fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

76
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/02/2021
in မိခင်နှင့်ကလေးကျန်းမာရေး
စာဖတ်ရန်ကြာချိန် 2 မိနစ်
A A
0 0

ခန္ဓာကိုယ်တွင် ဦးနှောက်အစိတ်အပိုင်းသည် စွမ်းအင်အားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုသောကြောင့် တစ်နေ့တာလုံး အာရုံစူးစိုက်မှုလုပ်ငန်းအား ကောင်းစွာလုပ်ဆောင်နိုင်ရန် အတွက် အာဟာရဓာတ်များစွာ လိုအပ်ပါသည်။

ဦးနှောက်ဆဲလ်များကို တည်ဆောက်ပြုပြင်ရန် နှင့်  Alzheimer’s Disease  ကဲ့သို့သော အာရုံကြောယိုယွင်းပျက်စီးသည့် ရောဂါတို့ကို ကာကွယ်ရန် လိုအပ်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ  (Antioxidants) ကိုလည်း လုံလောက်စွာရရှိရန် လိုအပ်ပါသည်။

          ထို့ကြောင့် ကလေးများစားသုံးသည့် အစားအစာများတွင်လည်း ဦးနှောက်ဉာဏ်ထက်မြက်စေနိုင်သည့် အာဟာရဓာတ်များ လုံလောက်မျှတစွာ ပါဝင်အောင် ကျွေးမွေးရန် လိုအပ်ပါသည်။

အောက်ပါတို့သည် ကလေးများဉာဏ်ရည်ထက်မြက်စေနိုင်သည့် အစားအစာများဖြစ်ကြ ပါသည်။

( ၁ )     အဆီဓာတ်များသည့်ငါးများ။

 

အဆီဓာတ်များသည့်ငါးများသည် Omega -3 Fatty acids ပေါကြွယ်၀သည့် အစားအစာတစ်မျိုး ဖြစ်ပါသည်။

၎င်းအာဟာရဓာတ်သည် ဦးနှောက်ဆဲလ်များ၏ ဖွဲ့စည်းမှုကို အထောက်အပံ့ပေးသော အာဟာရဓာတ်တစ်မျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

သုတေသနလေ့လာချက်များအရ Omega -3 Fatty acids သည် မှတ်ဉာဏ်ကောင်းစေခြင်း နှင့် အတွေးအခေါ်ဉာဏ်ရည်ပိုင်းဆိုင်ရာတို့တွင် ဖွံ့ ‌ဖြိုးစေနိုင်ခြင်းစသည့် ကောင်းကျိုးများရှိကြောင်းလည်း တွေ့ရှိရပါသည်။

ထို့ကြောင့် အောက်ပါ အစားအစာများကို စားသောက်ခြင့်ဖြင့် Omega -3 Fatty acids များ ရရှိနိုင်ကြောင်း တွေ့ရှိရပါသည်။

– ဆယ်လ်မွန်ငါး

– ဆာဒင်းငါး

– တူနားငါး

– ဟာရင်းငါး စသည့်ငါးများသည် ကလေးများဉာဏ်ရည်ထက်မြက်စေနိုင်သော အစားအစာများဖြစ်ကြပါသည်။

 

( ၂ )      ချောကလက်အမည်း (Dark  Chocolate )

 

ချောကလက်အမည်းတွင် ပါဝင်သော cacao ၌ flavonoids ဟုခေါ်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါရှိကြောင်း တွေ့ရှိရပါသည်။

ဦးနှောက်ကျန်းမာရေးအတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အလွန်အရေးပါသော ဓာတ်တစ်မျိုးဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ၎င်း   Antioxidants  များသည် အသက်အရွယ်ကြီးလာလျှင် ဖြစ်တတ်သော မှတ်ဉာဏ်ကျဆင်းခြင်းနှင့် အခြားဦးနှောက်ပိုင်းဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

 

( ၃ )     ဘယ်ရီသီးများ။

ချောကလက်အမည်းကဲ့သို့ပင် ဘယ်ရီသီးများတွင်လည်း Flavonoid antioxidants များစွာပါဝင်ကြောင်း သုတေသနပြုချက်များအရ သိရှိရပါသည်။

Flavonoid antioxidants များသည် ရောင်ရမ်းခြင်းနှင့် ဓာတ်တိုးဖိစီးခြင်းများကို လျော့ကျစေနိုင်သော အာနိသင်ရှိကြပါသည်။

