fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အရိုးအဆစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်သော DHA အကြောင်း သိကောင်းစရာများ

488
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/01/2021
in ကျန်းမာစေသော အစားအစာ, အထွေထွေရောဂါများအကြောင်း
1 min read
A A

DHA ဆိုတာ လူအများသိကြတဲ့ ငါးကြီးဆီထဲမှာပါတဲ့ Omega-3 fatty acid တစ်မျိုး ဖြစ်ပါတယ်။ Fish oil ထဲမှာဆိုရင် ပုံမှန်အားဖြင့် DHA (Decoxahexaeonic acid) နဲ့ EPA (Eicosapentatonic acid) ဆိုပြီး Omge-3 fatty acid (၂) မျိုး ပါရှိပါတယ်။ ထို Fatty acid ၂ မျိုးထဲမှာမှ DHA ဟာ EPA ထက် လူသားတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးများကို ပိုပြီးရရှိစေပါတယ်။

 

DHA ရဲ့ အရိုးအဆစ်တွေအပေါ် ကောင်းကျိုးများ

  • အရိုးအဆစ်တွေ ရောင်ရမ်းတာကို သက်သာစေခြင်း

အထူးသဖြင့် အရိုးအဆစ် ရောင်ရမ်းစေတဲ့ရောဂါတွေဖြစ်တဲ့ သွေးလေးဖက်နာနဲ့ အသက်အရွယ်ကြီးရင့်သူတွေမှာဖြစ်တဲ့ ဒူးနာရောဂါတွေမှာ ရောင်ရမ်းတာတွေ လျော့ကျစေတာကြောင့် အရိုးအဆစ်နာကျင်ခြင်း၊ တောင့်တင်းခြင်းစတဲ့ ရောဂါဝေဒနာတွေကို သက်သာစေပါတယ်။

 

  • အရိုးအဆစ် နာကျင်မှုတွေ သက်သာစေခြင်း

ပုံမှန်အားဖြင့် အဆစ်များ လှုပ်ရှားရလွယ်ကူချောမွေ့စေဖို့ အဆစ် ၂ ခုကြားမှာ ချောဆီတွေ ရှိတတ်ပါတယ်။ အသက်ကြီးလာခြင်း သို့မဟုတ် အကြောင်းရင်းတစ်ခုခုကြောင့် ချောဆီတွေ လျော့နည်းသွားပြီး အရိုးတွေ ပွတ်တိုက်မိတာကြောင့် နာကျင်တာ၊ လှုပ်ရှားရခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ DHA ဟာ အဆစ်တွေမှာ လိုအပ်တဲ့ချောဆီတွေကို ပြန်လည်ဖြည့်တင်းပေးပြီး နေစဉ်လှုပ်ရှားသွားလာမှုတွေကြား အရိုးအဆစ် နာကျင်စေတာတွေကို သက်သာစေပါတယ်။

 

  • အရိုးအဆစ်များအား ကောင်းမွန်ကျန်းမာစေခြင်း

သဘာဝဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ DHA ဟာ အဆစ်တွေမှာရှိတဲ့ cell တွေ၊ tissue တွေကို ပြန်လည်ဖြည့်တင်းစေခြင်းအားဖြင့် အဆစ်တွေကို ကျန်းမာစေပါတယ်။ အရိုးရဲ့ သိပ်သည်းဆကိုလည်း တက်စေတာကြောင့် အရိုးတွေကို ခိုင်ခံ့စေပါတယ်။

ဒါကြောင့် အခုဆိုရင် အရိုးအဆစ်ရောဂါတွေမှာ DHA ပါဝင်တဲ့ Omega-3 Fatty acid ကိုပါ supplement အနေနဲ့ ထည့်သွင်းသောက်သုံးနေကြပြီ ဖြစ်ပါတယ်။

 

