ယခုလိုပူပြင်းလွန်းတဲ့ရာသီဥတုမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ လှုပ်ရှားချင်စိတ်မရှိတာ၊ မောပန်းမူးဝေတာတွေကို လူတိုင်းလိုလို ခံစားကြရပါတယ်။ အပူဒဏ်ကြောင့်ဖြစ်စေနိုင်တဲ့ အဆိုးရွားဆုံးပြဿနာကတော့ အပူလျှပ်ခြင်းဘဲဖြစ်ပါတယ်။ အပူလျှပ်ခြင်းကြောင့် ဦးနှောက်နဲ့အခြားအရေးကြီးအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အပူလျှပ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှုချက်ချင်းခံယူဖို့လိုအပ်ပါတယ်။
အပူလျှပ်ခြင်းကို လူတိုင်းခံစားရနိုင်ပေမယ့် အသက်ကြီးသူတွေဆိုရင်တော့ ခံစားရနိုင်ခြေပိုမိုများပြားပါတယ်။ တစ်ခါတစ်ရံအပူကြောင့်မောပန်းနွမ်းနယ်ခြင်းအဆင့်မှ အပူလျှပ်ခြင်းအဆင့်သို့ ကူးပြောင်းသွားနိုင်သလို ရုတ်တရက်အပူလျှပ်ခြင်းမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။
အပူလျှပ်ခြင်း ဘာကြောင့်ဖြစ်ရသလဲ?
နေပူထဲမှာ အချိန်ကြာမြင့်စွာနေမိတာ သို့မဟုတ် နေပူပူမှာ ပြင်းထန်တဲ့အားကစားတွေလုပ်မိတာ စတဲ့အချိန်တွေမှာဆို ရုတ်တရတ်အပူလျှပ်ခြင်းကို ခံစားရနိုင်ပါတယ်။
အပူလျှပ်ပြီဆိုရင် ဘာလက္ခဏာတွေပြတတ်လဲ?
အပူလျှပ်ပြီဆိုရင် ကိုယ်အပူချိန် ၁၀၄’F ထိရှိနေတတ်ပါတယ်။ ဒါ့အပြင် သတိလစ်ခြင်း၊ ခေါင်းထိုးကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးလုံးဝမထွက်တော့ခြင်း၊ အသားများနီရဲပူလောင်ခြောက်သွေ့ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ကြွက်တက်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ရှူနှုန်းမြန်လာခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း စတာတွေကို ခံစားရတတ်ပါတယ်။
အပူလျှပ်ခြင်းခံစားနေရသူကို ဘယ်လိုအရေးပေါ်ကုသပေးသင့်လဲ?
အပူလျှပ်ပြီဆိုရင် အရေးပေါ်ကုသမှုခံယူဖို့လိုအပ်တာကြောင့် ချက်ချင်းဆေးရုံပို့ဖို့လိုပါတယ်။ ဆေးရုံကားမလာခင်မှာ လူနာကို အေးနိုင်သမျှအေးနေအောင်ထားရှိပေးရပါမယ်။ လူနာကို ဖြစ်နိုင်ရင် အဲယာကွန်းအခန်းမှာထားပါ။ ယပ်တောက်ခပ်ပေးပါ။ ရေအေးအေးလေးနဲ့လောင်းပေးပါ။ ချိုင်းကြား၊ ပေါင်ခြံ၊ ကျော၊ လည်ပင်းစတဲ့နေရာတွေကို ရေခဲကပ်ပေးပါ။ အသက်အရွယ်ကြီးမြင့်သူတွေ၊ ငယ်လွန်းတဲ့ကလေးငယ်တွေ၊ နာတာရှည်ရောဂါရှိသူတွေမှာဆိုရင် ရေခဲမသုံးမိစေဖို့ သတိပြုရပါမယ်။ သတိလစ်နေတဲ့ လူနာတွေဆိုရင် အရေးပေါ်အသက်ကယ်ခြင်း CPR ကို ဦးစွာပြုလုပ်ပေးဖို့လိုပါတယ်။ သတိရှိတဲ့လူနာဆိုရင်တော့ ဓါတ်ဆားတိုက်တာ၊ အအေးတိုက်တာစတာတွေကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အပူလျှပ်ခြင်းကို ဘယ်သူတွေပိုခံစားရနိုင်လဲ?
