fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Glutathione အကြောင်းသိကောင်းစရာ

Good to know about Glutathione
724
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/09/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

Glutathione ဂလူသာသိုင်အုံးဟာ ခန္ဓာကိုယ်အတွက် အရေးကြီး ဓါတ်တိုးဆန့်ကျင်ဓါတ်ရှိသော ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး အမိုင်နိုအက်ဆစ်သုံးမျိုး amino acids: glutamine, glycine, and cysteine ပေါင်းထားသော ဒြပ်ပေါင်းဖြစ်ပါတယ်။ Glutathione ဟာခန္ဓာကိုယ်ရှိ ဓါတ်တိုးဆန့်ကျင်မှု လုပ်ငန်းများကို ပြုလုပ်ပေးပြီး ဆဲလ်များမပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။ အသည်းနှင့် ပင်မအာရုံကြောစနစ်ရှိ အာရုံကြောဆဲလ်များမှ Glutathione ကို အဓိကထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ဆဲလ်များမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

Glutathione ဟာ အရေပြားရှိ အသားအရောင်ဖြစ်စေသော Melanin pigment မယ်လနင်ရောင်ခြယ်ဓါတ် ထုတ်နိုင်သော tyrosinase အင်ဇိုင်းကိုပိတ်နိုင်ပါတယ်။ ထိုသို့ Melanin ကို လျော့ပါးစေခြင်းဖြင့် အရေပြားကိုဖြူစေပြီး အိုမင်းရင့်ရော်မှု လက္ခဏာများကို လျော့နည်းစေပါတယ်။ အစားအသောက်နှင့် ခန္ဓာကိုယ်ပြင်ပမှ မကောင်းသောဖိစီးမှုများကြောင့် ဆဲလ်များဟာ ဓါတ်တိုးပစ္စည်း free radicals များရဲ့ ဖျက်ဆီးမှုခံရပါတယ်။ Glutathione ရဲ့ ဓါတ်တိုးဆန့်ကျင်မှု အာနိသင်ကြောင့် free radicals များကို တိုက်ဖျက်နိုင်ပါတယ်။

GNC LAC taut White

ဓါတ်တိုးဆန့်ကျင် သတ္တိအပြင် Glutathione ဟာ ခန္ဓာကိုယ်ရှိအဆိပ်အတောက်များနှင့် ကင်ဆာဖြစ်စေသောအရာများကိုလည်း ဖယ်ရှားနိုင်ပါတယ်။ မျိုးဗီဇအခြေခံ ဒီအန်အေ DNA ဖြစ်ပေါ်ခြင်းနှင့် ပြုပြင်ခြင်းကို ဆောင်ရွက်ပေးပါတယ်။ ဟော်မုန်းအာနိသင်ပေးသော prostaglandin နှင့် အခြားပရိုတင်းဒြပ်ပေါင်းများ ထုတ်ပေးခြင်းနှင့် အင်ဇိုင်းများကို အလုပ်လုပ်အောင်လှုံ့ဆော်ပေးခြင်းတို့ကိုလည်း Glutathione မှ လုပ်ဆောင်ပေးပါတယ်။ အစာအာဟာရဓါတ်များဖြိုခွဲပေးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း ထိန်းညှိပေးပါတယ်။

Glutathione ဟာ ဒြပ်ပေါင်းအသစ်ဖြစ်တာကြောင့် အကျိုးအာနိသင်၊ ဘေးထွက်ဆိုးကျိုးတို့နှင့် ပါတ်သက်ပြီး လေ့လာစမ်းသပ်မှုများ ပြုလုပ်မဖြေရှာဆဲဖြစ်ပါတယ်။ Glutathione ဟာ လေပွခြင်း၊ ဗိုက်ကယ်ခြင်းတို့ ဖြစ်စေပါတယ်။ အရေပြားတွင် အနီရောင်အပြင်များ ပေါ်ပေါက်ခြင်းကဲ့သို့ Glutathione နှင့်ဓါတ်မတည့်သော ပြဿနာများလည်း ဖြစ်တတ်ပါတယ်။

Glutathione ဟာ လတ်ဆတ်သော အသားများ၊ အသီးအရွက်များဖြစ်သော ထောပါတ်သီး၊ ဟင်းနုနွယ်၊ ကညွတ်၊ ပန်းပွင့်စိမ်း၊ Selenium ပါတဲ့ ငါး၊ ဆာလ်ဖာ Sulphur ရနိုင်တဲ့ အသားအမျိုးမျိုး၊ Vitamin C ကြွယ်ဝတဲ့ အသီးအရွက်အမျိုးမျိူးတွင် ကြွယ်ဝစွာပါရှိပါတယ်။ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ပြောင်းဆန်၊ဂျုံကဲ့သို့ ဆီရီရယ်များတွင် ပါဝင်မှုနည်းပါတယ်။

GNC LAC taut White

အရက်၊ ဆေးလိပ်သောက်သုံးခြင်း၊ အိပ်ရေးမဝခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်းဟာ ခန္ဓာကိုယ်ရှိ Glutathione များကိုလျော့နည်းစေပါတယ်။ Glutathione ကို စားဆေး၊ ထိုးဆေးများပုံစံဖြင့် အဓိကအသုံးပြုပြီး ကျန်းမာရေးအခြေအနေများဖြစ်သော နှလုံးသွေးကြောကျဉ်းခြင်း၊ အယ်လ်ဇိုင်းမားခေါ် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မကောင်းသော အဆီဓါတ်များခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ မျက်လုံးရေတိမ်၊ ရင်ကြပ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်းယောင်နှင့် အခြားအသည်းရောဂါ၊ အရိုးကျီးပေါင်းရောဂါ၊ အူယောင်ရောဂါ၊ Lyme disease ရောဂါ၊ အရက်စွဲရောဂါရှိသူများတွင် အသုံးပြုနိုင်ပါတယ်။

ယနေ့ခေတ်တွင် အဓိကအားဖြင့် အသားအရေ ဖြူဖွေးကြည်လင်သော အာနိသင်လိုချင်သူများ၊ နုပျိုလှပလိုသူများ အများဆုံးအသုံးပြုလာသော ဖြည့်စွက်ဆေးတစ်ခုဖြစ်သော်လည်း စိတ်ကျန်းမာရေးဆေး antipsychotic drugs နှင့် ဓါတုကုထုံးဆေးအချို့နှင့် ကုသမှုခံယူသူများ အနေဖြင့် သုံးစွဲရန် မသင့်တော်ပါ။

 

Author: Dr. Yee Mon

Previous Post

ကော်လဂျင်ဓာတ် လိုအပ်နေကြောင်း သိနိုင်မယ့် အချက်များ

Next Post

ဓာတ်ကင်တာနဲ့ ဆေးသွင်းတာ ဘယ်ဟာ ပိုစိတ်ချရလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Which one is safer, radiation and injection?

ဓာတ်ကင်တာနဲ့ ဆေးသွင်းတာ ဘယ်ဟာ ပိုစိတ်ချရလဲ?

If you have a cough, avoid these things

ချောင်းဆိုးနေရင် ဒီအချက်တွေရှောင်ပါ

Men and prostate risk

အမျိုးသားနှင့် ဆီးကျိတ်အန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.