fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းအင်ဇိုင်းတက်ခြင်းအကြောင်း

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/04/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းဟာ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းမှာ ရှိတဲ့ ဘောလုံးတစ်လုံးခန့် အရွယ်အစားရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပြီး ခန္ဓာကိုယ်အတွက် လုပ်ငန်းများစွာ လုပ်ဆောင်ပေးပါတယ်။ အသည်းကောင်းမကောင်း စစ်ဆေးဖို့ဆိုရင် သွေးဖောက်ပြီး liver functions test (LFT)လုပ်ရပါတယ်။ Liver functions test ဆိုတာ အသည်းအင်ဇိုင်းတွေကို စစ်ဆေးတာပါ။

အသည်းအင်ဇိုင်းတွေဟာ ပရိုတင်းတွေဖြစ်ပြီး အစာခြေရည်နဲ့ သွေးကျဲစေတဲ့ပစ္စည်း ထုတ်ပေးတဲ့လုပ်ငန်း၊ အစာနဲ့ အဆိပ်အတောက်တွေကို ခြေဖျက်တဲ့လုပ်ငန်းနဲ့ ရောဂါပိုးတွေကို တိုက်ထုတ်တဲ့လုပ်ငန်းတွေမှာ အဓိက ပါဝင်ပါတယ်။

LFT လုပ်တဲ့အခါ အဓိကစစ်ဆေးတဲ့ အင်ဇိုင်းတွေက

– Bilirubin
– Alkaline phosphatase (ALP).
– Alanine transaminase (ALT).
– Aspartate transaminase (AST).
– Gamma-glutamyl transferase (GGT) အင်ဇိုင်းတွေ ဖြစ်ပါတယ်။

Bilirubin ဟာ သွေးနီဥတွေ ပေါက်ကွဲရာမှ ဖြစ်လာပြီး အစာခြေရည် (biles) ရဲ့ ရောင်ခြယ်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပါတယ်။ Bilirubin တွေများလာတဲ့အခါ မျက်စိဝါတာ၊ အသားဝါတာတွေ ဖြစ်လာပါတယ်။ အသည်းရောင်တဲ့အခါ၊ အစာခြေရည်ကို သယ်ဆောင်တဲ့ပြွန်က ပိတ်နေတဲ့အခါ ဖြစ်နိုင်ပါတယ်။

Alkaline phosphatase (ALP)နဲ့ Gamma-glutamyl transferase (GGT) တွေက အသည်းကနေ သည်းခြေအိတ်ကို သွားတဲ့ သည်းခြေပြွန်ထဲမှာ တွေ့ရတတ်တဲ့ အင်ဇိုင်းတွေပါ။ အဲဒီသည်းခြေပြွန် ပိတ်နေတဲ့အခါ ALP နဲ့ GGT နှစ်မျိုးလုံး တက်နေနိုင်ပါတယ်။ ဒါ့အပြင် GGT ဟာ အရက်ဘယ်လောက်ထိ သောက်ထားသလဲဆိုတာကို ညွှန်ပြနိုင်တဲ့ အင်ဇိုင်းဖြစ်သလို အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း (NAFLD) ရောဂါမှာလည်း မြင့်တက်နေနိုင်တဲ့ အင်ဇိုင်းဖြစ်ပါတယ်။

Alanine transaminase (ALT)နဲ့ Aspartate transaminase (AST) ကတော့ hepatocytes လို့ခေါ်တဲ့ အသည်းရဲ့ဆဲလ်တွေထဲမှာ တွေ့ရတဲ့ အင်ဇိုင်းတွေဖြစ်ပြီး အသည်းဆဲလ်တွေ ပျက်စီးတဲ့အခါ သွေးထဲကို ရောက်လာတာပါ။ AST နဲ့ ALT အင်ဇိုင်းတွေ များနေပြီဆိုရင် အသည်းမှာ ရောင်ရမ်းမှု ရှိနေပြီဆိုတာကို ပြပါတယ်။ AST ဟာ ခန္ဓာကိုယ်ရဲ့ အသည်းမဟုတ်တဲ့ တခြားနေရာများဖြစ်တဲ့ ကြွက်သားတွေ ထိခိုက်ပျက်စီးရင်လည်း များနေနိုင်တဲ့အတွက် အသည်းနဲ့ ပတ်သတ်ရင် ALT ရဲ့ ပမာဏက ပိုပြီး အဓိက ကျပါတယ်။

ဘာကြောင့် အသည်းအင်ဇိုင်းတွေ တက်နေနိုင်သလဲ?

