fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အကြောက်လွန်ရောဂါ ဖိုးဘီးယား (Phobia) ဆိုတာဘာလဲ?

What is phobia?
389
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/10/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အကြောက်လွန်ရောဂါဟာ အဖြစ်များတဲ့စိတ်ရောဂါများထဲက တစ်ခုဖြစ်ပါတယ်။

ဘာလို့အကြောက်လွန်ရောဂါလို့ ခေါ်သလဲ ?

ကြောက်ရွံ့စရာမဟုတ်သော အရာဝတ္ထု၊ ဒါမှမဟုတ် အခြေအနေတစ်မျိုးမျိုးကို ကြောက်ရွံ့ခြင်း၊ ထိုအခြေအနေ၊ အရာဝတ္ထုတို့နှင့်ဆုံကာ ထွက်ပြေးလိုသည်အထိဖြစ်တာကို အကြောက်လွန်ရောဂါလို့ ခေါ်ပါတယ်။

ဘာတွေကြောင့် အကြောက်လွန်ရောဂါ ခံစားရသလဲ ?

အများအားဖြင့် အကြောက်လွန်ရောဂါဟာ သူ့ချည်းသက်သက်သာဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့ သော စိတ်ရောဂါတွေနဲ့ တွဲတွေ့ရတတ်တယ်။

၁) စိတ်ကျ ရောဂါ

၂) စိုးရိမ်လွန် ရောဂါ

၃) စိတ်စွဲ ရောဂါ

၄) ဦးနှောက် ရောဂါ

စိတ်ကျရောဂါဖြစ်လာတဲ့အခါ အရာရာကို ကြောက်ရွံ့တတ်လာတယ်။ အထူးသဖြင့် လူစုလူဝေးကို ကြောက်လာတယ်။ အချို့ စိတ်ကျရောဂါသည်တွေဟာ စိတ်ကျလက္ခဏာမပြဘဲ အကြောက်လွန်လက္ခဏာသာ ပြတတ်ကြပါတယ်။ စိတ်သောကဖြစ်လာတဲ့အခါ တစ်ခုခု ဖြစ်လာမှာကို တွေးပြီး စိုးရိမ်တတ်တယ်။ စိုးရိမ်လွန်လာပြန်တော့ ကြောက်စိတ်များလွှမ်းမိုးလာပြီး အကြောက်လွန်လက္ခဏာတွေ ပြတတ်တယ် ။

 

အကြောက်လွန် ရောဂါ ဘယ်နှမျိုးရှိလဲ?

ယေဘူယျအားဖြင့် ၆ မျိုးခွဲထားပါတယ်။

  • သီးခြား အကြောက်လွန်ရောဂါ (Phobic Neurosis)
  • လေဟာပြင် အကြောက်လွန်ရောဂါ (Agora Phobia)
  • အလုံခန်း အကြောက်လွန်ရောဂါ (Claustro Phobia)
  • တစ်စုံတစ်ခုကို စွဲမြဲစွာကြောက်သည့် အကြောက်လွန်ရောဂါ (Specific Phobia)
  • လူမှုရေး အကြောက်လွန်ရောဂါ (Social Phobia)
  • စိတ်စွဲ အကြောက်လွန်ရောဂါ (Obessional Phobia)

 

၁) သီးခြား အကြောက်လွန်ရောဂါ

သူ့ဘာသူသီးခြားဖြစ်ပြီး တခြားရောဂါများနဲ့ မတွဲတဲ့အတွက် သီးခြားအကြောက်လွန်ရောဂါလို့ ခေါ်တယ်။ ရောဂါမှာ သိပ်မပြင်းထန်တဲ့အတွက် ဆေးရုံသို့လာပြခဲတယ်။ အတွေ့ရလည်း နည်းတယ်။

 

၂) လေဟာပြင် အကြောက်လွန်ရောဂါ

ဒီရောဂါကတော့ အဖြစ်နည်းနည်းများတယ်။ အိမ်ထဲမှာ နေရတာ၊ ရင်းနှီးသည့်သူများနဲ့သာ နေရတာ ပိုလုံခြုံတယ်ထင်ကာ အပြင်သွားရန်၊ သူစိမ်းများနဲ့ ရောနှောနေရန် တို့ကို ကြောက်ရွံ့တာကို ခေါ်တယ်။

 

၃) အလုံခန်း အကြောက်လွန်ရောဂါ

အခန်းထဲတွင်၊ ရုပ်ရှင်ရုံထဲတွင်၊ ဓာတ်လှေကားထဲတွင်စတဲ့ အလုံပိတ်အခန်းများထဲတွင်နေတဲ့အခါ အလွန်အမင်း ကြောက်ရွံ့ခြင်းကိုခေါ်တယ်။

 

