fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

What vitamins do you need for muscle health?
385
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/11/2022
in ကျန်းမာစေသော အစားအစာ
4 min read
A A

ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိပိုင်ဆိုင်နိုင်ဖို့ အဓိကအချက်ကတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းဘဲ ဖြစ်ပါတယ်။ ကြွက်သားတွေသန်မာကြံ့ခိုင်လာဖို့ အာဟာရပြည့်ဝအောင်မစားသုံးဘဲ နေ့စဥ် Gym သွားပြီး လေ့ကျင့်ခန်းတွေလုပ်နေရုံနဲ့ မလုံလောက်နိုင်ပါဘူး။ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဥ်တွေ ပုံမှန်လည်ပတ်နိုင်အောင်အထောက်အကူပြုပေးတဲ့ ဗီတာမင်တွေလုံလုံလောက်လောက်စားသုံးပေးဖို့လည်း အရေးကြီးပါတယ်။

ဗီတာမင်အမျိုးမျိုးက ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေရရှိလဲဆိုတာ အများစုကသိပြီးကြမှာပါ။ ဥပမာအားဖြင့် ဗီတာမင်အေဆိုရင် အမြင်အာရုံကောင်းစေမယ်၊ ဗီတာမင်စီ နဲ့ဒီ ဆိုရင် ကိုယ်ခံအားကောင်းမွန်စေမယ် စတာတွေ ကြားဖူးပြီးကြမှာပါ။ ထို့အတူ ကြွက်သားတွေကောင်းမွန်စွာကြီးထွားနိုင်ဖို့ ပရိုတင်းခေါ်အသားဓာတ်၊ အဆီဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိတ်တို့အပြင် ဗီတာမင်နဲ့သတ္တုဓာတ်တွေလဲ စုံလင်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်တွေက ကြွက်သားအရွယ်အစားကြီးထွားမှုကိုအားပေးပြီး ကြွက်သားတွေကိုကျန်းမာသန်စွမ်းကြံ့ခိုင်စေပါတယ်။

ဘယ်ဗီတာမင်တွေက ကြွက်သားကျန်းမာရေးအတွက်လိုအပ်တာလဲ။

  • ဗီတာမင် D

ဗီတာမင်D က အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက ကြွက်သားပရိုတင်းတွေထုတ်လုပ်ဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်D တွေချက်လုပ်ပါတယ်။ ဒါကြောင့် နေရောင်နဲ့မထိတွေ့ဖြစ်တဲ့သူတွေဟာ ဗီတာမင်D ကို ပိုမိုလိုအပ်လို့ များများစားသုံးပေးရပါမယ်။ ဗီတာမင်D ပါဝင်တဲ့အစားအစာတွေကတော့ ဆယ်လမွန်ငါး၊ တူနာငါး၊ ကြက်ဥအနှစ်နဲ့ ပဲနို့တို့ဖြစ်ပါတယ်။ ဗီတာမင်D ဆေးလုံးလေးတွေ သောက်သုံးမယ်ဆိုရင်တော့ တန်ဆေးလွန်ဘေးမဖြစ်အောင် ဆရာဝန်ညွှန်ကြားတဲ့ပမာဏအတိုင်းသာသောက်သုံးသင့်ပါတယ်။

 

  • ဗီတာမင် B12 နဲ့ B6

ဗီတာမင် B12နဲ့ B6က သွေးနီဥတွေပွားစေခြင်းဖြင့် ကြွက်သားတွေဆီ အောက်စီဂျင်ရရှိမှု လုံလောက်အောင်ပံ့ပိုးပေးပါတယ်။ ကြွက်သားတွေကြီးမားကြံ့ခိုင်လာဖို့ အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ အသား၊ငါးနဲ့နို့ထွက်ပစ္စည်းတွေကနေ ဗီတာမင် B12နဲ့ B6 ကိုရရှိပါတယ်။ သတိပြုစရာကတော့ သတ်သတ်လွတ်စားသုံးသူတွေမှာ ဗီတာမင် B12ချို့တဲ့မှု အတွေ့များရတတ်ပါတယ်။

