fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသက်ကြီးသူများ ကြုံတွေ့ရသည့် ဒူးကျီးပေါင်းကြောင့် ဒူးနာခြင်း

605
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသက်ရလာတာနဲ့အမျှ လူကြီးအများစုဟာ ဒူးနာခြင်းကို ခံစားကြရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒူးနာခြင်းကို ဖြစ်စေပေမယ့် ဖြစ်လေ့ဖြစ်ထ အများဆုံးကတော့ ဒူးကျီးပေါင်းကြောင့်ဖြစ်ပါတယ်။

ဒူးကျီးပေါင်းဆိုတာ…..

ဆေးပညာအရ Osteoarthritis of the knee (degenerative arthritis of the knee) လို့ ခေါ်ပါတယ်။ ဒါကို မြန်မာမှုပြုပြီး ဒူးကျီးပေါင်းလို့ ခေါ်ကြပါတယ်။ အလွယ်ပြောရရင် ဒဏ်ဖြစ်ပြီး ဒူးဆစ်ရောင်ခြင်းဖြစ်ပါတယ်။ ဘာတွေ‌‌ ကြောင့်ဖြစ်နိုင်သလဲဆိုရင်

အရွတ်များ ပျက်စီးယိုယွင်းလာခြင်း
ဒူးခေါင်းလှုပ်ရှားမှုအတွက် ကူညီပံ့ပိုးပေးတဲ့ ဒူးခေါင်းရိုးနဲ့ တွယ်ဆက်ထားတဲ့ အရွတ် (cartilage)တွေဟာ အသက်ကြီးလာခြင်းကြောင့်ဖြစ်စေ၊ ဒူးဆစ်ကိုသုံးပြီးလှုပ်ရှားမှု များပြားခြင်း (repetitive stress injuries) ကြောင့်ဖြစ်စေ၊ ဒူးခေါင်းကိုပိုမိုအသုံးပြုရတဲ့ အားကစား သမားတွေမှာဖြစ်စေ တဖြည်းဖြည်း ယိုယွင်းလာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန် သိသိသာသာများလာခြင်း
ကိုယ်အလေးချိန်များလာတဲ့အခါ အရိုးအဆစ် အထူးသဖြင့် ဒူးဆစ်အပေါ် ဝိတ်နဲ့ဒဏ်ပိသလိုဖြစ်စေပြီး ဒူးဆစ်ရောင်စေနိုင်ပါတယ်။

မျိုးရိုးလိုက်ခြင်း
မျိုးရိုးဗီဇကြောင့် ဒူးကျီးပေါင်းကို ဖြစ်စေသလို၊ မိမိရဲ့ မွေးရာပါ ဒူးခေါင်းရိုး ဖွဲ့စည်းပုံကြောင့်လည်း ဒူးကျီးပေါင်းကို ဖြစ်စေနိုင်ပါတယ်။

အမျိုးသမီး ဖြစ်ခြင်း
အသက် ၅၅နှစ်အထက် အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး ဒူးကျီးပေါင်းဖြစ်တတ်ပါတယ်။

အခြား‌အကြောင်းအရာများ
သွေးလေးဘက်နာရောဂါ (rheumatoid arthritis)၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် ကမောက်ကမ ဖြစ်စေသောရောဂါများ (metabolic disorders) ခံစားရသူတွေမှာလည်း ဒူးကျီးပေါင်းပိုမိုဖြစ်တတ်လေ့ရှိပါတယ်။

ဒူးကျီးပေါင်းရဲ့ လက္ခဏာများ

  • လမ်းကြာကြာလျှောက် လျှင်ပိုနာခြင်း
  • အနားယူလိုက်လျှင် သက်သာပြီး လှုပ်ရှားမှုများသွားရင် ပိုမိုနာခြင်း
  • ဒူးခေါင်း ရောင်နေခြင်း၊ ပူနေခြင်း
  • ဒူးဆစ်ရဲ့ လုပ်ဆောင်နိုင်မှု လျော့နည်းသွားခြင်း ( ဆောင်‌့ ကြောင့်ထိုင်၍မရတော့ခြင်း၊ ဒူးကွေးထိုင်မရခြင်း)

စတဲ့လက္ခဏာတွေဟာ အဖြစ်များလေ့ရှိကြပါတယ်။

ဒူးကျီးပေါင်း ဟုတ်မဟုတ် ဘယ်လိုစစ်ဆေး သိရှိနိုင်မလဲ?