၄) တစ်စုံတစ်ခုကို စွဲမြဲစွာကြောက်သည့် အကြောက်လွန်ရောဂါ

အထူးသဖြင့် တိရစ္ဆာန်များ (ပိုးဟပ်၊ ပုရွက်ဆိတ်၊ မြွေ၊ တီကောင်စသဖြင့်) ကြောက်ခြင်း၊ တချို့ နေရာဒေသတစ်ခုခုကို စွဲမြဲစွာကြောက်ခြင်း၊ လျှပ်စီးလက်သည်ကို ကြောက်ခြင်း၊မိုးကြိုးပစ်သည်ကို ကြောက်ခြင်း၊ အမှောင်ကို ကြောက်ခြင်း၊ အမြင့်ကိုကြောက်ခြင်း စတာတွေဟာ ဒီရောဂါမှာ ပါဝင်ပါတယ်။ အထက်ပါတို့ဟာ ငယ်ရွယ်စဉ်ကလေးဘဝမှာလည်း ကြုံတွေ့ရပါတယ်။ ရောဂါလို့မခေါ်နိုင်သေးပါ။ အသက်ကြီးသည့်အထိ စွဲမြဲစွာရှိနေမှသာရောဂါလို့ခေါ်နိုင်ပါတယ်။

 

၅) လူမှုရေး အကြောက်လွန်ရောဂါ

လူအများရှေ့တွင် တစ်ခုခုလုပ်ရမှာ၊ ပြောရမှာ၊ လူအများနဲ့ဆက်ဆံရမှာ၊ လူစိမ်းများနဲ့ဆက်ဆံရမှာ အကြောက်လွန်လို့ လက်တုန်၊ အသံတုန်၊ ကတုန်ကယင်နဲ့ အမြီးအမောက်မတည့်ဖြစ်ကာ စိတ်မလုံခြင်းတွေဖြစ်ကာ အကြောက်လွန်သော ရောဂါဖြစ်ပါတယ်။

သူ့ဘာသူဖြစ်တတ်သလို စိတ်ကျရောဂါ၊ စိုးရိမ်လွန်ရောဂါ၊ လူစုလူဝေးကြောက်ရောဂါတို့နှင့်လည်း တွဲတွေ့ရတတ်တယ်။ အရေးပါသောအချက်တစ်ခုမှာ ငယ်စဉ်ကပြုစုပျိူးထောင်မှုပင် ဖြစ်ပါတယ်။ လူကြားသူကြားထဲတွင် ပေါင်းသင်းဆက်ဆံရေးကောင်းစေရန် ရဲရဲတင်းတင်းဆက်ဆံတတ်စေရန် သင်ကြားပေးခဲ့ဖို့လိုအပ်ပါတယ်။

 

၆) စိတ်စွဲ အကြောက်လွန်ရောဂါ

စိတ်စွဲအကြောက်လွန်ခြင်းဟာ မဖြစ်နိုင်သော အကြောင်းအရာတစ်ခုခုကို စိတ်ကစွဲကာ အလွန်အမင်းကြောက်ရွံ့ခြင်းပင်ဖြစ်ပါတယ်။ ဥပမာဆိုရသော် မိုးမပြိုသော်လည်း ပြိုခဲ့သည် ရှိသော်ဆိုပြီး တွေးတတ်သူများပင်။

 

ဘယ်လိုကုသရမလဲ?

အကုန်လုံးကိုပဲ ခြုံငုံပြီးပြောပြပါ့မယ်။

၁) Psychotherapy လို့ခေါ်တဲ့ စိတ်ကုထုံး

၂) Cognitive and Behavioral Therapy လို့ခေါ်တဲ့ အပြုအမူကုထုံး တို့အပြင် လိုအပ်လျှင် ဆေးဝါးများတိုက်ကျွေးဖို့ လိုပါတယ်။ တွဲဖြစ်တတ်တဲ့ရောဂါတွေကိုလည်း ကုသဖို့လိုပါတယ်။ ဝေဒနာသည်တွေကို အားပေးနှစ်သိမ့်ဖို့လည်း အထူးအရေးကြီးပါတယ်။ မိမိဆိုင်ရာ ဘာသာတရားလေ့လာလိုက်စားခြင်းကလည်း အကျိုးရှိပါတယ်။

Author: ခေတ်သစ်ဇီဝက

Previous Post

မျက်စိကင်ဆာအကြောင်း သိကောင်းစရာ

Next Post

မိုက်ခရိုဝေ့ဆိုတာ အစားအစာတွေကို နွှေးစားဖို့ပဲ မဟုတ်လား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
A microwave is only for cooking food, right?

မိုက်ခရိုဝေ့ဆိုတာ အစားအစာတွေကို နွှေးစားဖို့ပဲ မဟုတ်လား?

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

About good algae for diabetes

ဆီးချိုအတွက်ကောင်းတဲ့ ရေညှိအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.