 

‌ အောက်ပါတို့သည် ဘယ်ရီသီးများစားသုံးခြင်းကြောင့် ဦးနှောက်ဉာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် ကောင်းကျိုးပေးနိုင်သော အကျိုးကျေးဇူးများ ဖြစ်ကြပါသည်။

 

–  ပညာသင်ယူနို်င်စွမ်း နှင့်မှတ်ဉာဏ်တို့ကို ကောင်းမွန်စေနိုင်ခြင်း

 

–  အသက်အရွယ်ကြီးသည့်အခါ ခံစားရတတ်သည့် မှတ်ဉာဏ်ကျဆင်းခြင်းနှင့် အာရုံကြော

 

ပျက်စီးစေသော ရောဂါများကို  လျော့နည်းစေရန် ကာကွယ်ပေးနိုင်ခြင်း စသည်တို့ဖြစ်ကြပါသည်။

 

 

( ၄ )     အခွံမာသီးနှင့် အစေ့အဆန်များ။

 

အခွံမာသီးများနှင့် အစေ့အဆန်များသည် အပင်များမှရရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်နှင့် အသားဓာတ်ကြွယ်၀သည့် အစားအစာများဖြစ်ကြပါသည်။

၎င်းအစားအစာများတွင်လည်း Omega -3 နှင့် Antioxidants များ ကြွယ်၀စွာ ပါဝင်သောကြောင့် ကလေးများဦးနှောက်ဖွံ့ဖြိုးမှုအတွက် စားသုံးသင့်ပါသည်။

 

            Vitamin E ဟူသော Antioxidants ဗီတာမင်ဓာတ်များလည်း ပြည့်၀စွာ ပါဝင်သဖြင့် Alzheimer’s Disease ကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

 

ထို့ကြောင့်  နေကြာစေ့၊ ဗာဒံစေ့ ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး စသည့် အစားအစာများကို ကလေးများအား ဉာဏ်ရည်ကောင်းစေရန် မုန့်ပဲသရေစာ အဖြစ်ကျွေးသင့်ပါကြောင်း အကြံပြုလိုပါသည်။

 

( ၅ )     ဂျုံနှင့် ဆန်စပါးတို့ဖြင့်ပြုလုပ်သည့်အစားအစာများ။

 

၎င်းအစားအစာများသည်လည်း ဗီတာမင် အီး အပါအဝင် အခြားအာဟာရဓာတ်များစွာ ပါဝင်သည့် အစားအစာများဖြစ်ကြပါသည်။

 

– ဆန်လုံးညို

 

– ပေါင်မုန့်

 

– ဘာလီ ( Barley )

 

–  Pasta 

 

– Oatmeal စသည်တို့ ဖြစ်ကြပါသည်။

 

( ၆ )     ထောပတ်သီး

 

ထောပတ်သီးသည် ဦးနှောက်ကျန်းမာရေးကို အားပေးသော ခန္ဓာကိုယ်ကျန်းမာရေးအကျိုးပြု အဆီဓာတ်များ ကြွယ်၀စွာ ပါဝင်သည့် သစ်သီးတစ်မျိုး ဖြစ်ပါသည်။

 

၎င်းအဆီဓာတ်များကို စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကို လျော့ကျစေနိုင်သည့် အာနိသင် ရှိကြောင်းတွေ့ရှိရပါသည်။

 

လေ့လာဆန်းစစ်ချက်များအရ သွေးပေါင်ချိန်တက်ခြင်းသည် ဦးနှောက်၏ မှတ်ဉာဏ်နှင့် အပြုအမူဆိုင်ရာလုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေနိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။

 

အခြားသော ကျန်းမာရေးအကျိုးပြုအဆီဓာတ်များပါဝင်သည့် အစားအစာများမှာ

 

– ဗာဒံစေ့

– သီဟိုဠ်စေ့

– မြေပဲ

– နေကြာစေ့

– သစ်ကြားသီး

– ငါးအမျိုးမျိုးစသည်တို့ ဖြစ်ကြပါသည်။

 

 

( ၇ )     မြေပဲ

 

မြေပဲသည် အာဟာရဓာတ်များအလွန်ပြည့်၀စွာ ပါဝင်သည့် ပဲအမျိုးအစား တစ်မျိုးဖြစ်ပါသည်။

၎င်းတွင် ကျန်းမာရေးကို အကျိုးပြုသည့် အဆီဓာတ်များနှင့် ပရိုတင်းအသားဓာတ်များ ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

