လူအများစုမှာ ဆယ်ကျော်သက်အရွယ်ကစပြီး ဝက်ခြံထွက်တဲ့ ပြဿနာကို တစ်ချိန်မဟုတ်တစ်ချိန် တွေ့ကြုံဖူးကြမှာပါ။ ဝက်ခြံထွက်ပြီး နောက်ဆက်တွဲပြဿနာ အနေနဲ့ ကြုံတွေ့ရလေ့ရှိတာကတော့ ပျောက်ဖို့ခက်ခဲတဲ့ ဝက်ခြံအမာရွတ်တွေပဲ ဖြစ်ပါတယ်။ ဝက်ခြံထွက်တဲ့နေရာတွင် ပိုးဝင်ယောင်ရမ်း အနာဖြစ်ခြင်း၊ ဝက်ခြံကို လက်ဖြင့်မကြာခဏ ဆွခြင်း၊ ကိုင်တွယ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းတို့ကြောင့် အရေပြားတစ်ရှူးများ ထိခိုက်ပျက်စီးပြီး အမာရွတ်များ ဖြစ်ပေါ်လာပါသည်။ ဝက်ခြံအမာရွတ်များသည် အမျိုးအစားနှင့် အသားအရေပေါ် မူတည်၍ လမှနှစ်ပေါင်းများစွာထိ ကြာရှည်နိုင်ပါသည်။
ဝက်ခြံအမာရွတ် Post Acne Scar အမျိုးအစားများမှာ-
- Atrophic or depressed acne scar
ဝက်ခြံဖြစ်သည့် အရေပြား အောက်သို့အနည်းငယ် ချိုင့်နေသော အမာရွတ်များ ( Boxcar scar၊ Icepick scar၊ Rolling scar) - Hypertrophic or Raised acne scar
၀က်ခြံ အနာကျက်စဉ်က ကော်လဂျင် အထွက်များပြီး အရေပြားနေရာတွင် ကြွတက်နေသော အမာရွတ်များ - Dark spots
ဝက်ခြံထွက်သည့်နေရာတွင် hyperpigmentation အမည်းစက်များကျန်ခြင်း
ချွေးပေါက်များပိတ်ဆို့ပြီး ဝက်ခြံထွက်ခြင်း မဖြစ်အောင် မိတ်ကပ်၊ သနပ်ခါး၊ ဖုန်စသည့် အညစ်အကြေးများကို မိတ်ကပ်သန့်စင်ဆေး ညမအိပ်ခင် သေချာသန့်စင်ပေးပြီး မျက်နှာသစ်ဆေးပျော့ပျော့ဖြင့် တစ်နေ့၂ကြိမ် မျက်နှာသစ်ပေးခြင်း Double cleansing ပုံမှန်ပြုလုပ်ရမည်။ ဝက်ခြံနှင့် အမာရွတ်များ သက်သာစေရန် အစိုဓါတ်ထိန်းမျက်နှာလိမ်းဆေး moisturizer ပုံမှန်အသုံးပြုပေးရပါမည်။ နေရောင်ခြည်မှာပါတဲ့ အရမ်းလွန်ရောင်ခြည် UV rays ကြောင့် အဆီပြန်ပြီး ဝက်ခြံပိုထွက်စေကာ၊ ဝက်ခြံအမာရွတ် အမဲစက်များဖြစ်စသောကြောင့် sunscreen နေရောင်ကာလိမ်းဆေးကို မဖြစ်မနေလိမ်းပေးရပါမည်။
၀က်ခြံဒဏ်ရာ အမာရွတ်အမျိုးအစား acne scar types ၊ ကြာချိန် duration ၊ နေထိုင်မှုပုံစံ lifestyle ပေါ် မူတည်ပြီး ကုသပုံ ကုသနည်း ကွဲပြားပါသည်။
- Vitamin C ဗီတာမင်စီ၊ Vitamin E ဗီတာမင်အီး ပါဝင်သော အလှကုန်များ၊
- almond oil၊ အုန်းဆီ coconut oil၊ သံလွင်ဆီ olive oil ကဲ့သို့ အဆီများ
- 2% hydroquinone creams/serums ဟိုက်ဒရိုကွီနုံးပါသော မျက်နှာလိမ်းခရင်မ်များ
- azelaic acid,glycolic acid, kojic acid စသည့် အပျော့စားအက်ဆစ်အခြေခံ မျက်နှာလိမ်းဆေးများ
- ဗီတာမင်အေ/ရက်တီနွိုက်အုပ်စုဝင်လိမ်းဆေးများ (retinoids, retinol, tretinoin, adapalene gel, or tazarotene)
- AHA (alpha hydroxy acid), BHA (beta hydroxy acid)၊ လက်တစ်အက်ဆစ် Lactic acids၊ ဆယ်လီစလစ်အက်ဆစ် Salicylic acid စသည့် ဒြပ်ပေါင်းပါဝင်သည့် အလှကုန်နှင့်ဆေးများ
- မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း chemical peeling
- လေဆာရောင်ခြည်ဖြင့်ကုသခြင်း laser resurfacing treatment နှင့်
- Dermabrasion၊ Microneedling ၊ ဆေးထိုးကုသခြင်း Injection ( စတီးရွိုက် steroid၊ soft tissue filler ) ကဲ့သို့ အခြားအမာရွတ်ကုသမှုများ
- အမာရွတ်ကို ခွဲစိတ်ကုသခြင်း Surgery စသည့် သင့်တော်သော ကုသမှုဖြင့် အမဲစက်၊ အမာရွတ်များကို ဖယ်ရှားနိုင်ပါသည်။
ဝက်ခြံအမာရွတ်များသည် ပျောက်ဖို့ခက်ခဲသော်လည်း အရေပြားအထူးကု အလှအပရေးရာဆရာဝန်စသည့် ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး သင့်လျော်မှန်ကန်သော ကုသနည်းများဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပါသည်။
Author : Dr.Yee Mon