ချောင်းဆိုးခြင်းကို စိတ်မသက်မသာဖြစ်စရာ လက္ခဏာတစ်ခုဟု သတ်မှတ်ကြသော်လည်း ခန္ဓာကိုယ်နှင့်အဆုတ်ကို ကာကွယ်ပေးသည့်အလိုအလျောက် တုံ့ပြန်မှုဖြစ်စဉ် တစ်ခုဖြစ်ပါသည်။ ချောင်းဆိုးခြင်းသည် ပိုးမွှားနှင့် ခန္ဓာကိုယ်ပြင်ပရှိ ဓာတ်ပစ္စည်းများကို ခုခံတုံ့ပြန်တဲ့ ဇီဝကမ္မဖြစ်စဉ် တစ်မျိုးဖြစ်ပါတယ်။ အသက်ရှူသွင်းရာမှ ပါလာသော အညစ်အကြေး အဆိပ်အတောက် ပိုးမွှားများကို ကြွက်သားများ လှုပ်ရှားမှုပြုလုပ်ပြီး ချောင်းဆိုးခြင်းဖြင့် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တွင်းမှ ဖယ်ရှားပေးသည်။
ကိုယ်ခံအားစနစ် immune system သည် ခန္ဓာကိုယ်အတွင်းသို့ ဝင်လာသော ရောဂါပိုးနှင့် ဓါတ်မတည့်မှုများကို ကာကွယ်တိုက်ထုတ် တုံ့ပြန်တဲ့ ခန္ဓာကိုယ်ရဲ့ကာကွယ်ရေး ခံတပ်စနစ်ဖြစ်ပါသည်။ အသက်ရှုလမ်းကြောင်းအတွင်း ဝင်လာသော အရာဝတ္ထုများကို ခန္ဓာကိုယ်အတွင်းသို့ ရောက်မသွားစေရန် အချွဲများထုတ်လုပ်ခြင်းဖြင့် ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်သည် ဦးနှောက်အာရုံကြောထိန်းချုပ်မှုဖြင့် Neuroimmune response ပြန်ရည်ကြောအဖွဲ့အစည်း lymphoid organs နှင့် သွေးဖြူဥများမှတဆင့် ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော ပိုးမွှားနှင့် အရာဝတ္ထုများကို တိုက်ထုတ်ကာကွယ်ပေးသည်။
ကိုယ်ခံအားနည်းနေသည့်အချိန်မှာ ခန္ဓာကိုယ်အတွင်း ပိုးမွှားများဝင်ရောက်မှုကို မကာကွယ်နိုင်ပဲ ပိုးဝင်ခြင်းဖြစ်ကာ ချောင်းဆိုးချွဲသလိပ်ထွက်တတ်ပါသည်။ ပိုးမွှား၊ ဖုန်၊ အညစ်အကြေးများကို ချွဲသလိပ်အနေဖြင့် ခန္ဓာကိုယ်ပြင်ပသို့ ချောင်းဆိုးခြင်းဖြစ်စဉ်ဖြင့် ဖယ်ရှားပေးပါသည်။
ထိုသို့ ချောင်းဆိုးချွဲသလိပ်ထွက်ခြင်းသည် ကိုယ်ခံအားစနစ် အားနည်းသည့်အခါ ပိုးမွှားများကို အလွယ်တကူမဖယ်ရှားနိုင်ပဲ ချောင်းဆိုးဝေဒနာကို နာတာရှည်ခံစားရတတ်ပါသည်။
အအေးမိခြင်း common cold နှင့် တုပ်ကွေးဖျားနာခြင်း flu တို့ကြောင့် ချောင်းဆိုးခြင်းသည်လည်း ခန္ဓာကိုယ်ကိုယ်ခံအားစနစ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်သည်။ ဗိုင်းရပ်စပိုးများ၊ ဘက်တီရီးယားပိုးများ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သောအခါ ကိုယ်ခံအားစနစ်မှ မှတ်သားထားပြီး ပိုးများကူးစက်နေသည့် ဆဲလ်များကို ဓါတုပစ္စည်းများ ထုတ်ပြီး တုံ့ပြန်တိုက်ထုတ်ပါသည်။ ထိုသို့တိုက်ထုတ်ခြင်းကြောင့် ဖျားနာကိုက်ခဲခြင်း၊ နှာရည်ယိုနှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများ ခံစားရတတ်သည်။
ကိုယ်ခံအားစနစ်အားနည်းသောအခါ ပိုးမွှားများကို တိုက်ထုတ်ရန် ခက်ခဲပြီး ဖျားနာခြင်းကြာရှည်ခြင်း နှာစေးချောင်းဆိုးမသက်သာပဲ မကြာခဏချောင်းဆိုးခြင်းတို့ကို ခံစားရတတ်ပါသည်။ တစ်နှစ်လျှင် ၄ကြိမ်နှင့်အထက် နှာစေးချောင်းဆိုး ဖြစ်သူများသည် ကိုယ်ခံအားစနစ် အားနည်းသူများဖြစ်သည်ဟု ဗဟိုရောဂါထိန်းချုပ်ကာကွယ်ရေး အဖွဲ့အစည်း CDC centers for disease control & prevention မှ သတ်မှတ်ထားသည်။
ကိုယ်ခံအားစနစ် အားနည်းလျှင် ရောဂါအလွယ်တကူ ကူးစက်ပြီး ရောဂါ မသက်သာပဲ မကြာခဏ ချောင်းဆိုး ဖျားနာခြင်း ခံစားရနိုင်၍ မိမိ၏ စားသောက်နေထိုင်မှုပုံစံနှင့် အဆုတ်ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါသည်။
Dr. Yee Mon