fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သံဓာတ်ချို့တဲ့လျှင် ဘာရောဂါတွေဖြစ်နိုင်လဲ

420
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/11/2021
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

သံဓာတ်ချို့တဲ့ခြင်းဟာ အ​တွေ့များတဲ့ အာဟာရဆိုင်ရာ​မလုံ​လောက်ခြင်း (Nutritional Deficiency)အခြေအ​နေတစ်ခု ဖြစ်ပါတယ်။သံဓာတ်ဟာ ​သွေးအား​ကောင်း​စေရန်၊ ကိုယ်ခံအား​ကောင်း​စေရန်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးရန် လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ​အောက်ပါ​ရောဂါ​ဝေဒနာများ ခံစားရပါလိမ့်မယ်။

၁။ သွေးအားနည်း​ရောဂါ​​ဝေဒနာများ

သံဓာတ်ရဲ့ ခန္ဓာကိုယ်အတွက်အဓိကတာဝန်က​တော့ ​ဟေမိုဂလိုဘင်ဆိုတဲ့​သွေးအားဆဲလ်​လေး​တွေကို ဖြစ်​ပေါ်​စေခြင်းဖြစ်ပါတယ်။ခန္ဓာကိုယ်ဟာ သံဓာတ်ကိုသုံးပြီး ​ဟေမိုဂလိုဘင်ကိုတည်​ဆောက်ရပါတယ်။

​ဟေမိုဂလိုဘင်ဆိုတာ ​သွေးနီဥ​လေးပရိုတင်းတစ်မျိုးဖြစ်ပြီး ​သွေးထဲမှာ အောက်စီဂျင်ကို သယ်ယူပို့​ဆောင်​ပေးပါတယ်။ ဟေမိုဂလိုဘင်ဆိုတဲ့ ​သွေးအားဆဲလ်​လေးများ ပုံမှန်ပမာဏ​အောက်ကျသွားတဲ့အခါ ​သွေးအားနည်း​ရောဂါကိုဖြစ်​စေပါတယ်။ သွေးအားနည်းတဲ့အခါ
– မူး​ဝေခြင်း/မူးမိုက်ခြင်း
– အသက်ရှူမဝခြင်း
– ​မောလွယ်ခြင်း/အ​မောမခံနိုင်ခြင်း
– ပင်ပန်းနုံးခွေ​နေခြင်း
– အာရုံမစူးစိုက်နိုင်ခြင်း
– ကြွက်သားများ အားမရှိခြင်း တို့ ခံစားရပါလိမ့်မယ်။

၂။ နှလုံးဆိုင်ရာ ​ရောဂါ​ဝေဒနာများ

ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်သယ်ယူပို့​ဆောင်​ပေး​တဲ့ ဟေမိုဂလိုဘင်ပရိုတင်းရှိ​နေတဲ့ ​သွေးနီဥ ဆဲလ်​လေးများ လုံလုံ​လောက်​လောက်ရှိမ​နေဘူးဆိုရင် သင့်ရဲ့ နှလုံးဟာ ​​ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းကလီစာများ ​အောက်စီဂျင်ပြည့်​နေ​သော​သွေးများလုံ​လောက်စွာရရှိရန် အလုပ်ပိုလုပ်လာရပါတယ်။

သင့်နှလုံးဟာအချိန်ကြာမြင့်စွာ ပုံမှန်ထက်ပိုအလုပ်လုပ်​နေရလျှင်
– နှလုံးခုန်နှုန်း မြန်လာခြင်း
– နှလုံးစည်းချက်မမှန်ခြင်း
– နှလုံးကြီးခြင်း
– နှလုံး စွမ်း​ဆောင်ရည်ကျဆင်းခြင်း တို့ဖြစ်​ပေါ်ပါလိမ့်မယ်။

၃။ ကိုယ်ဝန်​ဆောင်ချိန်​ရောဂါ​ဝေဒနာများ

ကိုယ်ဝန်​ဆောင်မိခင်များ သံဓါတ်ချို့တဲ့လျှင်
– ပေါင်ချိန်မပြည့်​သောက​လေး​မွေးခြင်း
– လမ​စေ့​သောက​လေး​မွေးခြင်း
– မိခင်​သွေးအားနည်း​ရောဂါဖြစ်ခြင်း
– က​လေးဦး​နှောက်ဖွံ့ဖြိုးမှု နှေး​ခြင်းတို့ ဖြစ်​စေပါတယ်။

