fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မယ်လတိုနင်ဆိုတာ ဘာလဲ?

611
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/06/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

မယ်လတိုနင် (melatonin) ဆိုတာ အိပ်မပျော်နိုင်တဲ့ သူတွေကြားမှာ ခေတ်စားလာတဲ့ ဆေးတစ်မျိုးပါ။ မယ်လတိုနင်ဟာ ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပြီး ညဘက် အမှောင်ထုကြီးစိုးလာတဲ့အခါ မယ်လတိုနင်ကို ဦးနှောက်ရဲ့ pineal gland ကနေ ပိုမို ထုတ်လုပ်ပေးပြီး အိပ်ပျော်ဖို့ အားပေးတဲ့အတွက် မယ်လတိုနင်ကို hormone of darkness လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ညဘက် မီးဖွင့်ထားတဲ့အခါမျိုးမှာ အလင်းရောင်ကြောင့် မယ်လတိုနင် ထုတ်လုပ်မှု လျော့နည်းပြီး အိပ်မပျော်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ မယ်လတိုနင်ဟော်မုန်းထွက်ခြင်း ကြောင့် မနက်နှင့်ညဇီဝနာရီကိုမှန်ကန်နေ စေပြီး အိပ်စက်ချိန်ကို ပုံမှန်ဖြစ်စေနိုင်ပါတယ်။

မယ်လတိုနင်ကို ဆေးခဲ (tablet)၊ ဆေးတောင့် (capsule) နဲ့ ဆေးရည် (liquid) အနေနဲ့လည်း ထုတ်လုပ်ထားပြီး အများအားဖြင့် အသက် ၅၀ နဲ့အထက် အိပ်မပျော်တဲ့ လူကြီးတွေနဲ့ နာတာရှည် အိပ်မပျော်တဲ့ရောဂါ စွဲကပ်နေတဲ့ လူငယ်တွေကို ပေးလေ့ရှိပါတယ်။ ဖြည့်စွက်စာအဖြစ်ထုတ်လုပ်ထားသော ​​မယ်လတိုနင်တွေကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးတဲ့ ဖြည့်စွက်စာအိပ်ဆေးဖြစ်တာကြောင့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

မယ်လတိုနင် မသောက်သင့်တဲ့သူတွေ…

• မယ်လတိုနင်နဲ့ ဓာတ်မတည့်ဖူးသူတွေ
• အသည်းနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေ
• rheumatoid arthritis, multiple sclerosis နဲ့ SLE အရေပြားလေးဘက်နာတို့လို autoimmune diseases (ကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါအမျိုးအစားများ) ရှိသူတွေကတော့ မယ်လတိုနင်ကို မသောက်သင့်ပါဘူး။

ဘယ်လောက် သောက်ရမလဲ?

အိပ်မပျော်တဲ့ အခြေအနေ၊ ကာလ စသည်အပေါ်မူတည်ပြီး 2 mg ကနေ အများဆုံး 10 mg အထိသောက်သုံးနိုင်ပါတယ်။ မအိပ်ခင် နာရီဝက်-တစ်နာရီခန့် ကြိုသောက်ရန်လိုပြီး သောက်ပြီး တစ်နာရီကနေ နှစ်နာရီအတွင်း အာနိသင် စပြတတ်ပါတယ်။ မယ်လတိုနင်ကို အစာနဲ့ တွဲသောက်သင့်ပါတယ်။

မယ်လတိုနင်ကို ရံဖန်ရံခါအိပ်မပျော်တက်တဲ့လူတွေမှာ သဘာဝအိပ်ဆေးအဖြစ်သောက်သုံးနိုင်သလို ​ရေရှည်အိပ်မပျော်တက်သောလူနာများမှာတော့ လူနာအခြေအနေပေါ် မူတည်ပြီး ၅ ရက်ကနေ ၁၃ ပတ်အထိ ပေးလေ့ရှိပါတယ်။ နေ့စဉ်ရက်ဆက် ပေးတာရှိသလို တစ်ပတ်မှာ ၃ ရက်ခန့် ပေးတာမျိုးလည်း ရှိပါတယ်။ မယ်လတိုနင်ကို သောက်တဲ့အချိန်ဟာ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်းသာ ဖြစ်သင့်ပါတယ်။ ၈ နာရီ ရှေ့ပိုင်းနဲ့ မနက် ၄ နာရီနောက်ပိုင်းကို ဖြစ်နိုင်ရင် မသောက်သင့်ပါဘူး။

