fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/02/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရင်ပူခြင်းဆိုသည်မှာ GERD ( Gastroesophageal Reflux Disease ) ဟုခေါ်သော ( အစာအိမ်မှ အက်ဆစ်ရည်များ အစာရည်မျိုပြွန်အတွင်းသို့ ဆန်တက်ခြင်းရောဂါ ) တွင် တွေ့ရှိရသည့် ရောဂါလက္ခဏာတစ်ခု ဖြစ်ပါသည်။

အများစုသည် အစာစားပြီးအချိန်တွင် ၎င်းရောဂါလက္ခဏာကို ခံစားရပြီး အချို့သည် ဝေဒနာခံစားရခြင်းကြောင့် အိပ်ပျော်နေရာမှ နိုးထလာရခြင်းမျိုးကိုလည်း ကြုံတွေ့ခံစားရတတ်ပါသည်။

အချို့သော အစားအစာများနှင့် အဖျော်ယမကာများကို စားသောက်ခြင်းကြောင့်လည်း ရင်ပူခြင်း ရောဂါဝေဒနာကို ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။

လေ့လာတွေ့ရှိချက်များအရ ရင်ပူခြင်းဟူသော ရောဂါလက္ခဏာသည် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ပို၍အဖြစ်များကြောင်း တွေ့ရှိရပါသည်။

GERD ရောဂါတွင် ရင်ပူခြင်း (Heart Burn) နှင့် တွဲ၍တွေ့ရတတ်သော ရောဂါလက္ခဏာများမှာ

– အစာမျိုချရန်ခက်ခဲခြင်း

– နာတာရှည်ချောင်းဆိုးခြင်း

– အစာအိမ်နာခြင်း သို့မဟုတ် ဝမ်းဗိုက်အထက်ပိုင်းတွင် နာခြင်း၊ အောင့်ခြင်း

– နာတာရှည် လည်ချောင်းနာ ဝေဒနာခံစားရခြင်း

– လည်ချောင်းတွင် ချဉ်သောအရသာခံစားရပြီး အစားအစာများနှင့် အရည်များအထက်သို့ဆန်တက်ခြင်း

– နာတာရှည်  လေမျိုပြွန်ရောင်ရမ်းခြင်း

– လည်ချောင်းတွင် အစာတစ်ခုခုကပ်နေသကဲ့သို့ ခံစားရခြင်း စသည်တို့ ဖြစ်ပါသည်။

ရင်ပူခြင်းဝေဒနာသည် အစာအိမ်အက်ဆစ်ရည် ဆန်တက်ခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ တခါတရံ  နှလုံးရောဂါကြောင့်လည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အောက်ပါလက္ခဏာများကို တွဲ၍တွေ့ရှိရလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသ၍ ကုသမှုခံယူသင့်ကြောင်း အကြံပြုလိုပါသည်။

– အသက်ရှူမ၀ခြင်း

– ရင်ဘတ်တွင် မအီမသာဖြစ်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းသည် လက်မောင်းနှင့် လည်ပင်းဆီသို့ ရွေ့လျားလာခြင်း

– ခေါင်းမူးခြင်း သို့မဟုတ် ခြေဖျားလက်ဖျားအေး၍ ချွေးစေးများထွက်ခြင်း စသည်တို့ဖြစ်ကြပါသည်။

 

ရင်ပူခြင်းရောဂါဝေဒနာကို ဖြစ်စေသော အစားအစာများနှင့် အဖျော်ယမကာများ

( ၁ )    အရက်

အရက်သည် အစာရည်မျိုပြွန်အောက်ပိုင်းရှိ ရှုံ့ကြွက်သားကို ပြေလျော့စေခြင်းကြောင့် အစာအိမ်မှ အက်ဆစ်ရည်များကို အထက်သို့ဆန်တက်စေနိုင်သဖြင့် အရက်သောက်ခြင်းသည် ရင်ပူခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

( ၂ )      ကော်ဖီ နှင့် ချဉ်သောသစ်သီးဖျော်ရည်များ

ကော်ဖီနှင့် ချဉ်သောသစ်သီးဖျော်ရည်များသည် ရင်ပူခြင်းလက္ခဏာကို ပို၍ ဆိုးရွားစေသော အဖျော်ယမကာများ ဖြစ်ကြပါသည်။

( ၃ )     အဆီဓာတ်များသောအစားအစာများ၊ ဆီကြော်အစားအစာများ ၊ ချဉ်သော ၊ ပူစပ်သော အစားအစာများသည် ရင်ပူခြင်းကို ဖြစ်စေသော အစားအစာများတွင် ပါဝင်ကြောင်းတွေ့ရှိရပါသည်။

 

