fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အပူလျှပ်ခြင်း ဘာ​ကြောင့်ဖြစ်ရသလဲ?

314
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ယခုလိုပူပြင်းလွန်းတဲ့ရာသီဥတုမှာ အပူဒဏ်​ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ လှုပ်ရှားချင်စိတ်မရှိတာ၊ ​မောပန်းမူး​ဝေတာ​တွေကို လူတိုင်းလိုလို ခံစားကြရပါတယ်။ အပူဒဏ်​ကြောင့်ဖြစ်​​စေနိုင်တဲ့ အဆိုးရွားဆုံးပြဿနာက​တော့ အပူလျှပ်ခြင်းဘဲဖြစ်ပါတယ်။ အပူလျှပ်ခြင်း​ကြောင့် ဦး​နှောက်နဲ့အ​ခြားအ​ရေးကြီးအင်္ဂါအစိတ်အပိုင်း​တွေကိုပါ ထိခိုက်ပျက်စီး​စေနိုင်ပါတယ်။ ဒါ​ကြောင့် အပူလျှပ်ခြင်းဟာ အ​ရေး​ပေါ်အ​ခြေအ​နေဖြစ်ပြီး ကုသမှုချက်ချင်းခံယူဖို့လိုအပ်ပါတယ်။

အပူလျှပ်ခြင်းကို လူတိုင်းခံစားရနိုင်​ပေမယ့် အသက်ကြီးသူ​တွေဆိုရင်​တော့ ခံစားရနိုင်​ခြေပိုမိုများပြားပါတယ်။ တစ်ခါတစ်ရံအပူ​​ကြောင့်​မောပန်းနွမ်းနယ်ခြင်းအဆင့်မှ အပူလျှပ်ခြင်းအဆင့်သို့ ကူး​​ပြောင်းသွားနိုင်သလို ရုတ်တရက်အပူလျှပ်ခြင်းမျိုးလည်း ဖြစ်​ပေါ်နိုင်ပါတယ်။

အပူလျှပ်ခြင်း ဘာ​ကြောင့်ဖြစ်ရသလဲ?
​နေပူထဲမှာ အချိန်ကြာမြင့်စွာ​နေမိတာ သို့မဟုတ် ​နေပူပူမှာ ပြင်းထန်တဲ့အားကစား​တွေလုပ်မိတာ စတဲ့အချိန်​တွေမှာဆို ရုတ်တရတ်အပူလျှပ်ခြင်းကို ခံစားရနိုင်ပါတယ်။

အပူလျှပ်ပြီဆိုရင် ဘာလက္ခဏာ​​​တွေပြတတ်လဲ?
အပူလျှပ်ပြီဆိုရင် ကိုယ်အပူချိန် ၁၀၄’F ​ထိရှိ​နေတတ်ပါတယ်။ ဒါ့အပြင် သတိလစ်ခြင်း၊ ​ခေါင်းထိုးကိုက်ခြင်း၊ မူး​ဝေခြင်း၊ ​ချွေးလုံးဝမထွက်​တော့ခြင်း၊ အသားများနီရဲပူ​လောင်​ခြောက်​သွေ့ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ကြွက်တက်ခြင်း၊ ​အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ရှူနှုန်းမြန်လာခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ စိတ်ရှုပ်​ထွေးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း စတာ​တွေကို ခံစားရတတ်ပါတယ်။

အပူလျှပ်​ခြင်းခံစား​နေရသူကို ဘယ်လိုအ​ရေး​ပေါ်ကုသ​ပေးသင့်လဲ?
အပူလျှပ်ပြီဆိုရင် အ​ရေး​ပေါ်ကုသမှုခံယူဖို့လိုအပ်တာ​ကြောင့် ချက်ချင်း​ဆေးရုံပို့ဖို့လိုပါတယ်။ ​ဆေးရုံကားမလာခင်မှာ လူနာကို ​အေးနိုင်သမျှ​အေး​နေ​အောင်ထားရှိ​ပေးရပါမယ်။ လူနာကို ဖြစ်နိုင်ရင် အဲယာကွန်းအခန်းမှာထားပါ။ ယပ်​တောက်ခပ်​ပေးပါ။ ​ရေ​အေး​အေး​လေးနဲ့​လောင်း​ပေးပါ။ ချိုင်းကြား၊​ ​ပေါင်ခြံ၊ ​ကျော၊ လည်ပင်းစတဲ့​နေရာ​​တွေကို ​ရေခဲကပ်​ပေးပါ။ အသက်အရွယ်ကြီးမြင့်သူ​တွေ၊ ငယ်လွန်းတဲ့က​လေးငယ်​တွေ၊ နာတာရှည်​ရောဂါရှိသူ​တွေမှာဆိုရင် ​ရေခဲမသုံးမိ​စေဖို့ သတိပြုရပါမယ်။ သတိလစ်​နေတဲ့ လူနာ​တွေဆိုရင် အ​ရေး​ပေါ်အသက်ကယ်ခြင်း CPR ကို ဦးစွာပြုလုပ်​ပေးဖို့လိုပါတယ်။ သတိရှိတဲ့လူနာဆိုရင်​တော့ ဓါတ်ဆားတိုက်တာ၊ အ​အေးတိုက်တာစတာ​တွေကို ပြုလုပ်​ပေးရမှာဖြစ်ပါတယ်။

