fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ ပမာဏ

The amount of vitamin C that a person needs per day
90
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဗီတာမင်စီ လို့ပြောလိုက်ရင် ကိုယ်ခံအားကိုကောင်းစေတယ်ဆိုတဲ့ အချက်ကြောင့် လူတိုင်းနဲ့ မစိမ်းလှပါဘူး။ ဒါ့အပြင် ဗီတာမင်စီဟာ သွားဖုံးသွေးယိုခြင်းကို ကာကွယ်ပေးခြင်း၊ ကူးစက်ရောဂါများ ကာကွယ်ပေးခြင်း၊ အနာကျက်မြန်စေခြင်း၊ ခန္ဓာကိုယ်ရှိဆဲလ်များကို ပျက်စီးစေသည့် ဓါတ်တိုးသတ္တိရှိ Free radicals များကို တိုက်ထုတ်နိုင်ခြင်း တို့ကြောင့် နေ့စဉ် ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။

ဗီတာမင်စီကို တစ်နည်းအားဖြင့် Ascorbic acid လို့လည်း ခေါ်ပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ တချို့ ဗီတာမင်ဓာတ်တွေကို ထုတ်လုပ်နိုင်ပေမယ့် တချို့ကိုတော့ အပြင်အစားအသောက်၊ ဖြည့်စွက်ဆေးဝါးများမှသာ ရရှိနိုင်ပါတယ်။ ဗီတာမင်စီဟာလည်း ခန္ဓာကိုယ်ကမထုတ်လုပ်နိုင်တဲ့ ဗီတာမင်တွေထဲကတစ်ခုဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ စားသုံးလိုက်တဲ့ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့နေရာကို ပို့ဆောင်ပေးပါတယ်။ မလိုအပ်ဘဲ ပိုနေတဲ့ ဗီတာမင်စီတွေကို ခန္ဓာကိုယ်က သိမ်းထားလေ့ မရှိဘဲ ဆီးအဖြစ် ကျောက်ကပ်က စွန့်ပစ်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်စီကို နေ့စဉ် ဖြည့်ပေးနေဖို့ လိုအပ်ပါတယ်။

GNC C-Boost

အမျိုးသား၊ အမျိုးသမီးအလိုက် ဗီတာမင်စီ နေ့စဉ် လိုအပ်ချက်ဟာလည်း မတူညီပါဘူး။

  • အသက် ၁၉ နှစ်နှင့်အထက် အမျိုးသားများအတွက် လိုအပ်ချက်မှာ 90 mg
  • အသက် ၁၉ နှစ်အထက် အမျိုးသမီးများအတွက် လိုအပ်ချက်မှာ 75 mg
  • ကိုယ်ဝန်ဆောင်များအတွက် လိုအပ်ချက်မှာ 85 to 120 mg တို့ ဖြစ်ပါတယ်။
  • ဆေးလိပ်သောက်ခြင်းဟာ ဗီတာမင်စီ ပမာဏအချို့ကို ဖျက်စီးပစ်တာကြောင့် ဆေးလိပ်သောက်သူများဟာ သာမာန်ထက် 35 mg လိုအပ်ပါတယ်။

ဗီတာမင်စီကို နေ့စဉ် ၂၀၀၀ မီလီဂရမ် ထက်ပို၍ မသောက်သုံးသင့်ပါ။ ၁၀၀၀ မီလီဂရမ် ထက်ပိုသောက်တဲ့အခါတိုင်း အူနံရံမှ စုပ်ယူမှုနှုန်း ၅၀ ရာခိုင်နှုန်းခန့် လျော့ကျသွားတဲ့အပြင် ဗီတာမင်စီ ပမာဏလိုအပ်သည်ထက်ပို၍ သောက်သုံးပါက အစာအိမ်နာခြင်း၊ ဝမ်းလျောခြင်း၊ ဆီးကျောက်တည်ခြင်း၊ ဂေါက်ရောဂါကိုဖြစ်စေသော Uric acid များစေခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါတယ်။

GNC C-Boost

ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်စီကို

  • ချဉ်သောအသီးများ (လိမ္မော်၊ သံပုရာ၊ ကီဝီ၊ စပျစ်)
  • ပန်းငရုတ်ပွ
  • စတော်ဘယ်ရီ
  • ခရမ်းချဉ်သီး
  • ပန်းမုန်လာ၊ ဂေါ်ဖီ စသော

အသီးအရွက်များမှ ရရှိနိုင်တဲ့အပြင် စျေးကွက်ထဲတွင်ရှိသော ဗီတာမင်စီ ဖြည့်စွက်အားဆေးများမှလည်း ရနိုင်ပါတယ်။ သို့သော် ဗီတာမင်စီဆေးများကို သောက်သုံးရာတွင် နေ့စဉ်လိုအပ်ချက်ပမာဏကို သေချာချိန်ညှိပြီး ဝယ်ယူသောက်သုံးဖို့ လိုအပ်ပါတယ်။

ဗီတာမင်စီကို အစားအစာများမှ ရယူသောအခါ ဖြစ်တတ်တဲ့ နည်းလမ်းမှား တစ်ခုကိုလည်း ပြောပြချင်ပါတယ်။ ဗီတာမင်စီဟာ နေရောခြည်၊ အပူဒဏ်၊ အလင်းရောင်တို့နှင့် ထိတွေ့တဲ့အခါ ပြိုကွဲပါတယ်။ ဒါကြောင့် ဗီတာမင်စီ ကြွယ်ဝသော အသီးအရွက်များကို မီးအပူအရမ်းပေးပြီး ဟင်းချိုကဲ့သို့ ဟင်းများချက်တဲ့အခါ ထိုဗီတာမင်များဟာ ဟင်းရွက်မှာ မရှိတော့ဘဲ ရေထဲမှာ ပျော်ဝင်သွားပါတယ်။ ဒါကြောင့် အသီးအရွက်က ထွက်လာတဲ့ အရည်ကို သောက်မှသာ ထိုအသီးအရွက်မှာ ပါဝင်တဲ့ ဗီတာမင်ကို ရရှိမှာ ဖြစ်ပါတယ်။

ဗီတာမင်စီကို လိုအပ်တာထက်ပိုသောက်ပါက အကျိုးမရှိကြောင်း သိရှိပြီးဖြစ်တာမို့ သင်ဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ အစာတွေကို မစားဖြစ်လို့ ဖြည့်စွက်အားဆေး ဝယ်သောက်မယ်ဆို ဆေးတစ်လုံးမှာ ပါဝင်တဲ့ ပမာဏ ကို ကြည့်ပြီး ဝယ်ယူဖို့ အသိပေးမျှဝေလိုက် ရပါတယ်။

 

Author: Dr. Yee Mon

Previous Post

မိုးရာသီမှာ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

Next Post

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာနဲ့ အစားအသောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin C deficiency and complications

ဗီတာမင်စီ ချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

12 hours ago
17
Rainy season and flu

မိုးရာသီနဲ့ တုပ်ကွေး

12 hours ago
27

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

2 days ago
110
Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

4 days ago
49
What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

4 days ago
93
Is glaucoma hereditary?

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

6 days ago
94

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Migraine pain and diet

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာနဲ့ အစားအသောက်

What do you eat when you are sick?

ဖျားရင်ဘာစားမလဲ ?

The pros and cons of wearing contact lenses

မျက်ကပ်မှန်တပ်ခြင်းရဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.