• အိပ်ပျော်စေတဲ့ တိုင်းရင်းဆေးတွေ၊ benzodiazepine အုပ်စုဝင်ဆေးတွေ (ဒိုင်ယာဇီပန်) သောက်နေတဲ့သူတွေက မယ်လတိုနင်သောက်ရင် တစ်နေ့လုံး လေးလံထိုင်းမှိုင်းပြီး အိပ်ချင်နေတာမျိုး ဖြစ်နိုင်လို့ အဆိုပါဆေးတွေ သောက်နေရင် မယ်လတိုနင် မသောက်သင့်ပါဘူး။

• မယ်လတိုနင် သောက်တဲ့အချိန်နဲ့ အနီးတဝိုက်မှာ အရက်၊ ဆေးလိပ်တွေ သောက်ထားရင် ဆေးအာနိသင် လျော့နည်းတာမျိုး ဖြစ်နိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ?

• မယ်လတိုနင်သောက်ပြီး နောက်နေ့မနက်မှာ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ စိတ်မကြည်တာ၊ ချာချာလည် မူးနေတာမျိုးရံဖန်ရံခါ ဖြစ်နိုင်ပါတယ်။အထူးသဖြင့်မယ်လတိုနင်​သောက်ထားပြီး အကြောင်းတစ်စုံတရာကြောင့်ကောင်းစွာမအိပ်ဖြစ်တဲ့အခါ မျိုးမှာဖြစ်တက်ပါတယ်။

• အမြင်အာရုံ ဝါးလာတာ၊ ခန္ဓာကိုယ်မှာ သွေးခြေဥတာ၊ ဆီးထဲသွေးပါတာ၊ မယ်လတိုနင်နဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်လာတာတွေက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပြီး အဖြစ်နည်းပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသရပါမယ်။
ကလေးနို့တိုက်နေတဲ့ မိခင်တွေကတော့ ကလေးက ကျန်းမာပြီး ဆရာဝန်က ခွင့်ပြုရင် သောက်လို့ ရပါတယ်။ မယ်လတိုနင် သောက်ထားချိန်မှာ (အိပ်ပျော်နေရင် ကလေးကို ဂရုမစိုက်နိုင်လို့) ကလေးနဲ့ အတူမအိပ်သင့်သလို ကလေးက အရမ်းမှိန်းနေတာမျိုး ရှိမရှိ စောင့်ကြည့်ပြီး အရမ်းမှိန်းနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကို ရပ်သင့်ရင် ရပ်ရပါမယ်။

မယ်လတိုနင်ကြွယ်ဝတဲ့ အစားအစာတွေက ငါး၊ ဥအမျိုးမျိုး၊ ခရမ်းချဉ်သီး၊ စပျစ်သီး၊ ဘယ်ရီသီး၊ ဗာဒံစေ့၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ ပျားရည် စတာတွေ ဖြစ်ပြီး ညဘက်အိပ်မယ့် အခန်းကို အမှောင်ချထားတာကလည်း ခန္ဓာကိုယ်ထဲက မယ်လတိုနင် ပိုမိုထွက်ရှိစေပါတယ်။

မယ်လတိုနင် ဟော်မုန်းဟာ အိပ်ပျော်စေတာအပြင် ခန္ဓာကိုယ်ထဲက free radicals နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ အရိုးတွေကို တည်ဆောက်ကာကွယ်ခြင်း၊ မျိုးပွားခြင်းနဲ့ ကိုယ်ခံအားစနစ် တည်ဆောက်ခြင်းတွေကိုလည်း ကူညီပေးပါတယ်။အခုဆိုရင် မယ်လတိုနင် အကြောင်းကို သိသင့်သလောက် သိပြီထင်ပါတယ်။ အကယ်၍ အိပ်မပျော်လို့ မယ်လတိုနင်ဆေးကို သောက်ချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေကလွဲလို့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။

Author: Dr.Yee Mon

Previous Post

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါလက္ခဏာများ

Next Post

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.