ရင်ပူခြင်းဝေဒနာကို သက်သာစေရန်အတွက် ဆောင်ရန် ရှောင်ရန် နည်းလမ်းများ

( ၁ )     အစားအစာကို တစ်ကြိမ်တည်းတွင် ပမာဏများများ မစားပါနှင့်။

အစာအိမ်အက်ဆစ်ချဉ်ရည်များဆန်တက်ခြင်းသည် အစာစားပြီးချိန်တွင် ပိုမိုဖြစ်ပွား လေ့ရှိသဖြင့် အစားအစာများကို တစ်ကြိမ်တည်းတွင် ပမာဏများများ စားသုံးခြင်းသည် ရင်ပူခြင်းကို ပို၍ဆိုးရွားစေနိုင်ပါသည်။

 

( ၂ )      ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပါ။

ဝမ်းဗိုက်တွင် ဖိအားအလွန်များနေခြင်းသည် အစာအိမ်အက်ဆစ်ဆန်တက်ခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် ဝမ်းဗိုက်ရှိအဆီများလျော့နည်းသွားခြင်းသည် ရင်ပူခြင်းရောဂါလက္ခဏာကို သက်သာစေနိုင်ကြောင်း‌ တွေ့ရှိရပါသည်။

 

( ၃ )     ကစီဓာတ်နည်းသော အစားအစာများကို စားသုံးပါ။

အစာအိမ်အက်ဆစ်ဆန်တက်ခြင်းသည် ကစီဓာတ်များကို ကောင်းစွာခြေဖျက်နိုင်ခြင်းမရှိသည့် အတွက်လည်း ဖြစ်နိုင်ပါသည်။

ထိုအကြောင်းရင်းကြောင့် အစာအိမ်လက္ခဏာများကို သက်သာစေရန် ကစီဓာတ်နည်းပါးသော အစားအစာများကို စားသုံးသင့်ကြောင်း အကြံပြုလိုပါသည်။

( ၄ )     အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

အရက်ကို အလွန်အကျွံသောက်ခြင်းသည် အစာအိမ်အက်ဆစ်ဆန်တက်ခြင်းဆိုင်ရာဝေဒနာများကို ပိုမိုပြင်းထန်စေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် အရက်သောက်ခြင်း အလေ့အထ ရှိသောသူများသည် အစာအိမ်ရောဂါဖြစ်သည့်အခါ အရက်ကို ပမာဏလျှော့၍သောက်ခြင်း သို့မဟုတ် လုံး၀ရှောင်ကြဉ်ခြင်း ပြုလုပ်သင့်ပါသည်။

 

( ၅ )     ကော်ဖီပမာဏများများသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

လေ့လာတွေ့ရှိချက်များအရ ကော်ဖီသောက်ခြင်းသည် အစာအိမ်အက်ဆစ်ချဉ်ရည်များ ဆန်တက်ခြင်းကို ပိုမိုပြင်းထန်စေသဖြင့် အစာအိမ်ရောဂါရှိသောသူများနှင့် မသင့်လျော်သော အဖျော်ယမကာတစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

( ၆ )    ပီကေ ဝါးခြင်း အလေ့အကျင့်ကို ပြုလုပ်ပါ။

ပီကေဝါးခြင်းသည် တံထွေးများဖြစ်ပေါ်ခြင်းကို အားပေးပြီး အစာရည်မျိုပြွန်အတွင်းမှ အစာအိမ်အက်ဆစ်များကို ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိပါသည်။

ထို့ကြောင့် ရင်ပူခြင်းရောဂါလက္ခဏာကို သက်သာလျော့နည်းစေရန် ပီကေဝါးခြင်း အလေ့အထကို ဆောင်ထားသင့်ပါသည်။

 

( ၇ )     ကြက်သွန်နီကို အစိမ်းစားခြင်းမှ ရှောင်ကြဉ်ပါ။

အချို့သောသူများသည် ကြက်သွန်နီကို မချက်ပြုတ်ဘဲ အစိမ်းစားသောက်ပြီးနောက် အစာအိမ်အက်ဆစ်ရည်များ ဆန်တက်ခြင်းကို အားပေးပြီး ရင်ပူခြင်းရောဂါလက္ခဏာ ပို၍ ဆိုးရွားပြင်းထန်လာစေကြောင်း တွေ့ရှိရပါသည်။

 

( ၈ )     ကာဗွန်ဒိုင်အောက်ဆိုက်များ ပါဝင်သည့် အဖျော်ယမကာများကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

၎င်းအဖျော်ယမကာများသည် လေတက်ခြင်းကို ခဏသာဖြစ်စေပြီး အစာအိမ်မှ အက်ဆစ်ရည်များဆန်တက်ခြင်းကို အားပေးသောကြောင့် အစာအိမ်ရင်ပူခြင်းဝေဒနာ ခံစားနေရသောသူများ ရှောင်ကြဉ်သင့်သော အဖျော်ယမကာတစ်မျိုးဖြစ်ပါသည်။

 

