fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လည်ပင်းကျီးပေါင်းတက်တဲ့အခါ ဦးခေါင်းကိုမော့ရင်၊ ဘေးဖက်ကိုလှည့်ရင် နာနေတာ၊ ခေါင်းကိုက်တာ၊ တရိပ်ရိပ်မူးနေတာမျိုး ခံစားရပါလိမ့်မယ်။ ကျီးပေါင်းတက်တယ်ဆိုတာ တကယ်တော့ အရိုးအဆစ်ရောင်ရမ်းနာတစ်မျိုး ဖြစ်ပြီး အရိုး၊ အဆစ်နဲ့ အရိုးတွေကြားထဲက အရိုးနုလွှာလေးတွေ ပျက်စီးလာလို့ ဖြစ်ရတာပါ။
ပုံမှန်အားဖြင့် လည်ပင်ရိုးအဆစ် တစ်ခုနဲ့တစ်ခုကြားမှာ အရိုးနုအလွှာရှိပြီး လှုပ်ရှားမှုကောင်းအောင် ကူရှင်သဘောမျိုး ဆောင်ရွက်ပေးပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ထိုအရိုးနုအလွှာက ပွတ်တိုက်မိပါများလို့ ပျက်စီးလာသလို အဆစ်တွေ လှုပ်ရှားရချောမွေ့အောင် လုပ်ပေးတဲ့ သဘာဝချောဆီအရည်ကလည်း နည်းလာတဲ့အတွက် အဆစ်တွေက ပိုမိုတောင့်တင်းလာပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ?

-သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အရွယ်တွေ
-လည်ပင်းထိခိုက်ဒဏ်ရာ ရဖူးသူတွေ
-လည်ပင်းကို ဒဏ်ဖြစ်စေတဲ့ အလုပ်လုပ်သူတွေ (ဥပမာ… အားကစားသမား၊ ကျွမ်းဘားသမား) မှာ ပို အဖြစ်များပါတယ်။

လည်ပင်းကျီးပေါင်း တက်တဲ့အခါ…

-လည်ပင်းက တောင့်တင်းပြီး နာနေတာ
-ဇက်ကြောတက် ခေါင်းကိုက်တာ
-ပခုံးနဲ့ လက်မောင်းတွေ နာတာ
-ခေါင်းက ဘေးဘက်ကို လှည့်မရ၊ ငုံ့မရ မော့မရ ဖြစ်နေတာ
-လှုပ်ရှားလိုက်တိုင်း လည်ပင်းထဲက အသံမြည်နေတာနဲ့
-အဖြစ်နည်းတဲ့ လက္ခဏာတွေထဲမှာ နားအူတာ၊ ပျို့အန်တာ၊ အမြင်ဝါးတာ၊ ရင်တုန်တာတွေ ဖြစ်နိုင်ပါတယ်။
လည်ပင်းအရိုးအဆစ်တွေကြားမှာ ကျောရိုးအာရုံကြောမကြီး ရှိပါတယ်။

ကျောရိုးအာရုံကြောမကြီးကိုပါ ထိခိုက်တဲ့အခါ…

-ခြေလက် ထုံကျဉ်တာ
-လမ်းကောင်းကောင်း မလျှောက်နိုင်တော့တာ
-လက်မမြှောက်နိုင်တာ
-ဆီးဝမ်းမထိန်းနိုင်တာ
-အကြောဆွဲတာတွေထိ ဖြစ်နိုင်ပါတယ်။

ကျောရိုးဓာတ်မှန်၊ CT ကွန်ပြူတာဓာတ်မှန်နဲ့ MRI ရိုက်ကြည့်ရင် အရိုးကျီးပေါင်းတက်တဲ့ အခြေအနေကို သေချာစွာ သိနိုင်ပါတယ်။

ဘယ်လို ကုသမလဲ?

-အရေးအကြီးဆုံးကတော့ လည်ပင်းကို အနားပေးတာပါ။
-နာကျင်တာတွေ သက်သာဖို့ Ibuprofen လို အကိုက်အခဲပျောက်ဆေးတွေ သောက်တာ
-လည်ပင်းကို မလှုပ်ရှားဘဲ အနားပေးဖို့ ကော်လာတပ်တာ
-ခဲဆွဲတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ heat and cold therapy လို့ခေါ်တဲ့ အပူအအေး ကုသမှုလုပ်တာ
-epidural steroid injection သို့မဟုတ် cervical facet joint injection လို့ခေါ်တဲ့ လည်ပင်းရိုးထဲကို စတီးရွိက် corticosteroids ၊ ထုံဆေးတွေ ထိုးထည့်ပေးတာတွေ လုပ်လို့ရပါတယ်။
-ဘယ်လိုမှ မသက်သာဘဲ ပိုဆိုးလာရင် (အာရုံကြောကို ထိခိုက်လာရင်) ခွဲစိတ်ကုသဖို့ လိုအပ်ပါလိမ့်မယ်။

ဒီလို လည်ပင်းအရိုးကျီးပေါင်းရောဂါနဲ့တကွ တခြားအရိုးရောဂါတွေကို ကာကွယ်ဖို့အတွက်ဆိုရင် မိမိရဲ့ လည်ပင်းအနေအထား ပုံမှန်အောင် ဂရုတစိုက် ထားရှိခြင်း posture management ၊ လည်ပင်းလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ အရိုးနုတွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်တဲ့ Glucosamine၊ က်စီးသွား တဲ့ အရိုးနုတွေ ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကူညီပေး Chondroitin sulfate၊ အရိုးအဆစ်များရောင်ရမ်းနာကျင်မှု တွေကို သဘာဝအတိုင်း သက်သာစေသလို အရိုးအဆစ်တွေ၊ တွယ်ဆက် တစ်သျှူးတွေ ကြံ့ခိုင်ရေးအတွက် ကောင်းစေတဲ့
Methyl Sulfonyl Methane၊ ရိုးတွင်းခြင်ဆီကို ပြန်လည်ဖြည့်ဆည်းပေးပြီး အရိုးအဆစ်တွေ ကောင်းမွန်စွာ ကွေးဆန့်ဖို့ အရေးပါတဲ့ Hyaluronic Acid စတာတွေပါဝင်တဲ့ အစားအစာ၊ ဖြည့်စွက်အားဆေးတွေ မှီဝဲနိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

Next Post

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

ဇင့်အာဟာရချို့တဲ့လျှင်ဖြစ်တတ်တဲ့ရောဂါများအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.