fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါလက္ခဏာများ

308
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/06/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

မုတ်သုန်လေတွေနဲ့အတူ မိုးရာသီကို ရောက်ရှိလို့ လာပါပြီ။ မြန်မာနိုင်ငံရဲ့ မိုးရာသီကာလက ဇွန်လကနေ အောက်တိုဘာလအထိ ဖြစ်ပြီး စိုစွတ်တဲ့ မိုးရာသီဟာ ကျန်တဲ့ရာသီတွေထက် ရောဂါတွေ အဖြစ်များပါတယ်။ မိုးရာသီကို တုပ်ကွေးရာသီလို့ ဆိုကြပေမယ့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေဟာ တခြားရာသီတွေထက် မိုးရာသီမှာ ပိုပြီးတော့ ရှင်သန်နိုင်တာကြောင့် တုပ်ကွေးအပြင် တခြားသော အဖြစ်များတဲ့ ရောဂါတွေလည်း ရှိပါတယ်။

• ခြင်မှတဆင့် ကူးစက်နိုင်သော ရောဂါများ

မိုးရွာထားတဲ့ ရေတွေက မစီးဆင်းနိုင်ဘဲ ရေဝပ်နေတဲ့အခါ၊ မိုးရွာတာကြောင့် ခြုံနွယ်ပိတ်ပေါင်းတွေ ထူထပ်လာတဲ့အခါ ပိုးလောက်လန်းတွေ များလာပြီး ခြင်ပေါက်ဖွားနှုန်းလည်း များလာတဲ့အတွက် ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေဟာ မိုးရာသီမှာ ပိုအဖြစ်များတာပါ။

*သွေးလွန်တုပ်ကွေးရောဂါ

ရောဂါပိုးရှိသူကို ကိုက်ထားတဲ့ အေဒီးစ် ( Aedes aegypti) အမျိုးအစား ခြင်မတွေ ကိုက်ရာကတဆင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နိုင်ပါတယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်ပါတယ်။

အဖျားကြီးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အနီစက်တွေထွက်တာ၊ ပျို့အန်တာ စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပြီး ကော်ဖီရောင်အန်တာ၊ ဝမ်းအမည်းသွားတာ၊ အစာမစားပဲ မှိန်းနေတာမျိုးဆိုရင် သွေးလန့်တာ ဖြစ်နိုင်လို့ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံး ပြသင့်ပါတယ်။

*ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါဟာ ရာသီမရွေးဖြစ်နိုင်ပေမယ့် ခြင်ပေါက်ဖွားနှုန်းများတဲ့ မိုးရာသီမှာ ပိုအဖြစ်များပါတယ်။ Plasmodium ကပ်ပါးပိုးကို သယ်ဆောင်ထားတဲ့ အနောဖလိစ် ( Anopheles) အမျိုးအစား ခြင်မတွေ ကိုက်ရာကတဆင့် တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။ ခြင်ကိုက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်ခန့်မှာ ချမ်းတုန်ပြီးဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေကိုက်တာ၊ ပျို့အန်တာ၊ ဝမ်းသွားတာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ငှက်ဖျားပိုးဟာ ဦးနှောက်ထဲရောက်သွားရင် အသက်ဆုံးရှုံးနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

ခြင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ ကာကွယ်ဖို့ ခြင်ကိုက်မခံရဖို့ အရေးကြီးသလို ရေဝပ်တဲ့နေရာ မရှိအောင်လုပ်တာ၊ ခြုံနွယ်ပိတ်ပေါင်းတွေ ရှင်းတာ၊ ရေအိုးရေခွက်တွေ ဖုံးအုပ်ထားတာ၊ မလိုအပ်တဲ့ ရေတွေ သွန်ပစ်တာ၊ ဘုရားပန်းအိုးရေကို ပုံမှန်လဲပေးတာ၊ ပိုးလောက်လန်းမပါအောင် ရေကို စစ်ယူတာတွေ လုပ်သင့်ပါတယ်။

