fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဟင်းနုနွယ်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေအကြောင်း

About the health benefits of curry leaves
754
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/11/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဟင်းနုနွယ်ရွက်ကို အင်္ဂလိပ်လို Spinach လို့ခေါ်ပါတယ်။ ဟင်းနုနွယ်ရွက်ဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်တစ်မျိုးပါ။ ရာသီမရွေး ဈေးထဲမှာ အလွယ်တကူ ဝယ်လို့ရပြီး ဈေးနှုန်းကလည်းမများပါ။ ဟင်းနုနွယ်ရဲ့အရသာဟာ ချိုတယ်၊ စိမ့်တယ်။

ဟင်းနုနွယ်တွင် ပရိုတင်း ခေါ် အသားဓာတ် ၁၁ ရာခိုင်နှုန်း၊ သံဓာတ်၊ ထုံးဓာတ်၊ အမျှင်ဓာတ်၊ ကယ်ရိုးတင်းဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ အောက်ဇားလစ်အက်စစ်ဓါတ် (Oxalic acid)၊ ဖော့စဖောရပ်ခေါ်မီးစုန်းဓါတ်၊ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး၊ ကေဓါတ်များနှင့် အင်ဇိုင်းများကြွယ်ဝစွာပါဝင်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာတော့ ဟင်းနုနွယ်ကို ကြက်သွန်ဖြူတို့ ဂျင်းတို့နဲ့ ကြော်စားသလို ကြက်ဥနဲ့လည်း ကြော်စားကြသည်။ ဟင်းနုနွယ်ကို ဟင်းချိုချက်စားရုံမက ပုစွန်ခြောက်နဲ့လည်း သုပ်စားတတ်ကြပါတယ်။ ဟင်းနုနွယ်ရဲ့ ကောင်းကျိုးတွေကတော့ သူ့ထဲမှာပါဝင်တဲ့ သံဓာတ်ဟာ ဂျုံထဲမှာပါဝင်တဲ့ သံဓာတ် ထက် ၅ ဆ ပါဝင်တဲ့အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ နောက် ထိုသံဓာတ်ရဲ့ လုပ်ဆောင်ချက်ကြောင့် မှတ်ဉာဏ်အားကို မြင့်မားစေပါတယ်။

အနောက်တိုင်း ဆေးပညာရှင်များရဲ့ အဆိုအရ ဟင်းနုနွယ်မှာ ကယ်ရိုးတင်းဓာတ် ပါဝင်တဲ့အတွက် နေရောင်စူးစူးကြောင့်ဖြစ်သော မျက်စိအမြင်အာရုံလွှာ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကယ်လ်ဆီယမ်ဓါတ်လည်း ကြွယ်ဝသောကြောင့် နွားနို့မသောက်ဘဲ ထုံးဓာတ်ရကာ အရိုးအဆစ်တွေကိုလည်း သန်မာကြံခိုင်စေပါတယ်။ ဗီတာမင်အီးနဲ့ စီတို့လည်း ပါဝင်တာကြောင့် အရွယ်တင်နုပျိုစေပါတယ်။ နောက်အမျှင်ဓါတ်လည်း ပါဝင်သောကြောင့် ဝမ်းချူပ်ခြင်းကို ကင်းဝေးစေပြီး ဝမ်းမှန်စေပါတယ်။ သွေးတွင်းမကောင်းတဲ့ အဆီဓာတ် (ကိုလက်စထရော) ကိုလည်း ကျစေပါတယ်။

နောက်ပြီး ဟင်းနုနွယ်ဟာ သွေးတွင်းသကြားဓါတ်ကိုလည်း တည်ငြိမ်စေတဲ့အတွက် ဆီးချိုသမားများအတွက် အထူးသင့်တော်ပါတယ်။ နောက်ဟင်းနုနွယ်ရွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်းဓာတ်လည်း အတိုင်းအတာ တစ်ခုထိပါဝင်တာကြောင့် သတ်သတ်လွတ်စားတဲ့သူတွေဆို မဖြစ်မနေစားသင့်ပါတယ်။ ဟင်းနုနွယ်မှာပါဝင်တဲ့ အင်ဇိုင်းတစ်မျိူးကလည်း အစာကောင်းကောင်း ကြေဖို့အတွက် ကူညီပေးပါတယ်။ ဟင်းနုနွယ်အမြဲစားပေးပါက သံဓာတ်အားကောင်းကာ မျက်နှာအရောင်အသွေး တောက်ပစေပါတယ်။

ဟင်းနုနွယ်ကိုစားသုံးမည်ဆိုပါက ချက်စားစား သုပ်စားစား ကြော်စားစား အရင်ဆုံး ရေနွေးဖျောပါ။ သို့သော် ရေနွေးအကြာကြီး ရေနွေး ဖျောခြင်းကိုတော့ မလုပ်ပါနဲ့။ ရေနွေးဖျောခြင်းဟာ ဟင်းနုနွယ်ထဲမှာပါတဲ့ အောက်ဇားလစ်အက်စစ်ဓါတ်များကို ဖယ်ရှားခြင်းဖြစ်ပါတယ်။ အောက်ဇားလစ်အက်စစ်ဓါတ်ကို မဖယ်ဘဲစားပါက ကြာလာလျှင် ခန္ဓာကိုယ်ထဲတွင် အနည်ကျပြီး ကျောက်တည်တတ်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ဟင်းနုနွယ်နဲ့ သစ်ကြားသီး နှစ်မျိူးရောမစားဖို့ပါပဲ။ မတည့်လို့တော့ မဟုတ်ပါ။ သစ်ကြားသီးရော ဟင်းနုနွယ်ရော ၂ မျိူးစလုံးက အောက်ဇားလစ် အက်စစ်ဓာတ် ပါဝင်မှုများလို့ပါ။ ထို့ကြောင့် သစ်ကြားသီးနဲ့ ဟင်းနုနွယ်ကို တစ်ချိန်တည်းပမာဏများစွာ တွဲစားမိပါက အချိန်တိုအတွင်းမှာ ကျောက်တည်တာကို ဖြစ်စေနိုင်ပါတယ်။

Author: Dr. 528

Previous Post

ညဖက်တွေမှာ အိပ်ယာဝင်နောက်ကျပြီး အိပ်ရေးပျက်တဲ့ရက်တွေ များနေပြီလား?

Next Post

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပြီးရင် လုပ်သင့်တဲ့ အရာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Things you should do after physical exercise

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပြီးရင် လုပ်သင့်တဲ့ အရာများ

What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.