( ၉ )     ချဉ်သောသစ်သီးဖျော်ရည်များကို ရှောင်ကြဉ်ပါ။

သုတေသနလေ့လာဆန်းစစ်မှုများအရ ချဉ်သောသစ်သီးဖျော်ရည်များသည် အစာအိမ် အနားသားကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အစာအိမ်ရင်ပူရောဂါကို သက်သာစေရန်အတွက် ချဉ်သောသစ်သီးဖျော်ရည်များကို ရှောင်ကြဉ်ရန် လိုအပ်ပါသည်။

 

( ၁၀ )   အိပ်ရာခေါင်းရင်းပိုင်းကို မြှင့်တင်ထားပေးပါ။

အိပ်ရာ၏ခေါင်းရင်းပိုင်းကို မြှင့်တင်ပေးခြင်းဖြင့် ညအိပ်ချိန်တွင် အစာအိမ်အက်ဆစ် ဆန်တက်ခြင်းလက္ခဏာကို သက်သာလျော့နည်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။

 

( ၁၁ )   အိပ်ရာမဝင်ခင် သုံးနာရီအတွင်း အစားအစာများစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

ညစာကို အိပ်ရာဝင်ချိန်နှင့် အနည်းဆုံးသုံးနာရီခန့်ခြားပြီး စားသုံးသင့်ကြောင်း အကြံပြုလို ပါသည်။

အဘယ်ကြောင့်ဆိုသော် ညစာကို အိပ်ခါနီးအချိန်နှင့် နီးကပ်စွာ စားသုံးခြင်းသည် အစာမကြေဖြစ်ခြင်း၊ အစာအိမ်အက်ဆစ်ရည်များဆန်တက်ခြင်းတို့ကို ဖြစ်စေနိုင်သည့်အတွက် ဖြစ်ပါသည်။

 

( ၁၂ )    ညအိပ်သည့်အခါ ညာဘက်သို့ စောင်း၍ မအိပ်ပါနှင့်။

အကယ်၍ ညအိပ်ချိန်တွင် အစာအိမ်အက်ဆစ်ရည်ဆန်တက်ခြင်း ဖြစ်တတ်သောသူများသည် ညအိပ်လျှင် ညာဘက်သို့စောင်း၍ အိပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

 

 

ရင်ပူခြင်းကို ကုသရန်နည်းလမ်းများ

            ရင်ပူခြင်းရောဂါကို ကုသသည့် ဆေးဝါးများကို အောက်ပါအတိုင်း အုပ်စု သုံးစုခွဲခြားနိုင်ပါသည်။

 

–  အစာအိမ်အက်ဆစ်ရည်များကို ဓာတ်ပြယ်စေသည့် ဆေးဝါးများ။ ( Antacids )

Antacids အစာအိမ်လေဆေးများသည် ရောဂါလက္ခဏာကို အမြန်ဆုံးသက်သာပျောက်ကင်း စေနိုင်ပါသည်။

သို့သော် ၎င်းဆေးဝါးများသည် အစာအိမ်ရင်ပူခြင်းရောဂါလက္ခဏာများကို နောက်တစ်ဖန် ပြန်လည်ဖြစ်ပွားခြင်းမရှိစေရန် ကာကွယ်ပေးသော ဆေးဝါးများမဟုတ်ဘဲ ရောဂါဝေဒနာတို့ကို အမြန်သက်သာစေသည့် ဆေးဝါးများသာ ဖြစ်ကြပါသည်။

 

– အစာအိမ်အက်ဆစ်ထုတ်ခြင်းကို လျော့နည်းစေသည့် ဆေးဝါးများ။ (H2 Blockers )

၎င်းဆေးဝါးအုပ်စုသည် အစာအိမ်အက်ဆစ်တို့ကို ထုတ်လုပ်ပေးသော H2 Receptor တို့ကို တားဆီးပေးသည့် နည်းလမ်းဖြင့် အစာအိမ်အက်ဆစ်ထွက်ခြင်းကို လျော့နည်းစေသည့် ဆေးဝါးများဖြစ်ပါသည်။

 

– အစာအိမ်အက်ဆစ်ထွက်ခြင်းကို တားမြစ်ပေးသည့်ဆေးဝါးများ။ ( Proton Pump Inhibitors )

၎င်းဆေးဝါးများသည် အစာအိမ်အက်ဆစ်ကြောင့် ထိခိုက်ဒဏ်ရာဖြစ်နေသည့် အစာရည်မျိုပြွန်များကို အနာကျက်စေရန် ကုသပေးသည့်ဆေးဝါးများ ဖြစ်ကြပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

Next Post

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
810
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
cffyjdyrjdcycfy vffuvgujvg hyigbi hyiyhi

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

စိတ်ဖိစီးမှုလျော့ကျစေဖို့အတွက် အကောင်းဆုံးအစာအာဟာရများ

DHA က နှလုံးကျန်းမာရေးအတွက် ဘာကြောင့်အရေးပါတာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.