fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မပေါ့ဆသင့်တဲ့ အိမ်မွေးတိရစ္ဆာန် ကုတ်ခြစ်ဒဏ်ရာ

Pet scratch injuries that should not be neglected
456
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ခွေးလေးတွေ၊ ကြောင်လေးတွေဆိုတာ လူတွေရဲ့ အချစ်ခံသတ္တဝါလေးတွေပါ။ အိမ်မွေးတိရိစ္ဆာန်လးတွေနဲ့ ဆော့ကစားရင်းဖြစ်စေ၊ သူတို့လေးတွေကို သွားရောက်စနောက်ရင်းနဲ့ပဲဖြစ်စေ ကုတ်မိခြစ်မိတတ်လေ့ရှိကြပါတယ်။ တစ်ခါတစ်လေ လမ်းဘေးခွေးတွေ၊ ကြောင်တွေရဲ့ မထင်မှတ်ဘဲ ကုတ်ခြစ်ခံရတာတာ၊ ကိုက်ခံရတာတွေလည်း ဖြစ်တတ်ပါတယ်။ အကိုက်ခံရတဲ့အခါမှာ လူတွေက စိုးရိမ်တကြီးနဲ့ ရှိတတ်ကြပေမယ့် ကုတ်မိခြစ်မိရာလေးတွေကိုတော့ အမှတ်မထင် လျစ်လျူရှုမိတတ်ကြပါတယ်။ ဒါပေမယ့် ဒီသေးငယ်တဲ့ ကုတ်ခြစ်ဒဏ်ရာကို ဂရုမစိုက်မိရာကနေ ပိုးဝင်ခြင်းကစလို့ အခြားပြင်းထန်တဲ့အခြေအနေတွေအထိ ဖြစ်နိုင်ပါတယ်။

ကြောင်လေးတွေနဲ့ ပက်သက်ရင် စိုးရိမ်ရတာကတော့ Cat-Scratch Disease (CSD) ဆိုတဲ့ ရောဂါပိုးဝင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ CSD ကိုဖြစ်စေတဲ့ Bartonella henselae ဘတ်တီးရီးယားပိုးက ကြောင်သန်းတွေထဲမှာ ပါရှိပါတယ်။ ကြောင်သန်းတွေကို ကြောင်လေးတွေက ကိုက်လိုက်၊ ကုတ်လိုက်တဲ့အခါ သူတို့ရဲ့ သွားတွေကြား၊ လက်သည်းတွေကြားထဲမှာ အဲ့ပိုးတွေက ပါသွားတတ်ပါတယ်။ အများအားဖြင့် ပိုးရှိနေတဲ့ကြောင်လေးတွေ ဘာလက္ခဏာမှ မပြတဲ့အတွက် လူတွေကလဲ သတိမထားမိတတ်ကြပါဘူး။

အဲ့ဒီပိုးရှိနေတဲ့ကြောင်တွေက လူတွေကို အရေပြားပေါက်သွား၊ ပြဲသွားတဲ့အထိ ကိုက်မိ၊ ကုတ်မိရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အရေပြားပေါ်မှာ ရှိပြီးသား အနာ၊ ဒဏ်ရာနဲ့ အနာဖေးတို့ကို သူတို့ရဲ့လျှာနဲ့ လျှက်မိရင်ပဲဖြစ်ဖြစ် အဲ့ Bartonella ပိုးတွေ ဝင်သွားတတ်ပါတယ်။ နောက် ၃ ရက်ကနေ ၁၄ ရက်အကြာမှာ အဲ့နေရာကနေ ရောင်ရမ်းလာတာ၊ ဝိုင်းဝိုင်းအနီဖုလေးတွေ ထလာတာ၊ ပြည်တွေတည်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင်

🔹 ဖျားခြင်း

🔹 ခေါင်းကိုက်ခြင်း

🔹 အစားအသောက်ပျက်ခြင်း

🔹 မောပန်းနွမ်းနယ်ခြင်း

🔹 ကုတ်ခံရတာနဲ့ နီးတဲ့နေရာမှာရှိတဲ့ Lymph အကျိတ်တွေ နာပြီး ကြီးလာ၊ ရောင်လာခြင်းတို့ ဖြစ်စေပါတယ်။ အဆိုးရွားဆုံးအခြေအနေတွေက ဖြစ်လေ့ဖြစ်ထမရှိတတ်ပေမယ့် ဖြစ်လာခဲ့ရင် လူတွေရဲ့ ဦးနှောက်၊ နှလုံး၊ မျက်လုံးနဲ့ အခြားကိုယ်တွင်းကလီစာတွေကိုလဲ ထိခိုက်စေပါတယ်။ ထိုအဆိုးရွားဆုံးအခြေအနေတွေက အသက် ၄ နှစ်ကနေ ၁၄ နှစ်အရွယ်များနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့သူတွေမှာ ပိုဖြစ်နိုင်ချေရှိပါတယ်။