  • ဗီတာမင် B3

ဗီတာမင် B3 ကတော့ကြွက်သားကြီးထွားစေရုံသာမက ခန္ဓာကိုယ်တွင်း သွေးတွင်းသကြားဓာတ်ထိန်းညှိပေးခြင်း၊ ကောင်းသောအဆီဓာတ်ကိုမြင့်မားစေပြီး မကောင်းသောအဆီတွေကိုလျော့ကျစေခြင်း၊ ကျန်းမာစေသောဟော်မုန်းထုတ်လုပ်မှုကို အားပေးခြင်းစတဲ့ကောင်းကျိုးများစွာ လုပ်ဆောင်ပေးပါတယ်။ ငှက်ပျောသီး၊ ကြက်ဥ၊ အသားငါးတို့မှရရှိနိုင်ပါတယ်။

  • ဗီတာမင် E

ဗီတာမင် E ကအရေပြားကျန်းမာရေးအတွက်သာမက ကြွက်သားကျန်းမာဖို့အတွက်လည်းအရေးပါပါတယ်။ ဗီတာမင် Eဟာ ခန္ဓာကိုယ်တွင်းအသုံးမလိုတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အခွံမာသီးတွေမှာ ပါလေ့ရှိပါတယ်။

  • ဗီတာမင် A

ဗီတာမင် A ကမျက်လုံးကျန်းမာရေးအတွက်သာမက အရိုးများသန်မာစေခြင်း၊ ကြွက်သားပရိုတင်း တည်ဆောက်ရာတွင် အထောက်အကူပြုခြင်းစတဲ့ ကောင်းကျိုးတွေပါ ရရှိစေပါတယ်။ မုန်လာဥနီ၊ ကြက်ဥ၊ ငါး စတာတွေကနေ ရနိုင်ပါတယ်။

 

  • ဗီတာမင် C

ဗီတာမင် C သည် ကိုဗစ်ကာလတစ်လျှောက် ကိုယ်ခံအားကောင်းမွန်ဖို့ အားအထားခဲ့ကြဆုံး ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ဗီတာမင် C ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဗီတာမင် C လျော့နည်းရင် ကော်လဂျင်( collagen ) ထုတ်လုပ်မှုပါလျော့နည်းစေနိုင်ပါတယ်။ Collagen လျော့နည်းတဲ့ ကြွက်သားတွေဟာ သန်မာကြံ့ခိုင်မှုမရှိတဲ့အတွက် ဗီတာမင် C လုံလောက်စွာရရှိဖို့အရေးကြီးပါတယ်။ အချဥ်ဓာတ်ပါဝင်တဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ခရမ်းချဥ်သီး တို့ကနေ ရရှိနိုင်ပါတယ်။

  • ဗီတာမင် B9 or ဖောလစ်အက်စစ်

လူအများသိကြတဲ့ ဖောလစ်အက်စစ်ကလည်း ကြွက်သားကြီးထွားကျန်းမာရေးအတွက် အသုံးဝင်နေပြန်ပါတယ်။ အစားအသောက်ကနေ မရနိုင်တဲ့အတွက် ပြင်ပမှအားဖြည့်စာ၊ ဆေးလုံးတွေသောက်သုံးနိုင်ပါတယ်။

အချုပ်အားဖြင့် ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေစားသုံးမယ်၊ သင့်တော်တဲ့ ပမာဏပါဝင်တဲ့ ဗီတာမင်ဆေးလုံးတွေ၊အားဖြည့်စာတွေသောက်သုံးမယ်၊ ရေများများသောက်မယ်၊ နေ့စဥ်ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်မယ်ဆိုရင် ကျန်းမာကြံ့ခိုင်တဲ့ကြွက်သားတွေကို ပိုင်ဆိုင်ရရှိလာမှာပဲဖြစ်ပါတယ်။



Previous Post

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပြီးရင် လုပ်သင့်တဲ့ အရာများ

Next Post

လမစေ့ဘဲကလေးမွေးတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
464
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
210
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
393
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
450
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
328
The secret of pumpkin to lose weight

ဝိတ်ကျစေမယ့် ရွှေဖရုံသီးရဲ့ လျှို့ဝှက်ချက်

3 years ago
189

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

အိပ်နေတုန်း သွားကြိတ်တတ်သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.