မိမိခံစားနေရတာဟာ ဒူးကျီးပေါင်း ဟုတ်မဟုတ် သေချာအောင် မိမိရဲ့ဆရာဝန်က လိုအပ်တဲ့ အနေအထားရအောင် ဓာတ်မှန်ရိုက်ပြီး စစ်ဆေးပေးမှာဖြစ်ပါတယ်။

ဒူးကျီးပေါင်းအတွက် ကုသရေး နည်းလမ်းများ

ဒူးကျီးပေါင်းဟာ အရှင်းမပျောက်တတ်ပဲ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ရှိနေတတ်ပါတယ်။ လုံးဝအရှင်းမပျောက်ပေမယ့် သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

အကိုက်ခဲပျောက်ဆေးများ
နာကျင်တာ သက်သာစေဖို့အတွက် အကိုက်အခဲ သောက်ဆေး၊ ထိုးဆေးများ(ဥပမာ paracetamol, ibuprofen, diclofenac ) သုံးနိုင်ပါတယ်။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ် သွေးကြောပေါက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စတဲ့ဆိုးကျိုးတွေရှိတာမို့ သတိနဲ့ယှဉ်ကာ သုံးစွဲသင့်ပါတယ်။ သောက်ဆေး၊ ထိုးဆေးများမသုံးစွဲချင်ရင် နာကျင်ခြင်းကို သက်သာစေမယ့် လိမ်းဆေးများကို လိမ်းပေးနိုင်ပါတယ်။

ရေခဲကပ်ပေးခြင်း
ရေခဲဟာ ယောင်ယမ်းမှုကို လျော့ကျစေတဲ့အတွက် နာနေတဲ့ဒူးနေရာကို တခါကပ် ၁၀-၁၅မိနစ်ခန့် ကပ်ပေးခြင်းကို နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။

အရောင်ကျဆေးများ
နာနေတဲ့ ဒူးဆစ်ထဲကို steroids အရောင်ကျဆေးကို ထိုးပေးမှာဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ရှိမှ ထိုးရမှာဖြစ်ပါတယ်။

ကိုယ်အ‌‌လေးချိန် လျှော့ချခြင်း
ဝလာခြင်းကြောင့်လည်း ဒူးနာစေနိုင်တာမို့ အရင်ကထက် သိသိသာသာ ဝလာတယ်ဆိုရင် ဝိတ်ချသင့်ပါတယ်။ ကိုယ်အလေးချိန် အနည်းငယ်ပဲ လျော့သွားမယ်ဆိုရင်တောင် ဒူးနာတာကို လျော့နည်းသွားစေနိုင်ပါတယ်။

ခြေထောက်လေ့ကျင့်ခန်းများ

  • ခြေထောက်ဆန့်ပြီး ခြေဖျား ကော့/ဆန့်
  • ဒူးခေါင်း တစ်ဖက်ချင်း ကွေး/ဆန့်
  • လှဲလျက် ဒူးဆန့်ပြီး ခြေထောက် တစ်ဖက်စီ မြှောက်/ချ
  • ထိုင်ခုံပေါ်ထိုင်ပြီး ခြေ‌ဖျားကော့ကာ ဒူးကွေး/ဆန့်

စတဲ့ လေ့ကျင့်ခန်းတွေကို တစ်ခုကို ဆယ်ကြိမ်စီနဲ့ တနေ့ အနည်းဆုံး နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

အခြားကုသနည်းများ
အပ်စိုက်ကုသခြင်း၊Glucosamineစသည့် အရွတ်အားဆေးများ သောက်ခြင်း၊ collagen ပါဝင်သော အားဆေးများ သောက်ခြင်း စတာတွေ ပါဝင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဘယ်လိုနည်းနဲ့မှ မသက်သာရင်တော့ ဒူးဆစ်အစားထိုး ကုသခြင်းကဲ့သို့ ခွဲစိတ်ကုသခြင်းများ ခံယူရမှာဖြစ်ပါတယ်။

Author : Dr. Aye Myat Mon

Previous Post

အသက်ကြီးတဲ့သူတွေမှာအစာမကြေ လေထိုးလေအောင့်ဖြစ်ရတဲ့ အကြောင်းအရင်းများ

Next Post

သွေးမလှူခင် ဘာတွေသိထားပြင်ဆင်ထားသင့်လဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
848
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
What should you know and prepare before donating blood?

သွေးမလှူခင် ဘာတွေသိထားပြင်ဆင်ထားသင့်လဲ?

if you are upset that your children are not eating enough

သားငယ်သမီးငယ်လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင်

Acne scars that are difficult to cure

ပျောက်ဖို့ခက်တဲ့ ဝက်ခြံအမာရွတ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.