fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

230
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/02/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ခန္ဓာကိုယ်ရှိ အရိုးများ ကျန်းမာကြံ့ခိုင်ရေးဟုဆိုလျှင် မေ့မထားရမယ့် အစိတ်အပိုင်းထဲမှာ သွားကျန်းမာရေးလည်း အပါအဝင်ဖြစ်ပါတယ်။ သွားနဲ့အရိုးဟာ အတူတူပဲလား၊ သွားဟာ အရိုးပဲလားဆိုတာကို လူအများစုဟာ ဒွိဟဖြစ်နေတတ်ကြပါတယ်။ သွားမှာ အရိုးလိုပဲ calcium၊ vitamin D၊ phosphorus နဲ့ magnesium တွေ ပါဝင်ပါတယ်။ ဒါဆို ဘာကြောင့် သွားက အရိုးနဲ့မတူဘူးလဲဆိုရင် အရိုးမှာက collagen ပါဝင်ပြီး သွားမှာ collagen မပါဝင်ပါဘူး။
ဒါပေမယ့် အထက်မှာပြောခဲ့သလို calcium, vitamin D, phosphorus နဲ့ magnesium တွေ ပါဝင်တာ အခြေခံအားဖြင့် တူညီတဲ့အတွက် အရိုးနဲ့ သွားကျန်းမာရေးဟာ တွဲလျက် အရေးကြီးတာပါ။ အရိုးနဲ့သွားတွေ ကျန်းမာကြံခိုင်စေဖို့ calcium, vitamin D, phosphrous နဲ့ magnesium ကို မရှိမဖြစ် လိုအပ်ပါတယ်။

Calcium ကို ဘာကြောင့် လိုအပ်တာလဲ?
အရိုးနဲ့သွားတွေအတွက် အရေးအပါဆုံးက calcium ပါပဲ။ Calcium က အရိုးနဲ့သွားတွေ တည်ဆောက်ဖို့အပြင် နှလုံးခုန်နှုန်းမှန်စေဖို့၊ သွေးခဲဖြစ်စဉ်မှာ ပါဝင်ဖို့နဲ့ ကြွက်သားတွေ ကောင်းစွာကျုံ့နိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ ဘယ်အသက်အရွယ်မှာမဆို စားတဲ့အစားအစာတွေထဲမှာ calcium လုံလောက်စွာ ပါဝင်ဖို့ အရေးကြီးပါတယ်။

ခန္ဓာကိုယ်မှာ calcium မလုံလောက်ရင် အရိုးထဲက calcium တွေကို ထုတ်ယူသုံးစွဲလိုက်တဲ့အတွက် အရိုးပါး၊ အရိုးပွတာ၊ အရိုးကျိုးလွယ်တာ၊ သွားတွေ ကျိုးပဲ့လွယ်တာတွေ ဖြစ်လာပါလိမ့်မယ်။
Calcium ကြွယ်ဝတဲ့ အစားအစာတွေက နွားနို့၊ ဒိန်ချဉ်၊ ချိစ်တို့လို နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဟင်းနုနွယ်ရွက်၊ ဘရိုကိုလီ၊ ဆလတ်ရွက်တို့လို အစိမ်းရင့်ရောင်အရွက်တွေ၊ ဗာဒံစေ့ နဲ့ chia seeds လို အစေ့အဆံတွေ၊ တို့ဖူး၊ ပဲနို့၊ လိမ္မော်သီး စတာတွေ ဖြစ်ပါတယ်။

Vitamin D ကရော အရိုးနဲ့သွားအတွက် အရေးကြီးလား?
Vitamin D ဟာ ခန္ဓာကိုယ်ကနေ calcium တွေကို စုပ်ယူဖို့ ကူညီပေးသလို သွေးထဲမှာ calcium ပမာဏ ညီမျှစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ vitamin D ကို ခန္ဓာကိုယ်ထဲကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရိုးပျော့ရောဂါ၊ အရိုးပါးအရိုးပွရောဂါ မဖြစ်ဖို့နဲ့ သွားနဲ့အရိုးတွေ ခိုင်မာစေဖို့ မနက်ခင်းနေရောင်ခြည်ကို နေ့စဉ် ၁၅ မိနစ်ခန့် ခံယူသင့်ပါတယ် (နေ့ခင်းနေရောင်ခြည်တွေထဲမှာ အရေပြားကင်ဆာဖြစ်စေတဲ့ UV rays တွေ ပိုမိုပါဝင်ပါတယ်)။Vitamin D ကြွယ်ဝအောင် နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ထောပတ်၊ ခရင်မ်၊ ဥအမျိုးမျိုး၊ အစေ့အဆံတွေ၊ ပုစွန်၊ ခရုကမာနဲ့ ငါးတွေလို ပင်လယ်စာတွေ များများစားရပါမယ်။

