fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းအဆီဖုံးရောဂါရှိသူတွေ ဆောင်ရန်ရှောင်ရန် အစားအသောက်များ

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းအဆီဖုံးခြင်းသည် အသည်းဆဲလ်များအတွင်းအဆီများစု‌‌ဝေးနေခြင်းဖြစ်သည်။ အသည်းအဆီဖုံးခြင်းတွင် အရက်သောက်ခြင်းကြောင့် အသည်းအဆီဖုံးခြင်းနှင့် အရက်မသောက်သူများတွင် အသည်းအဆီဖုံးခြင်း ဟူ၍ (၂) မျိုးရှိပါသည်။ အရက်မသောက်သော သူများတွင်လည်း အသည်းအဆီဖုံးခြင်း ဖြစ်တတ်ပါသည်။

ကိုယ်အန္ဓာအတွင်း ကိုလက်စထရောများနေခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ အ၀လွန်ခြင်း၊ အချိုဓာတ်လွန်ကဲသော အစားအစာများစားသုံးခြင်း၊ ဆီနှင့်ကြော်သောအစားအစာများ စားသုံးခြင်း၊ အချိုရည်များအလွန်အကျွံသောက်ခြင်း၊ Fast Food ဟုခေါ် သော ကျန်းမာရေးနှင့် မညီညွတ်သောအသင့်စား အစာများစားသုံးခြင်း၊  ကိုယ်လက်လှုပ်ရှား အားကစားမလုပ်ခြင်းစ‌သော အလေ့အကျင့်ရှိသူများတွင် အရက်မသောက်သော်လည်း အသည်းအဆီဖုံးခြင်း ဖြစ်တတ်ပါသည်။

အလွန်အကျွံ အသည်းအဆီဖုံးနေလျှင် အစားအသောက်ပျက်ခြင်း၊ အသည်းနေရာမှ အောင့်ခြင်းနှင့် အသည်းကြီးခြင်းများ ဖြစ်တတ်သည်။ သို့သော် အများစုအနေဖြင့် ဘာလက္ခဏာမှမပြဘဲ ရှိနေတတ်ပါသည်။ အသည်းအဆီဖုံးနေပြီဆိုလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်ကာ စောစီးစွာ ကုသမှုခံယူသင့်သည်။

အသည်းအဆီဖုံးရောဂါရှိသူများအနေဖြင့် နေ့စဥ်စားသောက်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် ဆေးကုသရာတွင် အထောက်အကူပြုပါသည်။ အမျှင်ဓာတ်များသော အစိမ်းရောင်အသီးအရွက်များ၊ အသီးအနှံများ၊ အခွံမာအသီး နှင့် အစေ့အဆံများအား  စားသုံးသင့်သည်။ အနီရောင်ရှိသော အသားများဖြစ်သော အမဲသား၊ ၀က်သားနှင့် ဆိတ်သားများ စားသုံးခြင်းကို ‌ရှောင်ကြဥ်ကာ အဆီဓာတ်နည်း သော အရေခွံဆုတ်ထားသော ကြက်သားနှင့် ပင်လယ်စာများကိုသာ အဓိကစားသုံးရမည်။အဆီထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကြက်ဥ အကာနှင့် ပဲအမျိုးမျိုးကို စားသုံးပေးသင့်သည်။ ပဲဆီနှင့် နှမ်းဆီများစားသုံးခြင်းထက်သံလွင်ဆီနှင့် နေကြာဆီကို စားသုံးရမည်။ အချိုဓာတ်လွန်ကဲသော ကိတ်မှုန့်၊ ပေါင်မုန့်၊ ချောကလက်နှင့် ဆီ‌ကြော် မှုန့်များ စားသုံးခြင်းကို ရှောင်ကြဉ်ရမည်။

အသည်းကို ထိခိုက် ပျက်စီးစေသော အရက် ဘီယာများအား ရာသက်ပန်ရှောင်ကြဥ်ရမည်။ အားပြည့်အချိုရည်များနှင့်  Gas ပါသော အချိုရည်များကို သောက်သုံးခြင်းအလေ့အထကို စွန့်လွှတ်ကာ ရေများများ သောက်သုံးသင့်သည်။  အသည်းအဆီဖုံး‌ခြင်း သည် ကစီဓာတ်များသော ထမင်းနှင့် သကြားများသော အချိုဓာတ်လွန်ကဲသော အစားအစာများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ထမင်းနှင့် သကြားများကိုလျှော့စားသင့်ပါသည်။ ကော်ဖီနှင့် လက်ဖက်ရည်ကြမ်းတွင်  Antioxident ပါ၀င်သောကြောင့် အသည်းပျက်စီးခြင်းကိုတား‌ဆီးပေးသည်။ ထို့ပြင် သွေးအတွင်း Cholesterol ကိုကျစေ‌သောကြောင့် အသည်းအဆီဖုံးသူများအတွက် သင့်တော်ပါသည်။  နနွင်းနှင့် ကြက်သွန်ဖြူ စားသုံးခြင်းသည် သွေးတွင်း အဆီများကျစေသောကြောင့် အသည်းအဆီဖုံးသူများ စားသုံးသင့်ပါသည်။

အကိုက်အခဲပျောက်ဆေးများနှင့် အသည်းကို ထိခိုက်စေသောဆေးများ သောက်သုံးခြင်းမှလည်း ရှောင်ကြဥ်ရမည်။ ဆရာ၀န်ညွှန်ကြားသော သွေးသွင်း အဆီကျဆေးနှင့် Omega 3 Fatty Acids များကိုလည်း မှန်မှန်သောက်သုံးပေးခြင်းအားဖြင့် အသက်ရှည် ကျန်းမာစွာ နေထိုင်သွားနိုင်မည် ဖြစ်သည်။

Author: Dr. Aye Chan Moe

Previous Post

Omega 3 Fatty Acids က လူ့ ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးသလဲ

Next Post

အဆုတ်အားကောင်းစေမယ့် သဘာ၀နည်းလမ်း ၇ ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆုတ်အားကောင်းစေမယ့် သဘာ၀နည်းလမ်း ၇ ခု

ကိုယ်ခံအားကျဆင်း​စေနိုင်တဲ့ ​​နေ့စဥ်အမူအကျင့်များ

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.