DHA ရဲ့ အခြားကောင်းကျိုးများ

DHA ရဲ့ အခြားကောင်းကျိုးတွေကတော့ –

  • သွေးတွင်းရှိ မကောင်းတဲ့ Triglycerides အဆီတွေကို လျှော့ချပေးခြင်း၊ ကောင်းတဲ့အဆီ HDL ကို များစေခြင်းနဲ့ သွေးပေါင်ကို ထိန်းပေးခြင်းကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေတဲ့အပြင် လေဖြတ်တာကိုပါ ကာကွယ်ပေးပါတယ်။
  • ငယ်ရွယ်စဉ်ကစပြီး လူကြီးဖြစ်လာတဲ့အထိ ခံစားရတတ်တဲ့ အာရုံစိုက်ရန် သို့မဟုတ် ငြိမ်သက်စွာနေရန် ခက်ခဲစေတဲ့ ADHD (Attention Deficit Hyperactivity Disorder) မှာဆိုရင်လည်း Omega-3 ကို သောက်သုံးစေခြင်းဖြင့် အပြုအမူနဲ့ အာရုံစူးစိုက်မှုတွေဟာ တိုးတက်လာတာ တွေ့ရပါတယ်။
  • ထို့အပြင် အယ်ဇိုင်းမားရောဂါ၊ စိတ်ဓာတ်ကျဆင်းခြင်းအစရှိတဲ့ အခြားသော စိတ်ကျန်းမာရေးပြဿနာတွေမှာလည်း လက္ခဏာတွေကို သက်သာစေပြီး စိတ်ကျန်းမာရေးထိခိုက်ဖို့ ဖြစ်နိုင်ခြေရှိသူတွေမှာ DHA ကို သောက်သုံးပေးရင် အလားအလာတွေကို လျှော့ချပေးနိုင်ပါတယ်။
  • ပြင်းထန်တဲ့အားကစားလုပ်တဲ့သူတွေမှာ ခံစားရလေ့ရှိတဲ့ ကြွက်သားတွေ ရောင်ရမ်းတာ၊ နာကျင်တာတွေကိုလည်း သက်သာစေပါတယ်။
  • Diet သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်နေတဲ့သူတွေမှာ DHA ပါတဲ့ငါးကြီးဆီ သောက်သုံးပေးခြင်းဟာ ကိုယ်အလေးချိန်ကို ပိုကျစေပါတယ်။
  • အသည်းအဆီဖုံးခြင်းကို သက်သာစေပါတယ်။
  • ခန္ဓာကိုယ်အတွင်းရှိ ရောင်ရမ်းခြင်းတွေကို သက်သာစေတာကြောင့် နာတာရှည်ရောဂါအချို့နှင့် အူမကြီး၊ ပန်ကရိယ၊ ရင်သားနဲ့ ဆီးကျိတ်စတဲ့ ကင်ဆာဖြစ်ပွားနှုန်းအချို့ကိုပါ လျှော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။

DHA ကို ဘယ်ကရမလဲ ?

လူသားတွေရဲ့ ခန္ဓာကိုယ်ကနေ DHA အနည်းငယ်သာ ထုတ်ပေးပေးနိုင်တာကြောင့် DHA ကို အစားအစာတွေနဲ့ ဖြည့်စွက်စာတွေ သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။

အစားအသောက်တွေအနေနဲ့ Omega-3 အများအပြားပါတဲ့ ဆယ်လမွန်ငါး၊ တူနာ၊ ဆာဒင်းနဲ့ Mackerel ငါးတွေကနေ ရရှိနိုင်ပါတယ်။

ဖြည့်စွက်စာအနေနဲ့ကတော့ Capsule၊ ဝါးစားလို့ရတဲ့ဆေးလုံး၊ အရည်တွေနဲ့ လာပါတယ်။ WHO ရဲ့လမ်းညွှန်အချက် DHA ကို တစ်နေ့လျှင် 200 – 500 mg ခန့်သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။

 

အများစုကတော့ DHA ပါဝင်တဲ့ ငါးကြီးဆီ သောက်သုံးရာမှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မခံစားရပေမယ့် တစ်ခါတစ်ရံမှာတော့ –

– ခံတွင်းနံ့ နံခြင်း

– လေချဉ်တက်ခြင်း

– ရင်ပူခြင်း

– ပျို့အန်ခြင်းနဲ့

– ဝမ်းသက်ခြင်းတို့ ဖြစ်စေပါတယ်။ အစာနဲ့တွဲသောက်ခြင်း သို့မဟုတ် မသောက်မီ ဆေးတွေကို ရေခဲသေတ္တာထဲမှာ အေးအောင်ထားခြင်းအားဖြင့် အထက်ပါဘေးထွက်ဆိုးကျိုးတွေကို လျှော့ချနိုင်ပါတယ်။

 

သတိပြုရန် !

အရိုးအဆစ် ရောင်ရမ်းခြင်းများအတွက် Omega-3 Fatty Acidတွေကို ပမာဏများများ သောက်သုံးမည် သို့မဟုတ် ကိုယ်ဝန်ဆောင်များနဲ့ နို့တိုက်မိခင်တွေမှာ အဆိုပါ ငါးကြီးဆီတွေကို သောက်သုံးတော့မည်ဆိုလျှင် သက်ဆိုင်ရာဆရာဝန်များနဲ့ တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။      ။

Author : Dr. Aye Chan Moe

Previous Post

ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

Next Post

မပေါ့ဆသင့်သော သွေးအားနည်းရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မပေါ့ဆသင့်သော သွေးအားနည်းရောဂါ

ကလေးများ၏အစာစားချင်စိတ်ကို DHA ကအကျိုးသက်ရောက်မှုရှိပါသလား

အသည်း၏ အရေးပါသော လုပ်ငန်းဆောင်တာများနှင့် အသည်းကျန်းမာရေးကို ထိန်းသိမ်းဖို့ဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.