fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရတယ်ဆိုတာ ဟုတ်လား?

If you have sex while you're on your period, you'll have a baby, right?
754
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လူအတော်များများအနေနဲ့ကတော့ ရာသီလာစဉ်မှာ အတူနေလိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးလို့ပဲ သိကြပါတယ်။ ကိုယ်ဝန်ဆိုတာဟာ အမျိုးသမီးရဲ့မမျိုးဥနဲ့ အမျိုးသားရဲ့သုတ်ကောင်တို့ ပေါင်းစပ်မှသာဖြစ်လာတာပါ။ အများအားဖြင့်တော့ မမျိုးဥဟာ ရာသီလာဖို့ ၁၄ ရက်အလိုဝန်းကျင်လောက်မှာ မျိုးဥအိမ်ကနေ ကြွေလေ့ရှိပြီး သူ့သက်တမ်းဟာ တရက် (၂၄နာရီ)ပဲရှိပါတယ်။

အမျိုးသားရဲ့ သုတ်ပိုးသက်တမ်းကတော့ မိန်းမကိုယ်ထဲမှာ ၃ ရက်ကနေ ၅ ရက်အထိအသက်ရှင်နိုင်ပါတယ်။

၂၈ ရက်တကြိမ် ရာသီပေါ်တဲ့ အမျိုးသမီးမှာဆိုရင် မျိုးအောင်နိုင်ခြေများတဲ့ (ကိုယ်ဝန်ရနိုင်ခြေများတဲ့) ရက်တွေက ရာသီစလာတဲ့ရက်မှ ၁၁ ရက်မြောက်နေ့ကနေ ၁၅ ရက်မြောက်နေ့ အတွင်းဖြစ်ပြီး ၃၀ ရက်တကြိမ် ရာသီလာတဲ့အမျိုးသမီးဆိုရင် မျိုးအောင်နိုင်ခြေများတဲ့ (ကိုယ်ဝန်ရနိုင်ခြေများတဲ့) ရက်တွေက ရာသီစလာတဲ့ရက်မှ ၁၃ ရက်မြောက်နေ့ကနေ ၁၇ ရက်မြောက်နေ့အတွင်း ဖြစ်ပါတယ်။

ဒါကြောင့် ယေဘုယျအနေနဲ့ ပြောရရင်တော့ ရာသီလာနေစဉ်မှာ အတူနေလိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေနည်းပါတယ်။ ဒါပေမယ့် လုံးဝမရနိုင်ပါဘူးလို့ အာမခံပြောလို့တော့မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေမှာ (၂၁ ရက်နဲ့ ရာသီပေါ်တဲ့အမျိုးသမီးတွေမှာ) ဆိုရင် မျိုးဥကြွေတာဟာ ရာသီပြီးခါနီးရက် (သို့မဟုတ်) ရာသီလာပြီး နောက်ရက်နားတဝိုက်လောက်မှာ ဖြစ်တတ်လို့ပါ။

အဲ့ဒီလိုအချိန်မှာကျ ရာသီလာတုန်း လိင်ဆက်ဆံတာဆိုပေမယ့် ဘာတားနည်းမှမသုံးရင် သုတ်ပိုးဟာ မမျိုးဥနဲ့တွေ့ပြီး ပေါင်းစပ်ကာ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ သုတ်ပိုးက မိန်းမကိုယ်ထဲမှာဆိုရင် ၃ ရက်ကနေ ၅ ရက်လောက်ထိ အသက်ရှင်နိုင်တာကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒါ့အပြင် ရာသီလာတဲ့ရက်မမှန်တဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း မျိုးဥကြွေရက်က အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် ထိုအမျိုးသမီးတွေအနေနဲ့ ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။

တချို့ကျန်းမာရေးဗဟုသုတနည်းတဲ့ အမျိုးသမီးတွေဆိုရင် အရေးပေါ်တားဆေးကြောင့် သွေးဆင်းတာ၊ သားအိမ်ထဲက အသားလုံး၊ ရေအိတ်စတဲ့ အကြောင်းတခုခုကြောင့် သွေးဆင်းတာကို ရာသီပေါ်တယ်လို့ ယူဆတတ်ကြပါတယ်။ အဲ့လိုယူဆပြီး ကိုယ်ဝန်မရနိုင်ဘူးထင်ကာ အတူနေလိင်ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ခြေများပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးချင်တာက ရာသီလာနေစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေနည်းပေမယ့် လုံးဝမရနိုင်ပါဘူးလို့တော့ အာမခံပြောမရတဲ့အတွက် ရာသီလာနေတုန်း လိင်ဆက်ဆံပါက ကွန်ဒုံးသုံးပါလို့ အကြံပေးချင်ပါတယ်။ ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ကို ကာကွယ်ပြီးသားဖြစ်သလို ရာသီပေါ်စဉ်မှာ သွေးဆင်းများတာကြောင့် တခြားအချိန်တွေမှာထက် လိင်ဆက်ဆံရာမှတဆင့် ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေများတာကိုလည်း ကာကွယ်နိုင်ပါတယ်။

Author: Dr. 528

Previous Post

မပေါ့ဆသင့်တဲ့ အိမ်မွေးတိရစ္ဆာန် ကုတ်ခြစ်ဒဏ်ရာ

Next Post

သတိပြုဖွယ် ယင်ကောင်နှင့် ဝမ်းလျှောခြင်းအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

3 days ago
65

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

1 week ago
330

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

2 weeks ago
642

ဇင့်အာဟာရချို့တဲ့လျှင်ဖြစ်တတ်တဲ့ရောဂါများအကြောင်း

1 month ago
716

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

1 month ago
230

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

1 month ago
727

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Beware of fly and diarrhea risk

သတိပြုဖွယ် ယင်ကောင်နှင့် ဝမ်းလျှောခြင်းအန္တရာယ်

When children are watching TV on their phones

ကလေးတွေဖုန်းနဲ့ TV အကြည့်များတဲ့အခါ

It's crazy to have a gallbladder out, right?

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးတတ်တယ်ဆိုတာ ဟုတ်လား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.