့် အနားပေးပါ။
✔ နားနေစဉ်အတွင်း လက် ၂ ဖက်ဘေးချ၍ ပုခုံးတွန့်ခြင်း၊ ဦးခေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ခြေလက်အကြောဆန့်ခြင်းနှင့် လမ်းထလျှောက်ခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။
✔ ရေများများသောက်ပေးပါ။
✔ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးပါ။
✔ မိဘများအနေဖြင့် မိမိတို့ရဲ့ သားသမီးများကို နေ့စဉ်ကွန်ပြူတာသုံးစွဲသည့် အချိန်အတိုင်းအတာတခု သတ်မှတ်ပေးပါ!
❗အကယ်၍ လည်ပင်းရိုးနှင့် ပုခုံးကြွက်သားများ နာကျင်ခြင်း၊ မကြာခဏခေါင်းကိုက်ခြင်း၊ လက်ကောက်ဝတ်နာကျင်ခြင်း၊ လည်ပင်းရိုးမှတဆင့် လက်မောင်းတောက်လျှောက် အလွန်နာကျင်ခြင်း၊ လက်ချောင်းလေးများ ထုံကျဉ်ခြင်းတို့ ခံစားရပါက ကျွမ်းကျင်သော ဆရာဝန်များထံ သွားရောက်တိုင်ပင်သင့်ပါတယ်!
☘ အခုဆိုရင် အနေအထားမှန်မှန်၊ နည်းလမ်းမှန်မှန်ဖြင့် ကွန်ပြူတာများကို အသုံးပြုခြင်းအားဖြင့် နေ့စဉ်ဘဝမှာ အထိအခိုက်နည်းပြီး ကျန်းမာရွှင်လန်းကြစေရန် အကြုံပြုလိုက်ပါတယ်!
Author : Dr. Aye Chan Moe