fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

why wet cough causes
135
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ချောင်းဆိုးခြင်းဆိုတာဟာ အဖြစ်များတဲ့ ​ရောဂါလက္ခဏာတစ်မျိုးဖြစ်ပါတယ်။ သာမန်အ​အေးမိတုပ်​ကွေး​ကြောင့် ​ချောင်းဆိုးခြင်းဖြစ်နိုင်သလို ပြင်းထန်တဲ့အဆုတ်​ရောဂါ​တွေ​ကြောင့်လည်း ကြာရှည်ချောင်းဆိုးခြင်းကို ခံစားရနိုင်ပါတယ်။ ​ချောင်းဆိုးခြင်းမှာ ​ချောင်းအစိုနဲ့​ချောင်းအ​ခြောက်ဆိုပြီး (၂)မျိုးရှိသလို ​ပေးရတဲ့​ဆေး​တွေကလည်း ​ချောင်းအစိုနဲ့အ​ခြောက်အတွက် ကွဲပြားပါတယ်။ ဒီ​နေ့မှာ​တော့ ​ချောင်းအစို ဘာကြောင့်ဆိုးရသလဲဆိုတာကို အ​သေးစိတ်​ပြောပြ​ပေးသွားပါမယ်။ ​​ချောင်းအစိုဆိုတာဟာ ချွဲ၊ သလိပ်ပါဝင်တဲ့ချောင်းကို ​ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ​ချောင်းအစိုဆိုးခြင်းကိုဖြစ်​စေနိုင်တဲ့ အ​​ကြောင်းအရင်း​တွေက​တော့-

 

(၁) အအေးမိဖျားနာခြင်း

ပြင်ပမှဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေဟာ အအေးမိဖျားနာခြင်းကို ခံစားရစေနိုင်ပါတယ်။ ပိုးမွှားတွေဟာ အသက်ရှူလမ်းကြောင်းတလျှောက် ချွဲတွေ ပိတ်ဆို့စေတာကြောင့် ချွဲ​​တွေဖယ်ထုတ်နိုင်ဖို့ ခန္ဓာကိုယ်ကပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ချောင်းဆိုးရခြင်းဖြစ်ပါတယ်။ အအေးမိဖျားနာတဲ့အခါ ချောင်းအစိုဆိုးခြင်းနှင့်အတူ နှာ​စေးခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း စတာ​တွေကိုပါ ခံစားရနိုင်ပါတယ်။

(၂) ရာသီတုပ်​ကွေး​

ရာသီတုပ်ကွေးကလည်း အအေးမိဖျားနာခြင်းနဲ့ဆင်တူပြီး ပိုမိုပြင်းထန်တတ်ပါတယ်။ နှာစေးချောင်းဆိုးခြင်းတွေအပြင် ကိုယ်လက်ကိုက်ခဲခြင်းတွေကိုပါ ခံစားရတတ်ပါတယ်။ ရာသီတုပ်​ကွေးဗိုင်းရပ်စ်ပိုးကလည်း ချွဲ၊ သလိပ်ပါတဲ့ ​ချောင်းဆိုးခြင်းမျိုးကို ဖြစ်​ပေါ်​စေတတ်ပါတယ်။

 

(၃) ​လေပြွန်​ရောင်ခြင်း

ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ ​နောက်ဆက်တွဲဖြစ်တဲ့ ​လေပြွန်​ရောင်ခြင်းမှာလည်း ​ချောင်းအစိုဆိုးခြင်းကို ခံစားရနိုင်ပါတယ်။ ​လေပြွန်​ရောင်ခြင်းဟာ (၃)ပတ်ခန့်ကြာမြင့်တတ်ပြီး ချောင်းဆိုးခြင်းနဲ့အတူ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ မောပန်းခြင်း စတာတွေပါ ခံစားရတတ်ပါတယ်။

 

(၄) Pneumonia

Pneumonia (နမိုးနီးယား) သို့မဟုတ် အဆုတ်ပိုးဝင်ခြင်း​ကြောင့် ​ချောင်းဆိုးခြင်းခံစားရတဲ့အခါ ​အစိမ်း​​ရောင် (သို့) အဝါ​ရောင်သလိပ်​တွေထွက်ခြင်း၊ သလိပ်ထဲ​သွေးပါခြင်း စတာ​တွေ

