fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ခရီးသွားတဲ့အခါ အဆုတ်ကျန်းမာရေးကို ကာကွယ်ပါ

230
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/04/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

နွေရာသီမှာ အားလပ်ရက်နဲ့ ကျောင်းတွေအလုပ်တွေ ပိတ်ရက်များတာကြောင့် ခရီးသွားလာ လည်ပါတ်တာတွေလည်း များကြပါတယ်။ ဒီလိုအပန်းဖြေခရီးသွားတဲ့အခါ ပျော်ရွှင်ဖို့အနားယူဖို့ကိုပဲ စဉ်းစားမိတတ်ပြီး မိမိကျန်းမာရေးအတွက် လိုအပ်တာတွေလုပ်ဖို့ မေ့နေတတ်ပါတယ်။ ပန်းနာရင်ကြပ်ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဓါတ်မတည့်ရောဂါအခံရှိသူများ အနေဖြင့် ခရီးသွားတဲ့အခါ ပိုဂရုစိုက်ရန်လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ခရီးသွားတဲ့အခါ အဆုတ်ကျန်းမာရေးကို ကာကွယ်ဖို့ဆောင်ရန်ရှောင်ရန် အချက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ခရီးသွားရင် ကိုယ်သွားမယ့်နေရာရဲ့ရာသီဥတုနဲ့ သင့်တော်တဲ့အဝတ်အစားတွေ ယူသွားသင့်ပါတယ်။ ခရီးတစ်လျှောက် စီးနှင်မည့် မော်တော်ယာဉ်၊ လေယာဉ်ပေါ်တွင်လည်း သက်တောင့်သက်သာဖြစ်စေမည့် အဝတ်အစားမျိုး ဝတ်ဆင်ခြင်း၊ အအေးဓါတ်ပေး ကိရိယာကို အပူချိန်မျှတအောင် ထိန်းညှိခြင်း၊ အနံ့အသက်ဖျောက်သည့် အမွှေးဖြန်းဆေးများ သုံးခြင်းကိုရှောင်ခြင်းတို့ ပြုလုပ်သင့်ပါသည်။

ခရီးသွားနေစဉ်မှာလည်း ခန္ဓာကိုယ်ကို ရေဓါတ်ပြည့်ဝနေအောင် ဖြည့်ထားခြင်း၊ အာဟာရပြည့်ဝအောင် စားခြင်းတို့ လုပ်သင့်ပါသည်။ အေးသောဒေသသို့ ခရီးသွားလျှင် နွေးနွေးထွေးထွေးဝတ်ဆင်ပြီး အအေးမမိအောင် ဂရုစိုက်သင့်သည်။ လေထုညစ်ညမ်းသည့်ဒေသများ၊ လူထူထပ်ရာ အလည်အပါတ်နေရာများကို ရှောင်သင့်သည်။ ဓါတ်မတည့်ဖြစ်တတ်သူများအနေဖြင့် ကိုယ်တည်းခိုနေမယ့်နေရာမှာ အိမ်မွေးတိရစ္ဆာန် မွေးမြူထားတာမျိုးရှိခဲ့ရင် သတိထားသင့်ပါတယ်။

ခရီးမသွားခင် မိမိကျန်းမာရေး အခြေအနေကို သတိထားရန်လိုအပ်ပါသည်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ရင်ကြပ်ခြင်း ခံစားရလျှင် အိမ်မှာပဲအနားယူသင့်ပြီး ခရီးကိုရက်ရွှေ့တာမျိုးလုပ်သင့်ပါတယ်။ အရေးကြီးတဲ့တစ်ခုကတော့ ကိုဗစ်ကူးစက်ရောဂါ အန္တရာယ်ကာကွယ်ရန်အတွက် သတ်မှတ်ထားသော ကာကွယ်ဆေးကို ပြည့်စုံအောင်ထိုးခြင်းကို ပြုလုပ်ထားသင့်ပါတယ်။