Phosphorus ကရော အရေးပါလား?

Phosphorus ဟာ calcium ကို သွားရောက်တွယ်ကပ်ပြီး အရိုးနဲ့သွား တည်ဆောက်ရေးမှာ ကူညီပေးပါတယ်။ Phosphorus ချို့တဲ့ရင် သွားနဲ့သွားဖုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ စုစုပေါင်း calcium ရဲ့ ၉၉ % နဲ့ phosphorus ရဲ့ ၈၀ % ဟာ အရိုးမှာ ရှိပါတယ်။ Phosphorus တွေက calcium ထက် ပိုများနေတဲ့အခါ phosphorus နဲ့ပေါင်းမထားတဲ့ လွတ်လပ်တဲ့ calcium (free calcium) ပမာဏ နည်းသွားပြီး အရိုးပွရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် phosphorus ချို့တဲ့တာ မဖြစ်ဖို့လိုသလို calcium နဲ့ phosphorus အချိုးအစား မညီမမျှ မဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်ရင်ပုံသား၊ တူနာငါး၊ တို့ဖူး၊ အဆီထုတ်ထားတဲ့နို့၊ ပဲနီလေး၊ ဖရုံစေ့ စတာတွေမှာ phosphorus ကြွယ်ဝပါတယ်။

Magnesium က အရိုးနဲ့သွားအတွက် ဘာလုပ်ပေးလဲ?

သွားရဲ့ ကြွေလွှာမှာ magnesium ပါဝင်ပါတယ်။ Magnesium ဟာ ခန္ဓာကိုယ်ကနေ calcium တွေကို စုပ်ယူမှု အားကောင်းအောင် ပြုလုပ်ပေးပြီး အရိုးနဲ့သွားတွေကို ခိုင်မာစေပါတယ်။ Magnesium ချို့တဲ့ရင် သွားနဲ့ အရိုးတွေ ကျိုးပဲ့လွယ်တဲ့အတွက် မချို့တဲ့အောင် ဆန်လုံးညို၊ ချောကလက်၊ အဆီထုတ်ဒိန်ချဥ်၊ တူနာငါး၊ ဖရုံစေ့၊ ဗာဒံစေ့၊ ဟင်းနုနွယ်၊ ထောပတ်သီး၊ ငှက်ပျောသီး စတာတွေ စားပါ။

အစားအစာတွေမှာ အာဟာရပြည့်ဝအောင် စားတာက အကောင်းဆုံးဆိုပေမယ့် အချိန်မပေးနိုင်လို့ အဆင်မပြေရင် သောက်လို့ရမယ့် ဖြည့်စွက်စာတွေလည်း ရှိနေပါပြီ။ Calcium,vitamin D, phosphorus နဲ့ magnesium လုံလောက်မှသာ အရိုးနဲ့သွားတွေ ကျန်းမာကြံ့ခိုင်မှာမို့ ဒီနေ့ကစပြီး ဂရုစိုက်ကြပါစို့နော်။

Author: Dr.Yee Mon

Previous Post

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

Next Post

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

3 days ago
65

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

1 week ago
330

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

2 weeks ago
642

ဇင့်အာဟာရချို့တဲ့လျှင်ဖြစ်တတ်တဲ့ရောဂါများအကြောင်း

1 month ago
716

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

1 month ago
727

အနာကျက်မြန်စေမယ့် ဗီတာမင် C အကြောင်း

2 months ago
279

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

ဇင့်အာဟာရချို့တဲ့လျှင်ဖြစ်တတ်တဲ့ရောဂါများအကြောင်း

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.