fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

220
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2022
in ကိုဗစ်ရောဂါ
1 min read
A A

ကိုဗစ်မျိုးကွဲအသစ် အိုမီခရွန် Omicron ဟုဆိုလျှင် နောက်ဆုံးပေါ် ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်ဖြစ်ကြောင်း လူတိုင်းနီးပါး သိရှိထားပြီးဖြစ်ပါသည်။ ရောဂါပြင်းထန်မှုမရှိသော သာမန်အအေးမိလက္ခဏာအပျော့များသာရှိသည်ဟု အချို့သူများက ထင်မှတ်လျက်ရှိပါသည်။  ဗီဇပြောင်းလဲမှုအများဆုံး မျိုးစိတ်ဖြစ်သော အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာတစ်ဝန်းရှိ ဆေးကုသမှုနှင့်သက်ဆိုင်ရာ ပညာရှင်များအတွက် အထူးကြိုးပမ်းတွန်းလှန်နေရဆဲ ပြဿနာတစ်ရပ်ဖြစ်ပါသည်။

အိုမီခရွန် မျိုးစိတ်သစ်သည် ကိုဗစ်ဗိုင်းရပ်စ် ဖွဲ့စည်းတည်ဆောက်မှု မျိုးဗီဇများအနက် ဆူးချွန်ပုံဗီဇပရိုတင်း S Gene(Spike Protein) တွင်ပုံစံပြောင်းလဲမှု Mutation ၃၂ ခုရှိပြီး ဗီဇပြောင်းလဲမှုအမျိုးပေါင်း ၅၀ ကျော်ပါသည့် ကိုဗစ်ပိုးမျိုးကွဲဖြစ်ပါသည်။ ယခုလက်ရှိ ရရှိနေသော ကိုဗစ်ကာကွယ်ဆေးများသည် SARS-CoV-2 ဗိုင်းရပ်စ်၏ လူ့ခန္ဓာကိုယ်ကိုတွယ်နိုင်သည့် Spike Protein ကို ဦးတည်ထုတ်ထားခြင်းဖြစ်ပါသည်။

အိုမီခရွန်၏ Spike Protein ပုံစံပြောင်းလဲမှုသည် Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးပြီး ရရှိနိုင်သည့် (Neutralising Antibodies) ခုခံအားကို ရှောင်ကွင်းနိုင်ပြီး ကာကွယ်ဆေး၏ခုခံကာကွယ်နိုင်စွမ်းကို လျော့ကျစေနိုင်သည်ဟု ယူဆကြသည်။ သို့သော် ကာကွယ်ဆေးများ၏ လှုံဆော်မှုမှရရှိသော ခန္ဓာကိုယ်၏ ကိုယ်ခံအားဆဲလ် CD+4 နှင့် CD+8 T- Cells သည် အိုမီခရွန်မျိုးကွဲကို မှတ်သားတိုက်ထုတ်နိုင်ပြီး ရောဂါပြင်းထန်မှုမဖြစ်အောင် ခုခံပေးနိုင်ကြောင်း တွေ့ရှိရသည်။ ကာကွယ်ဆေး ၂ကြိမ်ပြည့်ပြီး ထပ်ဆောင်း Booster ထိုးသူများတွင် ခုခံအားထွက်ရန် လှုံဆော်ပေးနိုင်မှု ပိုကောင်းမည်ဟုလည်း ပညာရှင်များကယူဆကြသည်။

လက်ရှိနိုင်ငံအချို့တွင် ရရှိနေသည့် Pfizer-BioNTech နှင့် Moderna ကာကွယ်ဆေးများသည် အိုမီခရွန်၏ ဗီဇပြောင်းလဲမှုခုခံနိုင်မှုကို တွန်းလှန်နိုင်မည့် နည်းပညာအသစ်များ Reformulate ပြောင်းလဲထုတ်လုပ် ပြင်ဆင်လျက်ရှိပါသည်။ အိုမီခရွန်မျိုးကွဲသစ်ကို ဦးတည်ထုတ်လုပ်ထားသည့် Pfizer-BioNTech ၏ mRNA နည်းပညာသုံး  Omicron-based Vaccine ကာကွယ်ဆေး အသစ်အတွက် သုတေသနလုပ်ငန်းများကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါသည်။