ကြောင်လေးတွေလိုပဲ ခွေးလေးတွေဟာဆိုရင်လည်း ခြေ ၄ ချောင်းနဲ့ လျှောက်သွားလိုက်၊ မြေတွေတူးလိုက်နဲ့ သူတို့ရဲ့ ခြေသည်းတွေမှာ ရောဂါပိုးတွေ မှိုပိုးတွေ အများအပြား ရှိနေတတ်ပါတယ်။ ခွေးလေးတွေနဲ့ ပက်သက်ပြီး နာမည်ကြီးရောဂါကတော့ ခွေးရူးပြန်ရောဂါဖြစ်ပါတယ်။ ကုတ်ခြစ်မိရာကနေ ခွေးရူးပြန်ရောဂါဖြစ်နိုင်ချေက အလွန်နည်းပါးပါတယ်။ ဒါပေမယ့် ခွေးရူးပြန်ရောဂါပိုးဟာ ပိုးအကူးခံထားရတဲ့ သတ္တဝါတွေရဲ့ တံတွေးမှာ ပါရှိတဲ့အတွက် မိမိအနာပေါ်ကို ထိုခွေးက လျှက်မိရင်ပဲဖြစ်စေ၊ တံတွေးတွေနဲ့ လျှက်ထားတဲ့ ခြေသည်းတွေနဲ့ ကုတ်မိရင်ပဲဖြစ်စေ ခွေးရူးပြန်ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါသည် အချိန်မှီ ခွေးရူးပြန်ကာကွယ်မထိုးလျှင် အသက်ဆုံးရှုံးသည်အထိ ပြင်းထန်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အိမ်မွေးခွေးလေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးထားသင့်ပါတယ်။ ထို့အပြင် လမ်းဘေးခွေးတွင် ခွေးရူးပြန်လက္ခဏာရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားသင့်ပါတယ်။

ဒါ့အပြင် ကုတ်ခြစ်ရာတွေက အရေပြားကို ပွန်းပဲ့၊ ပေါက်ပြဲစေတဲ့အတွက် တိရိစ္ဆာန်တွေဆီကပိုးတွေပဲမဟုတ် လူတွေရဲ့ အရေပြားပေါ်က သို့မဟုတ် အခြားနေရာအနှံ့က ရောဂါပိုးတွေကလဲ ကိုယ်ထဲကို အနာကနေတဆင့် ဝင်ရောက်နိုင်ပြီး အရေပြားရောဂါတွေ၊ တုပ်ကွေးရောဂါတွေကအစ မေးခိုင်ရောဂါ၊ ဦးနှောက်အမြေးပါးရောင်ခြင်းအစရှိတဲ့ ပြင်းထန်တဲ့ရောဂါတွေအထိပါ ခံစားရနိုင်ပါတယ်။

အကုတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ ?

🔸 ဆော့ကစား၊ စနောက်နေရင်း ခွေးလေး၊ ကြောင်လေးတွေရဲ့ အခြေအနေကို လေ့လာပါ။ ဒေါသကြီးစွာ တုံ့ပြန်လာတာတို့၊ အထိမခံတာတို့ဖြစ်နေလျှင် သွားရောက်ထိတွေ့ခြင်း မပြုပါနဲ့။

🔸 ညင်ညင်သာသာ ကိုင်တွယ်ဆော့ကစားပါ။ အလွန်အမင်း သွားဆော့ကစားရင် သူတို့ကပါ စိတ်အားထက်သန်စွာ ပြန်လည်ပြုမူတတ်ပါတယ်။

🔸 ဖြစ်နိုင်ရင် laser pointer၊ ငှက်မွှေး အစရှိတဲ့ အရုပ်ကလေးတွေနဲ့ အဝေးကနေ ဆော့ကစားပေးပါ။

🔸 ခြေသည်းလက်သည်းလေးတွေကို ညှပ်ပေးပါ။ တုံးထားပေးပါ။

🔸 လမ်းဘေးခွေးလေး၊ ကြောင်လေးတွေကို သွားမစပါနဲ့။

🔸 မိဘများကလဲ မိမိတို့ရဲ့ သားသားမီးမီးတို့ကို ခွေးလေးကြောင်လေးတွေနဲ့ ဘယ်လိုဆော့ကစားသင့်လဲ ပြောပြထားပါ။

🔸 ငယ်ရွယ်တဲ့ကလေးငယ်တွေဆို ခွေးလေးကြောင်လေးတွေနဲ့ အနီးကပ် မထားမိပါစေနဲ့!

 

ကုတ်ရာခြစ်ရာတွေကို ဘယ်လိုကုသကြမလဲ ?