ပါဖြစ်​ပေါ်လာနိုင်ပါတယ်။

 

(၅) ဓာတ်မတည့်ခြင်း

ဓာတ်မတည့်တဲ့အရာ တစ်မျိုးမျိုးရှိ​နေတဲ့အခါ မကြာခဏ နှာ​စေး၊ နှာ​ချေခြင်းဖြစ်တတ်ပါတယ်။ နှာရည်​​တွေဟာ အပြင်သို့မထွက်ဘဲ​ ​နောက်ပြန်စီးဆင်းသွားတဲ့အခါ လည်​ချောင်းမှာ နှာရည်​တွေ၊ အချွဲ​တွေနဲ့ ပိတ်ဆို့သွား​တာ​ကြောင့် ​ချောင်းဆိုးခြင်းကို ခံစားလာရတတ်ပါတယ်။

 

(၆) Chronic Obstructive Pulmonary Disease (COPD)

COPD ​ဆိုတာဟာ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းမှုကို ကြာရှည်ရှူရှိုက်ခြင်း စတာ​တွေ​ကြောင့် ဖြစ်​စေနိုင်တဲ့အပြင် မျိုးရိုးလိုက်ခြင်း​ကြောင့်လည်း ဖြစ်တတ်ပါတယ်။ COPD ​ရောဂါခံစားရတဲ့အခါ ​လေပြွန်တစ်​လျှောက်နဲ့ အဆုတ်​လေအိတ်ငယ်​​လေး​တွေမှာ ​ရောင်ရမ်းနာကျင်ပြီး အချွဲ​တွေပိတ်ဆို့ကာ ​ချောင်းဆိုး​စေနိုင်ပါတယ်။

(၇) Cystic fibrosis

Cystic fibrosis ဆိုတာဟာ မျိုးရိုးလိုက်ခြင်း​ကြောင့်ဖြစ်တတ်တဲ့ ​ရောဂါတစ်မျိုးဖြစ်ပါတယ်။ Cystic fibrosis ​ကြောင့် မကြာခဏအဆုတ်ပိုးဝင်ခြင်း ခံစားရတတ်သလို ချောင်းအစိုဆိုးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

 

(၈) Bronchiectasis

Bronchiectasis ဆိုတာဟာ Cystic fibrosis ရဲ့​နောက်ဆက်တွဲ​ရောဂါပြဿနာတစ်မျိုးဖြစ်ပါတယ်။ Brochiectasis ဖြစ်တဲ့အခါ ​လေပြွန်ကြွက်သား​တွေ အားနည်းလာတဲ့အပြင် အချွဲ​​တွေပိတ်ဆို့ကာ ​ချောင်းဆိုးခြင်း ဖြစ်​ပေါ်လာ​စေပါတယ်။

 

​ချောင်းအစိုဆိုးခြင်းကို ​ရေရှည်ခံစား​နေရပြီဆိုရင်​တော့ လိုအပ်တဲ့စစ်​ဆေးကုသမှု​တွေပြုလုပ်နိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်း၊ ​သွေးစစ်ခြင်း စတာ​​တွေပါ ပြုလုပ်​​ပေးရမှာဖြစ်ပါတယ်။

 

Author: Dr. Aye Myat Mon

Previous Post

လူတွေလတ်တလော စိုးရိမ်နေကြတဲ့ Monkeypox (မျောက်ကျောက်ရောဂါ)

Next Post

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

What are the barriers to iron absorption?

သံဓာတ်စုပ်ယူမှုကို ဘယ်လိုအရာတွေက အဟန့်အတားဖြစ်စေလဲ?

4 weeks ago
81
Frequent phone calls

ဖုန်းအကြည့်များလို့ ဇက်ကြောတက်ခြင်း

4 weeks ago
191
When it rains and my joints ache

မိုးမိပြီး အရိုးအဆစ်တွေ ကိုက်ခဲတဲ့အခါ

1 month ago
155
About laxatives

ချွဲပျော်ဆေးတွေအကြောင်း

1 month ago
162
why do i get a headache when i play games for a long time

ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ?

2 months ago
166
why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

2 months ago
117

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
Next Post
illnesses common in children during the rainy season

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

how to take care of your skin during the rainy season

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း - လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.