*တချို့သော ဆေးဝါးတွေ…သွေးထဲက အဆီကို ချရာမှာသုံးတဲ့ statin ဆေးတွေ၊ acetamenophan လို့ခေါ်တဲ့ (အရပ်အခေါ်) ပါရာစီတမောဆေးတွေ
*အသည်းအဆီဖုံးရောဂါ
*အသည်းရောင်အသားဝါ အေပိုး၊ ဘီပိုး၊ စီပိုး
*အရက်ကြောင့်ဖြစ်သော အသည်းရောင်ခြင်း
*ကိုယ်ခံအားစနစ်ကြောင့် ဖြစ်သော အသည်းရောင်ခြင်း
*အသည်းခြောက်ရောဂါ
*အသည်းကင်ဆာနဲ့ အသည်းအနီးတဝိုက် ကိုယ်တွင်းအင်္ဂါတွေမှာ ဖြစ်တဲ့ ကင်ဆာရောဂါများ
*သည်းခြေပြွန်ရောင်ပြီး ပိတ်တဲ့ရောဂါတွေမှာ အသည်းအင်ဇိုင်းတွေ တက်နေနိုင်ပါတယ်။

အသည်းအင်ဇိုင်းတွေ တက်တာက ဘာလက္ခဏာမှ မပြဘဲလည်း ဖြစ်နိုင်သလို အသားဝါမျက်စိဝါတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ မစားချင်မသောက်ချင် ဖြစ်ပြီး နုံးချိနေတာ၊ အသားယားတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာ စတဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။အသည်းအထူးကုဆရာဝန်နဲ့ ပြသပြီး ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေကာ ကုသဖို့ လိုအပ်ပါတယ်။

အသည်းအင်ဇိုင်းတွေ မတက်အောင် ကာကွယ်ဖို့အတွက်…

– အသည်းရောင်အသည်းဝါ အေပိုးနဲ့ ဘီပိုးကာကွယ်ဆေး ထိုးထားပါ။
– မလိုအပ်ဘဲ သွေးသွင်းခြင်း၊ ဆေးထိုးအပ်တွေ မျှဝေသုံးစွဲခြင်းမှ ရှောင်ပါ။
– ကိုယ်အလေးချိန်ထိန်းပါ။
– လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
– ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ပါ။ အသီးအရွက်တွေ များများစားပါ။ရေများများသောက်ပါ။
– အရက်လျှော့သောက်ပါ။
– ဆေးတွေ အလွယ်တကူသောက်ခြင်းမှ ရှောင်ကြည်ပါ။

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး ကိုယ်အင်္ဂါတွေထဲက တစ်ခုမို့ အသည်းကျန်းမာနေဖို့က တကယ့်ကို အရေးကြီးတဲ့ အရာပါ။ မိမိအသည်းကို ကောင်းစွာ စောင့်ရှောက်နိုင်ကြပါစေ။

Author: Dr.Yee Mon

Previous Post

အပူလျှပ်ခြင်း ဘာ​ကြောင့်ဖြစ်ရသလဲ?

Next Post

အိပ်ရေးပျက်ခြင်းနှင့်ဝိတ်တက်ခြင်းအကြောင်း တစေ့တစောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်ရေးပျက်ခြင်းနှင့်ဝိတ်တက်ခြင်းအကြောင်း တစေ့တစောင်း

အသည်းအဆီဖုံးခြင်းဆိုတာ

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.