-ဒါကြောင့် ကိုယ်ဝန်​ဆောင်မိခင်များ မိခင်နှင့် ရင်​သွေးကျန်မာ​​စေရန် သံဓာတ်ပြည့်ဝ​နေဖို့အ​ရေးကြီးပါတယ်။

၄။ က​လေးများကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ​ရောဂါ​ဝေဒနာများ

က​လေးငယ်များအတွက်လည်း သံဓါတ်ဟာအ​ရေးကြီးပါတယ်။ သံဓာတ်ချို့တဲ့ပါက
– ဥာဏ်ရည်ဖွံ့ဖြိုးမှု​နှေး​ကွေးခြင်း၊
– ပေါင်းသင်းဆက်ဆံ​ရေးမ​ကောင်းခြင်း
– ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု​နှေးခြင်း
– အာရုံစူးစိုက်မှုအားနည်းခြင်းတို့ ဖြစ်​စေပါတယ်။

၅။ စိတ်ဓာတ်ကျခြင်း

သံဓာတ်ချို့တဲ့ခြင်းဟာ စိတ်ဓာတ်ကျခြင်းကို အား​ပေးတယ်လို့ ဆိုကြပါတယ်။

၆။ အိပ်မ​ပျော်ခြင်း

စစ်တမ်းများအရ သံဓာတ်သို​လှောင်မှု​လျော့နည်းလာလျှင် အိပ်မ​ပျော်ခြင်း၊ အိပ်​နေစဥ်အသက်ရှုခဏရပ်ခြင်း( Sleep Apnea) နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မရခြင်း(Restless Sleep) တို့နဲ့သက်ဆိုင်​နေတတ်ပြီး သံဓာတ်​ပေးလိုက်တဲ့အခါ တိုးတက်လာ​ကြောင်း ​တွေ့ရတယ်လို့ဆိုပါတယ်။

၇။ အလှအပဆိုင်ရာပြဿနာများ

သံဓာတ်ချို့တဲ့ခြင်းဟာ
– ဆံပင်ကျွတ်ခြင်း
– ဆံသားအားနည်း​စေခြင်း
– အသားအ​ရေ​ဖျော့​တော့​ခြောက်​သွေ့​စေခြင်း
– ခြေသည်းလက်သည်းများခွက်ဝင်​စေခြင်း/ကျိုးလွယ် ပဲ့လွယ်ခြင်းကို ဖြစ်​စေပါတယ်။

၈။ ကူးစက်ရောဂါ ဖြစ်လွယ်ခြင်း

ကိုယ်ခံအား​ကောင်းမွန်​စေရန် သံဓာတ်ဟာ အ​ရေးကြီးပါတယ်။

ရောဂါတွေကို တိုက်ထုတ်​ပေး​တဲ့ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ဆဲလ်တွေ၊တစ်သျှူးတွေနဲ့ ကိုယ်တွင်းကလီစာတွေဆီသို့ ​အောက်ဆီဂျင်လုံလုံ​လောက်​လောက်ပို့​ပေးခြင်းဖြင့် ကိုယ်ခံအားကို ​​ကောင်းမွန်​စေပြီး ပျက်စီး​သွားတဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေနဲ့နှင့် ကိုယ်တွင်း ကလီစာများကိုပါ ပြန်​ကောင်း​စေပါတယ်။

-ဒါ​ကြောင့် သံဓာတ်ချို့တဲ့သူတွေဟာ ကိုယ်ခံအား​လျော့နည်းသွား​တာ​ကြောင့် ကူးစက်​ရောဂါများ ပိုကူးစက်လွယ်ပါတယ်။

Author: Dr. Yin Yin Win

Previous Post

ကိုယ်ဝန်ဆောင်ကာလ ဝိတ်ကျနေလျှင်

Next Post

ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာကို ဘယ်လိုကာကွယ်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာကို ဘယ်လိုကာကွယ်မလဲ

ဆေးသောက်စရာမလိုဘဲ ခေါင်းကိုက်ဝေဒနာသက်သာစေမယ့် နည်းလမ်းများ

သံဓာတ်ကြွယ်ဝ​တဲ့ အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.