အပူလျှပ်ခြင်းကို ဘယ်သူ​တွေပိုခံစားရနိုင်လဲ?
အသက်၆၅နှစ်အထက်လူကြီး​တွေ၊ အသက်၄နှစ်​အောက်က​လေးငယ်​တွေ၊ နှလုံး၊ ဆီးချို၊ ​သွေးတိုးစတဲ့​ရောဂါအခံရှိသူ​တွေ၊ အသည်းအဆီဖုံး​​​ရောဂါရှိသူ​တွေ၊ အရက်အလွန်အကျွံ​သောက်သုံးသူ​တွေ၊ ​ရေလုံလုံ​လောက်​လောက်မ​သောက်တဲ့သူ​တွေမှာဆိုရင် အပူလျှပ်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။

အပူမလျှပ်​အောင် ဘယ်လိုကာကွယ်​နေထိုင်ရမလဲ?
ယခုလိုပူပြင်းလွန်းတဲ့ကာလမှာဆိုရင် အဲယားကွန်းခန်းထဲ​နေတာဟာအ​ကောင်းဆုံးဖြစ်ပါတယ်။ ရာသီဥတုဘယ်​လောက်ပူပူ အလုပ်လုပ်ဖို့ အပြင်ထွက်ရမယ်ဆိုရင်​တော့ အဝတ်အစားကိုပွပွ​ချောင်​ချောင်ဝတ်ပါ၊ ​နေကာမျက်မှန်တပ်ပါ၊ ထီး၊ ဦးထုပ်​ဆောင်းပါ၊ ​ရေများများ​သောက်ပါ၊ သစ်သီး​ဖျော်ရည်​သောက်ပါ။ မိမိရဲ့ဆီးအ​ရောင်ကိုလည်း အမြဲ​စောင့်ကြည့်​ပေးဖို့လိုပါတယ်။ ဆီးအ​ရောင်ရင့်တာဟာ ​ရေဓါတ်ခန်း​ခြောက်​နေ​ကြောင်း ​ဖော်ပြ​နေတာဖြစ်လို့ ​ရေများများ​သောက်​​ပေးဖို့လိုပါတယ်။ ​ကော်ဖီ၊ အရက်စတာ​တွေဟာ ​ရေဓါတ်ဆုံးရှုံးမှုကို ဖြစ်​စေနိုင်လို့ တတ်နိုင်သမျှ​ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

အပူလျှပ်ခြင်းခံစားရပြီး သက်သာသွားတဲ့အခါ ဘယ်လိုဆင်ခြင်​နေထိုင်သင့်လဲ?
အပူလျှပ်ခြင်းခံစားရပြီး​နောက်ပိုင်းမှာ အပူဒဏ်မခံနိုင်တာ​တွေပိုမိုခံစားလာရနိုင်ပါတယ်။ ဒါ​ကြောင့် ​နေပူထဲကြာကြာ​နေတာ၊ ​​နေပူထဲ​လေ့ကျင့်ခန်းလုပ်တာမျိုး​တွေကို ​ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါ​ကြောင့် ယခုလိုပူပြင်းလွန်းတဲ့​နွေကာလမှာ အသက်အန္တရာယ်ရှိ​စေနိုင်တဲ့ အပူလျှပ်ခြင်းဒဏ်ကို မခံစားရ​စေဖို့ ဉာဏ်နှင့်ယှဉ်ကာ သတိပြုကာကွယ်​နေထိုင်ကြရမှာဖြစ်ပါတယ်။

Dr. Yee Mon

Previous Post

စိတ်ဖိစီးမှုနှင့်အိပ်မပျော်ခြင်း

Next Post

အသည်းအင်ဇိုင်းတက်ခြင်းအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
886
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
852
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းအင်ဇိုင်းတက်ခြင်းအကြောင်း

အိပ်ရေးပျက်ခြင်းနှင့်ဝိတ်တက်ခြင်းအကြောင်း တစေ့တစောင်း

အသည်းအဆီဖုံးခြင်းဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.