Long chain Fructo-oligosaccharides ဟုခေါ်ဆိုသော LcFOS များကို အစာလမ်းကြောင်းနှင့် အူမကြီးဦးပိုင်းရှိ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ ပွားများခြင်းကို လှုံ့ဆော်ပေးသည့် prebiotics များအဖြစ်လည်း သတ်မှတ်ထားကြပါသည်။
ထိုအကျိုးပြု ဘက်တီးရီးယားများသည် Essential Fatty Acid ကဲ့သို့သော အာဟာရဓာတ်များကို ထုတ်လုပ်ပေးနိုင်ကြပါသည်။
ထို့အပြင် အန္တရာယ်ရှိသော ဘက်တီးရီးယားပိုးမွှားများ အူလမ်းကြောင်းအတွင်းတွင် အလွန်အမင်း အရေအတွက် မများပြားလာစေရန် အတွက် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ခုခံအားစနစ်တွင်လည်း LcFOS များက အခန်းကဏ္ဍတစ်ခုအနေနှင့် ပါဝင်နေပါသည်။
ခန္ဓာကိုယ်ရောင်ရမ်းခြင်း ဖြစ်စဉ်များကိုလည်း LcFOS များက အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါသည်။
ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သော အလာဂျီဓါတ်မတည့်ခြင်းများနှင့် ပန်းနာရင်ကျပ်ဖြစ်ခြင်းများကို လျော့နည်း သက်သာစေနိုင်ပါသည်။
ခန္ဓာကိုယ်တွင် အရိုးနှင့် သွားများတည်ဆောက်ရာတွင် အရေးပါသည့် ကယ်လ်ဆီယမ်ဓါတ်များကို စုပ်ယူရာတွင်လည်း LcFOS များက များစွာ ကောင်းကျိုးပေးနိုင်ပါသည်။
LcFOS များသည် အစာခြေစနစ်အတွက်လည်း အကျိုးကျေးဇူးများကို ဘက်ပေါင်းစုံက ပေးစွမ်းနိုင်ပါသည်။
LcFOS များသည် အကျိုးပြု ဘက်တီးရီးယားများ၏ လုပ်ဆောင်ချက်များနှင့် အရည်အတွက်ကို တိုးတက်လာစေခြင်းအားဖြင့် အစာခြေဖျက်ခြင်းတွင် များစွာ အထောက်အကူပေးပါသည်။
ခြေဖျက်ပြီးသော အာဟာရဓါတ်များစုပ်ယူရာတွင်လည်း LcFOS များက များစွာ ကူညီပေးနိုင်ပါသည်။
ထို့ကြောင့် LcFOS များသည် အာဟာရဓါတ်များကို ပြည့်ဝအောင် ရရှိနိုင်ရန်အတွက် လွန်စွာမှ အရေးကြီးသော အပိုင်းမှ ပါဝင်နေပါသည်။
ထို့အပြင် အူလမ်းကြောင်းအတွင်းတွင် လေထိုး၊ လေအောင့်၊ လေပွခြင်းများကိုလည်း လျော့ပါးသက်သာအောင် ကာကွယ်ပေးနိုင်ပါသည်။
တစ်ခါတစ်ရံ အူလမ်းကြောင်းအတွင်းတွင်ရှိသော ဘက်တီးရီးယားများ မျှခြေပျက်ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော ဝမ်းပျက်ဝမ်းလျှော ရောဂါများကိုလည်း မဖြစ်ပေါ်စေရန် LcFOS များက ကာကွယ်ပေးနိုင်ပါသည်။
ထို့ပြင် LcFOS များသည် အူလှိုင်းထခြင်း နှေးကွေးမှုကြောင့် ဖြစ်ပေါ်တတ်သော ဝမ်းချုပ်ခြင်းများကိုလည်း မဖြစ်ပေါ်အောင် တားဆီးကာကွယ်ပေးနိုင်ပါသည်။
ဤနည်းအားဖြင့် LcFOS များသည် အူလမ်းကြောင်း၏ လုပ်ငန်းဆောင်တာများကို မှန်ကန်စေရန် ကူညီလုပ်ဆောင်ပေးပါသည်။
ဤနည်းအားဖြင့် LcFOS သည် ခန္ဓာကိုယ် ကျန်းမာရေး၏ အရေးပါသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါသည်။
Author : Dr. သန့်