ပါရာစီတမောကဲ့သို့ အဖျားကျ အကိုက်အခဲပျောက်ဆေး၊ ဓါတ်မတည့်ယားယံမှု သက်သာစေသည့် antihistamine ဆေး၊ နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ဓါတ်ဆား၊ သောက်သုံးနေကြဆေးများ၊ ရင်ကြပ်သက်သာ ရှုဆေးများ စသည်တို့ကို ဆောင်သွားသင့်ပါသည်။ ဓါတ်မတည့်နှင့် အခြားကျန်းမာရေး အခြေအနေများဖြစ်ပေါ်ခဲ့လျှင် ဆက်သွယ်ရာမည့် အနီးဆုံး ကျန်းမာရေးဌာနကို စုံစမ်းရှာဖွေခြင်းကို ပြုလုပ်ထားသင့်ပါသည်။

ခရီးအတူသွားမည့်သူများအနက် အအေးမိချောင်းဆိုး ဖြစ်နေသူပါလာလျှင် နှာခေါင်းစည်း mask သေချာတပ်ပြီး၊ လက်မကြာခဏဆေး​ရန် လိုအပ်ပါသည်။ ခရီးတလျှောက် လူအများနှင့် တိုက်ရိုက်ထိတွေ့မှုမရှိအောင်နေခြင်း၊ လူစုလူဝေးများကိုရှောင်ခြင်း၊ နှာခေါင်းစည်း mask သေချာတပ်ခြင်း၊ mask ကို ၆နာရီခြားတစ်ကြိမ် လဲလှယ်တပ်ဆင်ခြင်း၊ မျက်နှာကို လက်မဆေးပဲ ထိကိုင်ခြင်း မပြုမိအောင်ဂရုပြုပြီး လက်ကို မကြာခဏဆေးခြင်း ပြုလုပ်ပေးသင့်သည်။ ဆပ်ပြာ၊ ရေ၊ လက်သန့်ဆေးရည် အသုံးပြု၍ လက်ဆေးခြင်း၊ မိမိထိတွေ့ကိုင်တွယ်သည့် ပစ္စည်းများ အသုံးအဆောင်များကို အရက်ပြန်ဖြင့် မကြာခနဆေးကြောခြင်းတို့ ပြုလုပ်ပေးရမည်။

အထူးသဖြင့် အများသုံးမော်တော်ယာဉ်၊ လေယာဉ်တို့ကို အသုံးပြုပြီး ခရီးသွားလာလျှင် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာခြင်း၊ အများသုံးနားနေစခန်းတွင် အစားအသောက်စား၊ အနားယူသည့်အခါ တတ်နိုင်သမျှထိတွေ့မှုနည်းအောင် ဆင်ခြင်ခြင်း၊ အများသုံးအိမ်သာ အသုံးပြုပြီး လက်ကိုသေချာဆေးကြောခြင်း၊ နှာခေါင်းစည်းလဲလှယ်ခြင်းတို့ ပြုလုပ်သင့်ပါသည်။

ဆေးလိပ်သောက်နေသူများ၊ မီးခိုးငွေ့များကို တဆင့်ခံ ရှူရှိုက်ခြင်းမရှိအောင် တတ်နိုင်သမျှရှောင်ကျဉ်သင့်သည်။ အလုပ်ကြောင့် မဖြစ်မနေ ခရီးသွားရလျှင်သော်လည်းကောင်း၊ အနားယူအပန်းဖြေ ခရီးထွက်လျှင်သော်လည်းကောင်း ခန္ဓာကိုယ်နှင့် အဆုတ်ကျန်းမာရေးပါ ထိခိုက်မှုမရှိအောင် အထက်ပါအချက်များကို လိုက်နာသင့်ပါသည်။

Dr. Yee Mon

Previous Post

အပူလျှပ်ပြီဆိုရင်

Next Post

အရေပြားအကြောပြတ်ရာ အဆီလိမ်းပြီး ကာကွယ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

8 months ago
356

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

11 months ago
393
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

1 year ago
1.4k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

1 year ago
588
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

1 year ago
770

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားအကြောပြတ်ရာ အဆီလိမ်းပြီး ကာကွယ်ပါ

Tips on choosing a cough medicine

ချောင်းဆိုးပျောက်ဆေး ရွေးချယ်ခြင်းအကြောင်း သိကောင်းစရာ

Nutrients provided by fish

ငါးမှ​ပေးတဲ့ အာဟာရဓါတ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.