✅ ဒဏ်ရာကို သေချာကြည့်ပါ။ အပေါ်ယံသာ ကုတ်ခြစ်မိလျှင် ရေဖွင့်ထားတဲ့ ရေဘုံပိုင်အောက်တွင် မိနစ်အနည်းငယ်ထားပြီး ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောနိုင်ပါတယ်။

✅ သွေးထွက်ခဲ့လျှင် ပတ်တီး (သို့) သန့်ရှင်းသော အဝတ်စတစ်ခုနှင့် သွေးထွက်ရပ်သည်အထိ ဖိထားပါ။ သွေးတိတ်သွားလျှင် အနာကို ဆပ်ပြာ၊ရေတို့နှင့် သန့်ရှင်းပေးပါ။

✅ ထို့နောက် အနာကို ခြောက်သွေ့အောင်ထားပြီး အနာနှင့် အနာတဝိုက်ကို ပိုးသန့်စင်ဆေးရည် Antiseptic solution (သို့) ပိုးသတ်ဆေးခရင် Antibiotic cream လိမ်းပြီး သန့်ရှင်းခြောက်သွေ့တဲ့ ပတ်တီးစနှင့် ပတ်ထားပါ။

✅ အနာကောင်းကောင်းမကျက်ဘဲ နီရဲ၊ ရောင်ရမ်းလာခြင်း၊ အနာနဲ့တစ်ဝိုက် ကိုက်ခဲလာခြင်းနှင့် အနာရင်းလာခြင်း ရှိမရှိ စောင့်ကြည့်ပါ။ အထူးသဖြင့် ပိုးဝင်နိုင်ချေပိုရှိတဲ့ ခြေနှင့်လက်မှာ ရရှိတဲ့ ကုတ်ခြစ်ဒဏ်ရာများကို အထူးစောင့်ကြည့်ပါ။

✅ အကုတ်ခြစ်ခံရသူမှာ အလွန်ငယ်ရွယ်သော ကလေး၊ အသက်အရွယ်ကြီးသူများနဲ့ ခုခံအားကျဆင်းနေသူဖြစ်ခဲ့လျှင် အနာကို သတိထားစောင့်ကြည့်ပေးပါ။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်သင့်လဲ ?

❗️ ဒဏ်ရာသည် အပေါ်ယံမျှသာဖြစ်သော်လည်း မျက်နှာ၊ လည်ပင်း၊ မျိုးပွားအင်္ဂါအနားတစ်ဝိုက်တွင် ကုတ်ခြစ်ခံထားရလျှင်

❗️ ၁၀ မိနစ်ခန့် ဆက်တိုက် ဖိထားသော်လည်း သွေးမတိတ်လျှင်

❗️ ဒဏ်ရာဟာ အရွယ်အစား ကြီးခြင်း၊ အတွင်းသို့ နက်ဝင်သွားခြင်း၊ ပြင်းထန်ခြင်းတို့ဖြစ်ခဲ့လျှင်

❗️ လမ်းဘေးခွေးကြောင် (သို့) ထူးဆန်းစွာ ပြုမူနေသော ခွေးကြောင်များ တိုက်ခိုက်သည့် ဒဏ်ရာဖြစ်လျှင်

❗️ ဒဏ်ရာဟာ အလွန်အမင်းနာကျင်၍ ပိုးဝင်သည့် လက္ခဏာများ ရှိလျှင်

❗️ မေးခိုင်ကာကွယ်ဆေး မထိုးဖူးလျှင် (သို့) အပြည့်အဝ မရသေးလျှင် ဆရာဝန် (သို့) နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။ လိုအပ်လျှင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးရနိုင်ပါတယ်။

 

ဒါ့ကြောင့် အိမ်မွေးခွေးကြောင်လေးတွေနဲ့ ဆော့ကစားရင်း ကုတ်ခြစ်မိသည်ဖြစ်စေ၊ လမ်းဘေးခွေးကြောင်တွေဆီက အကုတ်ခြစ်ခံရသည်ဖြစ်စေ မပေါ့ဆဖို့၊ ဒဏ်ရာကို ဂရုစိုက်ဖို့ နည်းလမ်းတွေကို သိရှိသွားပြီဖြစ်တဲ့အတွက် အားလုံး ဘေးရန်ကင်းကင်းနဲ့ ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

 

Author: Dr. Aye Chan Moe

Previous Post

ကင်ဆာတစ်ခုဝင်လာရင် ပြတတ်တဲ့ရှေ့ပြေးလက္ခဏာများ

Next Post

ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရတယ်ဆိုတာ ဟုတ်လား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
If you have sex while you're on your period, you'll have a baby, right?

ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရတယ်ဆိုတာ ဟုတ်လား?

Beware of fly and diarrhea risk

သတိပြုဖွယ် ယင်ကောင်နှင့် ဝမ်းလျှောခြင်းအန္တရာယ်

When children are watching TV on their phones

ကလေးတွေဖုန်းနဲ့ TV အကြည့်များတဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.