၎င်းတို့တွင် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုသည့် Vitamin E နှင့် Resveratrol ဓာတ်များအပါအဝင် အခြားဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါဝင်ပါသည်။

 

Resveratrol သည် လူကြီးများတွင် ကင်ဆာရောဂါ အပါအဝင် Alzheimer’s Disease, Parkinson ‘s Disease ကဲ့သို့သော ဦးနှောက်အာရုံကြောရောဂါများကို ကာကွယ်ပေးနိုင်သော ဒြပ်ပေါင်းတစ်မျိုး ဖြစ်ပါသည်။

 

 

( ၈ )     ကြက်ဥဘဲဥများ။

 

ကြက်ဥဘဲဥများသည် အောက်ပါ ဗီတာမင်ဓာတ်များပြည့်၀စွာ ပါရှိသဖြင့် ကလေးများ ဉာဏ်ရည်ထက်မြက်စေရန် စားသုံးသင့်သော အစားအစာတစ်မျိုးဖြစ်ပါသည်။

 

– Vitamin B-6

– Vitamin B-12

–  Folic Acid စသည့် အာဟာရဓာတ်များ ပေါများစွာ ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

 

( ၉ )     အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ

 

၎င်းတို့တွင် အမျှင်ဓာတ်များနှင့် အာဟာရဓာတ်များစွာ ပါဝင်ကြောင်း တွေ့ရှိရပါသည်။

 

၎င်းဟင်းသီးဟင်းရွက်များတွင် ပါဝင်သည့် glucosinolates ဒြပ်ပေါင်းများပြိုကွဲသောအခါ isothiocyanates ဟူသော ဒြပ်ပေါင်းများကို ထုတ်လွှတ်ပေးပါသည်။

 

အထက်ပါ ဒြပ်ပေါင်းများသည် အာရုံကြောနှင့် သက်ဆိုင်သော ရောဂါများဖြစ်နိုင်ခြေကို ကောင်းစွာ လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

ထို့ပြင် ၎င်းတို့တွင် ပါဝင်သော Vitamin C , Flavonoids ဓာတ်များသည်လည်း ဦးနှောက် ကျန်းမာရေးကို အကျိုးပြုနိုင်ပါသည်။

 

–  ဂေါ်ဖီထုပ်

 

– ဂေါ်ဖီပန်းပွင့်

 

–  ဘရိုကိုလီ

 

–  ကိုက်လန်စသည့် ဟင်းသီးဟင်းရွက်များဖြစ်ကြပါသည်။

 

( ၁၀ )   ပဲမှရရှိသော အစားအစာများ။

ထိုအစားအစာများသည် Polyphenols ဟုခေါ်သော Antioxidants များပေါများစွာ ပါဝင်သည့် အစားအစာအုပ်စုတစ်မျိုး ဖြစ်ပါသည်။

၎င်းဒြပ်ပေါင်းများသည် ကလေးများဦးနှောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကောင်းစွာ လုပ်ဆောင်နိုင်ရန် အထောက်အပံ့ပေးသည့် အာနိသင်ရှိကြောင်း လက်ခံယုံကြည်ထားကြပါသည်။.

     ထို့ပြင် မိခင်များအနေဖြင့် ကလေးများအား ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် အောက်ပါဗီတာမင် ဓာတ်များပါဝင်သည့် အားဆေးများကို တိုက်ကျွေးသင့်ကြောင်း အကြံပြုလိုပါသည်။

– ဗီတာမင် စီ (vitamin C )

– ဗီတာမင် ဘီ အုပ်စု (vitamin B  complex )

– ဗီတာမင် အေ (vitamin A )

– မဂ္ဂနီဆီယမ် (  Magnesium ) စသည့်အာဟာရဓာတ်များဖြစ်ကြပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

Next Post

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

76
VIEWS
Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

4 weeks ago

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

1 month ago

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

1 month ago

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

1 month ago

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

1 month ago

ကလေးများ DHA ဓာတ် ချို့တဲ့လျှင် ဖြစ်နိုင်သော ( ADHD ) ရောဂါအကြောင်း

1 month ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0
  • ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

    0 shares
    Share 0 Tweet 0
  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
Next Post

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!