fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

406
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/03/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

တစ်နေ့မှာ ၂၄ နာရီရှိရာမှာ လူတစ်ယောက်ဟာ တစ်ညကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်သင့်ပါတယ်။ ကောင်းစွာအိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို အနားရစေပြီး နိုးထလာတဲ့အခါမှာ စွမ်းအင်ပြည့်နေစေပါတယ်။ အိပ်ရေးမဝတဲ့အခါ မူးနောက်နေတာ၊ ခေါင်းကိုက်တာ၊ စိတ်မကြည်တာ၊ မလန်းဆန်းတာမျိုး လူတိုင်းခံစားဖူးကြမှာပါ။
မကြာခဏ သို့မဟုတ် ကာလကြာရှည် အိပ်ရေးမဝတဲ့အခါ အဝလွန်တာ၊ နှလုံး၊ ဦးနှောက်နဲ့ အသည်းကျန်းမာရေးကို ထိခိုက်တာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ အိပ်စက်ချိန် မပြည့်ဝတဲ့အခါ အသည်းကျန်းမာရေးကို ဘယ်လို ထိခိုက်သလဲဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ကျန်းမာစေရန် အချိန်မှန်အိပ်၊ အချိန်မှန်စားဖို့ အရေးကြီးပါတယ်။ အသည်းရဲ့ အဓိကလုပ်ငန်းတွေ ဖြစ်တဲ့
*ဟော်မုန်းတွေ ထိန်းညှိပေးတာ
*ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူတာ
*အဆိပ်အတောက်တွေ ဖယ်ရှားပေးတာ
*မုန့်ချိုအိတ်ကနေ အသည်းထဲကို ထုတ်လွှတ်လိုက်တဲ့ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ စတဲ့ လုပ်ငန်းတွေကို သူ့အချိန်နဲ့သူ ပုံမှန်လုပ်ဆောင်ပါတယ်။

အသည်းရဲ့လုပ်ငန်းတွေထဲမှာ အဆီတွေကို ချေဖျက်တာလည်း ပါပါတယ်။ အဆီတွေကို ခြေဖျက်ကာ စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီး အနည်းငယ်သော အဆီပမာဏကိုသာ အသည်းထဲမှာ သိုလှောင်ထားတတ်ပါတယ်။ အိပ်ချိန်မလုံလောက်တဲ့အခါ အဆီကို ခြေဖျက်နိုင်ခြင်း မရှိတော့ဘဲ အသည်းမှာ အဆီတွေစုပုံလာပြီး အသည်းအဆီဖုံးရောဂါ ဖြစ်လာနိုင်ပါတယ်။

အဆိပ်အတောက်တွေကိုလည်း လုံလောက်စွာ ဖယ်ရှားပေးနိုင်ခြင်း မရှိတော့လို့ သောက်သုံးလိုက်တဲ့ အရက်နဲ့ ဆေးဝါးလို အဆိပ်အတောက်တွေကြောင့် အသည်းရောင်တာ၊ အသည်းခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အင်ဆူလင်ခုခံမှု ဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို မထိန်းညှိနိုင်တော့ဘဲ ဆီးချိုရောဂါ ဖြစ်နိုင်ခြေလည်း များလာတတ်ပါတယ်။

ဘယ်လိုလူတွေ အဖြစ်များလဲ?

-ညဉ့်နက်ချိန်ထိ မအိပ်တဲ့သူတွေ
-နေ့ခင်းဘက် နာရီဝက်ထက်ကျော်အောင် တရေးတမော အိပ်တတ်သူတွေ
-ညအိပ်နေစဉ် ဟောက်တတ်သူတွေ
-အိပ်ချိန်ပုံမှန် မရှိသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

အဆီဖုံးနေတဲ့၊ ခြောက်နေတဲ့ အသည်းရဲ့တစ်ရှူးတွေဟာ ပုံမှန်ပြန်မဖြစ်နိုင်တော့ဘဲ နောက်ထပ်တစ်ရှူးတွေ မထိခိုက်အောင်သာ ကာကွယ်လို့ ရမှာပါ။ ဒါကြောင့် အိပ်စက်ချိန် မလုံလောက်ရင် ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို ရှာသင့်ပါတယ်။
-နေ့ခင်းဘက် အကြာကြီးမအိပ်တာ (နာရီဝက်ထက် ပိုမအိပ်ပါနဲ့)
-အဝလွန်လို့ ဟောက်တတ်တာဆိုရင် ဝိတ်ချတာ၊ ညအိပ်နေစဉ် ဟောက်တာကို တားဆီးပေးတဲ့ စက်တပ်ထားတာ
-ရောဂါတစ်ခုခုကြောင့် အိပ်မရတာဆိုရင် ရောဂါကို ကုသတာ (ဥပမာ…ဒူးနာခါးနာလို့ အိပ်မပျော်တာ၊ မောလို့၊ ရင်ကြပ်လို့ အိပ်မပျော်တာ)
-စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာဆို တရားထိုင်တာ၊ sleeping music လေးတွေ ဖွင့်ထားတာမျိုး လုပ်ကြည့်ပါ။

အကယ်၍ ဘယ်လိုမှ အိပ်မပျော်နိုင်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးအကူအညီ ယူသင့်ရင် ယူရပါမယ်။
တစ်နေ့တာမှာ အလုပ်လုပ်ချိန်နဲ့ အိပ်ချိန်ဟာ မျှမျှတတရှိဖို့ အရေးကြီးပါတယ်။ အိပ်ရေးဝအောင် မအိပ်မိလို့ ရောဂါတွေ ခံစားရမှာ တကယ်တော့ မတန်လှပါဘူး။ ဒါကြောင့် ခုချိန်ကစပြီး လုံလောက်စွာ အိပ်စက်ခြင်းဖြင့် အသည်းလေးတွေကို အားဖြည့်ပေးလိုက်ကြရအောင်ပါ။

Author: Dr.Yee Mon

Previous Post

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

Next Post

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

18 hours ago
27

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

1 week ago
164

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

2 weeks ago
91

ရာသီဥတုကြောင့် နှာစေး၊ ခေါင်းကိုက်ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေကိုသောက်မလဲ?

3 weeks ago
99

အိပ်ရေးပျက်တာများတဲ့အခါ

4 weeks ago
336

အရက်မသောက်ဘဲ အသည်းရောဂါဖြစ်နိုင်လား?

4 weeks ago
279

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.