• ရေနဲ့ အစားအစာမှတဆင့် ကူးစက်နိုင်သော ရောဂါများ

မိုးရာသီရဲ့ ပြဿနာတွေထဲမှာ မသန့်ရှင်းတဲ့ ရေတွေ သောက်မိတာနဲ့ ယင်နားစာတွေ စားမိတာကြောင့် ဖြစ်တဲ့ ရောဂါတွေလည်း ပါပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာပေါ်က လူသန်း ၂၀၀၀ ခန့်ဟာ မသန့်ရှင်းတဲ့ရေတွေ သောက်သုံးနေရတယ်လို့ သိရပါတယ်။

*တိုက်ဖွိုက်ရောဂါ

အူရောင်ငန်းဖျားရောဂါလို့ လူသိများတဲ့ တိုက်ဖွိုက်ရောဂါဟာ Salmonella Typhi ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပြီး မသန့်ရှင်းတဲ့ ရေနဲ့အစားအစာတွေက တဆင့် ကူးစက်ပါတယ်။ ကြာရှည်ဖျားတာ၊ နုံးချိနေတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပြီး အချိန်မီ မကုသရင် သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

*ဝမ်းရောဂါ

ဝမ်းရောဂါကလည်း မသန့်ရှင်းတဲ့ ရေနဲ့အစားအစာတွေက တဆင့် ကူးစက်တာပါ။ Vibrio cholerae ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကာလဝမ်းရောဂါ ဖြစ်ရင်တော့ ရေဓာတ်ဆုံးရှုံးမှုများပြီး အချိန်မီ ပြန်မဖြည့်နိုင်ရင် နာရီပိုင်းအတွင်း အသက်အန္တရာယ် ရှိနိုင်ပါတယ်။

အစားအစာနဲ့ ရေကတဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ရေကို ကြိုချက်သောက်တာ၊ ယင်နားစာတွေ ရှောင်တာ၊ အစားအစာတွေကို ဖုံးအုပ်ထားတာ၊ အစားအစာကို မကိုင်တွယ်ခင်နဲ့ အိမ်သာက ထွက်တိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးတာတွေ လုပ်ရပါမယ်။

• လေမှတဆင့် ကူးစက်နိုင်သော ရောဂါများ

ဗိုင်းရပ်စ်တွေ မြူးကြွတဲ့ မိုးရာသီကာလနဲ့ အအေးမိ၊ တုပ်ကွေးကတော့ ဝမ်းဆက်လို့ ပြောရမလိုပါပဲ။ အအေးမိခြင်း (common cold) နဲ့ တုပ်ကွေးရောဂါ (influenza) က ရောဂါလက္ခဏာတွေ ဆင်တူပေမယ့် တုပ်ကွေးရောဂါက ပိုပြီး ပြင်းထန်ပါတယ်။

ဖျားတာ၊ ချောင်းဆိုးတာ၊ နှာရည်ယို နှာခေါင်းပိတ်တာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ နုံးချိနေတာ၊ ဝမ်းသွားတာတွေ ဖြစ်နိုင်ပြီး ကိုဗစ်နဲ့ H5N1 လို ဗိုင်းရပ်စ်တွေ ကူးစက်ခံရရင်တော့ နမိုးနီးယားအဆုတ်ရောင်တာ၊ နှလုံးနဲ့ တခြားကိုယ်တွင်း အင်္ဂါတွေ ထိခိုက်ပြီး အသက်ဆုံးရှုံးတာထိ ဖြစ်နိုင်ပါတယ်။
အအေးမိ၊ တုပ်ကွေးနဲ့ ကိုဗစ်ရောဂါတွေအတွက် ကာကွယ်ဆေးတွေ ရှိလို့ ထိုးထားသင့်သလို ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်တာ၊ ချောင်းဆိုးနှာစေးတဲ့အခါ လက် သို့မဟုတ် လက်ကိုင်ပဝါနဲ့ အုပ်ထားတာ၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးတာတွေက လေကြောင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးပါတယ်။

ရာသီတွေကတော့ အချိန်မှန် လည်ပတ်နေမှာပါပဲ။ မိုးရာသီရောက်လာတဲ့အခါ မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကို သတိထားပြီး ကာကွယ်နိုင်ရင် ရောဂါကင်းစင်စွာနဲ့ မိုးရာသီကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။

Author:Dr.Yee Mon

Previous Post

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

Next Post

မယ်လတိုနင်ဆိုတာ ဘာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
840
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မယ်လတိုနင်ဆိုတာ ဘာလဲ?

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.