အသက်၆၅နှစ်အထက်လူကြီးတွေ၊ အသက်၄နှစ်အောက်ကလေးငယ်တွေ၊ နှလုံး၊ ဆီးချို၊ သွေးတိုးစတဲ့ရောဂါအခံရှိသူတွေ၊ အသည်းအဆီဖုံးရောဂါရှိသူတွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေ၊ ရေလုံလုံလောက်လောက်မသောက်တဲ့သူတွေမှာဆိုရင် အပူလျှပ်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။
အပူမလျှပ်အောင် ဘယ်လိုကာကွယ်နေထိုင်ရမလဲ?
ယခုလိုပူပြင်းလွန်းတဲ့ကာလမှာဆိုရင် အဲယားကွန်းခန်းထဲနေတာဟာအကောင်းဆုံးဖြစ်ပါတယ်။ ရာသီဥတုဘယ်လောက်ပူပူ အလုပ်လုပ်ဖို့ အပြင်ထွက်ရမယ်ဆိုရင်တော့ အဝတ်အစားကိုပွပွချောင်ချောင်ဝတ်ပါ၊ နေကာမျက်မှန်တပ်ပါ၊ ထီး၊ ဦးထုပ်ဆောင်းပါ၊ ရေများများသောက်ပါ၊ သစ်သီးဖျော်ရည်သောက်ပါ။ မိမိရဲ့ဆီးအရောင်ကိုလည်း အမြဲစောင့်ကြည့်ပေးဖို့လိုပါတယ်။ ဆီးအရောင်ရင့်တာဟာ ရေဓါတ်ခန်းခြောက်နေကြောင်း ဖော်ပြနေတာဖြစ်လို့ ရေများများသောက်ပေးဖို့လိုပါတယ်။ ကော်ဖီ၊ အရက်စတာတွေဟာ ရေဓါတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်လို့ တတ်နိုင်သမျှရှောင်ကြဥ်ရမှာဖြစ်ပါတယ်။
အပူလျှပ်ခြင်းခံစားရပြီး သက်သာသွားတဲ့အခါ ဘယ်လိုဆင်ခြင်နေထိုင်သင့်လဲ?
အပူလျှပ်ခြင်းခံစားရပြီးနောက်ပိုင်းမှာ အပူဒဏ်မခံနိုင်တာတွေပိုမိုခံစားလာရနိုင်ပါတယ်။ ဒါကြောင့် နေပူထဲကြာကြာနေတာ၊ နေပူထဲလေ့ကျင့်ခန်းလုပ်တာမျိုးတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါကြောင့် ယခုလိုပူပြင်းလွန်းတဲ့နွေကာလမှာ အသက်အန္တရာယ်ရှိစေနိုင်တဲ့ အပူလျှပ်ခြင်းဒဏ်ကို မခံစားရစေဖို့ ဥာဏ်နှင့်ယှဥ်ကာ သတိပြုကာကွယ်နေထိုင်ကြရမှာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးစတဲ့ ရောဂါအခံရှိသူတွေဟာ အပင်ပန်းမခံနိုင်တာကြောင့် အပူလျှပ်ခြင်းအန္တရာယ်ကို ကြုံတွေ့ရနိုင်ခြေပိုမိုများပြားပါတယ်။ ဒါကြောင့် နှလုံး၊သွေးတိုးနဲ့ အသည်းအဆီဖုံးရောဂါ စတဲ့ရောဂါအခံရှိသူတွေအနေနဲ့ ပိုမိုကျန်းမာကြံ့ခိုင်လာပြီး ခံနိုင်ရည်ရှိစေနိုင်ဖို့ ငါးကြီးဆီအားဆေးလေးတွေကို သောက်သုံးပေးသင့်ပါတယ်။
GNC fish body oil လို့ခေါ်တဲ့ ငါးကြီးဆီအားဆေးလေးတွေဟာဆိုရင် နှလုံးကျန်းမာရေးကောင်းမွန်စေနိုင်ပြီး အသည်းအဆီဖုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီဓါတ်ကို လျော့ကျစေနိုင်ခြင်း၊ အရိုးအဆစ်နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ခြင်း၊ မှတ်ဥာဏ်ကောင်းစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း စတဲ့ကောင်းကျိုးများစွာကို ရရှိစေမှာဖြစ်ပါတယ်။ ဆေးလုံးတစ်လုံးမှာ ငါးကြီးဆီ ၁၀၀၀ mg ပါဝင်ပြီး အစာစားပြီးတိုင်း တစ်နေ့တစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ GNC ငါးကြီးဆီအားဆေးလေးတွေကို သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့သာ ဖွဲ့စည်းထားတာကြောင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ ယုံကြည်စိတ်ချစွာ သောက်သုံးပေးနိုင်ပါတယ်။
Dr. Yee Mon