Moderna၊Pfizer-BioNTech၊ Johnson & Johnson စသည့် ကာကွယ်ဆေးထုတ်သည့် သုတေသနအဖွဲ့အစည်းကလည်း အိုမီခရွန်ပုံတူ စမ်းသပ်ဗိုင်းရပ်စ် Artificial Version အသုံးပြ၍ ကာကွယ်ဆေးများ၏အာနိသင်များကို စမ်းသပ်လေ့လာလျက်ရှိပါသည်။ mRNA Vaccines ကာကွယ်ဆေး အမျိုးအစားဖြစ်သည့် Johnson & Johnson နှင့် AstraZeneca တို့မှလည်း Omicron မျိုးစိတ်အပေါ် ထိရောက်သော အာနိသင်ရမည့် ကာကွယ်ဆေးများကို စမ်းသပ်လျက်ရှိပါသည်။

အိုမီခရွန်ဗိုင်းရပ်စ၏ Mutation ဗီဇအဆင့်ဆင့်ပြောင်းလဲမှုကြောင့် ကာကွယ်ဆေးပြည့်စုံအောင် ထိုးထားပြီးသူများတွင်ပင် အခြားမျိုးကွဲများထက် ပို၍ကူးစက်မှုရှိနိုင်သည်ကို တွေ့ရသည်။ ထို့ပြင် ကိုဗစ်ပိုးကူးစက်ခံရပြီးသူများတွင် အိုမီခရွန်ဗိုင်းရပ်စကူးစက်မှု Reinfection နောက်တစ်ကြိမ်ဖြစ်နိုင်၍ ကာကွယ်ဆေးထိုးရန် လိုအပ်ပ့သည်။ သို့သော် ကာကွယ်ဆေးထိုးထားသူများတွင် ရောဂါလက္ခဏာပြင်းထန်ခြင်းနှင့် ICU Care အထူးကြပ်မတ်ကုသရန် လိုအပ်နိုင်ခြင်းတို့ လျော့နည်းကြောင်း တွေ့ရပါသည်။

လက်ရှိကမ္ဘာတဝန်းတွင် ကူးစက်မှုမြန်မျိုးစိတ် Supercontagious Variant ဟု ပညာရှင်များက သတ်မှတ်ထားသည့် အိုမီခရွန်နှင့် ပတ်သက်သည့် သုတေသနများ၊ စမ်းသပ်ချက်များ၊ ကာကွယ်ဆေးများကို အချိန်နှင့်အမျှ သုတေသနပြုလုပ်လျက်ရှိပါသည်။ ကိုဗစ်ကာကွယ်ဆေး၂ကြိမ် အပြည့်ပြီးလျှင် တူညီသော ဆေးအမျိုးအစားကို ထပ်ဆောင်း Booster Dose များထိုးသင့်သည်ဟု ကူးစက်ရောဂါ ထိန်းချုပ်ရေးအဖွဲ့ CDC မှ ထောက်ခံထားပါသည်။ ထို့ကြောင့် မိမိနေထိုင်ရာဒေသရှိ အသိအမှတ်ပြုဆေးထိုးဌာနများတွင် ရနိုင်သည့် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံခြင်းဖြင့် ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်နှင့် ရောဂါပြင်းထန်မှုကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

Author: Dr. Yee Mon

Previous Post

ကိုယ်ခံအားကျဆင်း​စေနိုင်တဲ့ ​​နေ့စဥ်အမူအကျင့်များ

Next Post

ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

1 year ago
445

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

1 year ago
149

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

1 year ago
167

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

1 year ago
392

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

1 year ago
119

အိုမီခရွန်ပြင်းထန်အဆင့်ဆိုလျှင် ဘယ်လိုကုသမလဲ

1 year ago
479

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း

တစ်နေ့တာလုံးလန်းဆန်းတက်ကြွဖို့ မနက်ခင်းမှာ ဒါလေးတွေလုပ်ပါ

နွေရာသီနှင့် အဲကွန်း၊ ပန်ကာအလွန်အကျွံသုံးခြင်းပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.